Tuesday 2 April 2013

အင်္ဂုလိ မာလ


ည တုန်းက ပြည့်ပြည့် ကို အင်္ဂုလိ မာလ အကြောင်း ပြောပြဖြစ်တယ်။ နောက်ဆုံး မှာ ဘုရင် က စစ်တပ် နှင့် ဖမ်းတော့ မယ်ဆိုတာ သိတော့ သူသား အင်္ဂုလိ မာလ ကို ထွက်ပြေးဖို့  သူ့  အမေက လာပြောတဲ့ အချိန် အင်္ဂုလိ မာလ ကလဲ ဒီနေ့  လက်ညိုး တစ်ထောင်ပြည့် ဖို့  တစ်ချောင်း လို နေတဲ့ အချိန် အမေ ဘဲဖြစ်ဖြစ် ဘယ်သူဘဲ ဖြစ်ဖြစ် လက်ညိုး ဖြတ်ရ လိုက်မယ် ဆိုတဲ့ နားလဲ ရောက်ရော ပြည့်ပြည့်က ကျမ ကို မေးတယ် လို နေတဲ့ လက်ညိုး တစ်ချောင်းကို အင်္ဂုလိ မာလ က ဘာလို့  သူ့  လက်ညိုး ကို သူ မဖြတ် တာ လဲ ? ? တဲ့  အင်း ဒါလဲ စဉ်းစား စရာဘဲ ၊ နောက်ပြီး ထပ်မေးသေးတယ် အင်္ဂုလိ မာလ လက်ညိုး ဖြတ်တဲ့ အထဲ မှာ သူ့ ကို ချောက်တွန်း တဲ့  classmate တွေ ကော ပါသလား ? တဲ့  ။ ကျမ ငယ်ငယ် တုန်းက အဖွား ဒီ အကြောင်း ပြောပြတုန်းက ဒီလို မစဉ်းစားခဲ့ မိဘူး ။
 
ကျမ ငယ်တုန်းက ဒီ အကြောင်း နားထောင်မိတော့ မနာလို စိတ် များတဲ့   ကျောင်းသား တွေ ရယ် သံသယ ကြီးတဲ့  ဆရာ ရယ် ကြောင့် စာတော်တဲ့  ၊ ထူးချွန် တဲ့  အင်္ဂုလိ မာလ လူဆိုး ဖြစ်သွား ရတဲ့   အတွက် နမျော ပြီး စိတ် မကောင်းဖြစ်မိတယ် ။ ပညာ ရှိ နည်းနဲ့  ပရိယာယ် ဆင်ပြီး  ဒုကပေးတတ်တဲ့ ဆရာ ကို လဲ မုန်းမိ တယ်။ ဘယ်လောက်ဘဲ ဆိုးတဲ့  သူ ဖြစ် ပေမဲ့   ပါရမိ ရှင် ဖြစ်တဲ့  အတွက် သူတော်ကောင်း ဖြစ်သွား တယ် ဆိုတာ ကို လဲ မှတ်သားခဲ့ ဖူးတယ်။ 
 
အခု ကျမ သမီး အတွေး ကတော့ တမျိုး ထူးခြား နေတယ်။ အချိန် ကာလ ခေတ် အခြေအနေ တွေ က လည်း စဉ်းစားတွေးခေါ်ပုံ တွေ ကို ပြောင်းလဲ စေ တယ် ထင်ပါတယ် ။