Saturday 27 July 2013


မရေးတာ ကြာပြီး အဆက် ဆက်ရေး ပါသည်။
http://phomu.blogspot.sg/2012/08/blog-post_18.html


" ဖေါင်းတယ်" " ပိန်တယ်" ကို သေသေချာချာ မှတ်နိုင်သွား ပြီးလျှင် သတိပဋ္ဌာန် တရား ၄ ပါး ထဲ က ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ တရား တပါး ကို မှတ်ခိုင်းပါတယ်။များသောအားဖြင့် ဝေဒနာ က ထင်၇ှားတဲ့ အတွက် ကျမ ကတော့ ဝေဒနာကို မှတ်ပါတယ်။

သို့ နှင့် ကျမ လည်း " ဖေါင်းတယ်" " ပိန်တယ်" မှတ်လိုက် ခြေထောက်နာ တာ မှတ်လိုက် ဟိုနေရာ နာ ဒီနေရာ ယား စသဖြင့် ရှုပ်ယှက်ခတ် နေအောင်မှတ် လိုက်။ ခြေထောက် ဟိုဖက်ပြောင်းဒီဖက်ပြောင်းလိုက်၊ ကြားထဲမှ တောင်တွေး မြောက်တွေး တွေကလည်း အများသား၊ များသောအားဖြင့် တွေးနေတာ တော်တော်ခ၇ီး ရောက်မှ သိရ၏ ။ ဒီလိုနှင့် တနာရီကုန် တဲ့ အသံလဲ ကြားရော ဟူး ဆိုပြီး လွတ်ပြီး ကျွှတ်ပြီ ဆိုတဲ့ စတိုင်နှင့် ခဏထ ၊ ပြီးတော့ စင်္ကြံ လျောက် တယ်။ 

ဒါပေမဲ့ ထူးထူး ခြားခြား ထမင်းစားပြီးအ ချိန် နေ့ ခင်း ၁ နာရီ မှ ၂ နာရီ အချိန်ကတော့ အချိန် ၁ နာရီ လို့ သာဆိုတယ် ခဏလေး နှင့် ပြည့်သွားတတ်တယ်။ ၁ နာရီ  ကြာတယ် လို့  တောင် မထင်ရပေ။ တော်တော် တရားမှတ်လို့ ကောင်းသား ။ ဆရာတော် ထံ တရားလျောက်တော့ ဘယ်အချိန် တရား မှတ်လို့  ကောင်းသလဲ မေးရင် ထမင်းစား ပြီး ထိုင်တဲ့ အချိန် လို့  ဖြေလိုက်သည်။ ကိုယ့်ကိုကိုယ် ထင်နေတာက ငါတယ်ဟုတ်ပါလား အဲဒီ အချိန်ဆို ၁ နာရီ လုံးလုံး စိတ် သိပ် မပြန့် လွင့်ဘဲ သေချာမှတ်နိုင်တယ်ပေါ့လေ။ သို့ သော် ၁၀ ရက် ကျော် ကျော် လောက် ရောက်တော့ မှ အဖြစ်မှန် ကို သိရ၏ ။ 

အဲဒီနေ့ က တရားထိုင်ကောင်းတဲ့ အချိန် ထမင်းစားပြီး အချိန်  နေ့ ခင်း ၁ နာရီ ကျော်ကျော် လောက်မှာ ပေါ့ ခေါင်း မှာ ရုတ်တရက် ပူ ခနဲ ခံစားရပြီး လန့် သွားသည်။ ဒီ ဝေဒနာ ထူးခြားပါကလား ငယ်ထိပ်တဲ့တဲ့ မှာ မှ ရုတ်တရက် ထူပူသွားပါလား တွေးနေတုန်း နောက်ထပ် တခါ ခေါင်းမှာ ပူခနဲ  ဖြစ်သွားပြန်တယ် ၊ နောက်ပြီး အသံ တသံကြားလိုက်သလို နှင့်  မျက်လုံးလဲဖွင့်ကြည့်လိုက်တော့၊ 

 အမလေး ရှေ့တည့်တည့် မှာ ဓမ္မာ ရုံစောင့်တဲ့ ဦးပဇင်း လက်ထဲမှာ သံပေတံလဲ ကိုင်ထားသေးတယ်။  နောက်ပြီး ကျမ ကိုပြောတယ် " ဆရာလေး အိမ်မငိုက် နှင့် တရားသေချာမှတ်"  တဲ့ ၊ ကျမလဲ သူခိုး လူမိ သလို့  ၇ှက်သွားပြီး တောင်ကြည့်မြောက်ကြည့် လိုက်မိတယ် ။ ဘေးက သူတွေ အားလုံး မျက်စီမှိတ်ထားတာတွေ့ တော့ မှ စိတ်သက်သာ ရာရသွားတယ် ။ 
ဒါပေမဲ့  ဘေးကပ် လျက် ကျမ နှင့် ရွယ်တူ သီလရှင်လေးကတော့ မျက်စီသာ မှိတ်ထားတယ် ပါးစပ်က ပြုံးနေသလိုဘဲ ။ 

တနာရီပြည့် လို့  ခဏ နားတဲ့ အချိန်လဲ ရောက်တော့၊ ဒီနေ့ က အရင်နေ့ တွေလို ခဏလေး မဟုတ်ပါလား၊ တော်တော်ကြာသားဘဲ ။ အင်း ငါတော့  နေ့ တိုင်းများ ဒီအချိန်ဆို အိပ်ငိုက်နေ သလားဆိုတာ သံသယ ၀င်သွားတာနှင့်
" ငါနေ့ တိုင်း အိပ်ငိုက်နေလား " လို့  ဘေးက သီလ၇ှင်ကို မေးမိတယ်။ ( အဲဒီ သီလ၇ှင် ကနောက်တော့ ကျမ နှင့် တော်တော် ခင်တဲ့ သူငယ်ချင်းဖြစ်သွားတယ် ) ။ 
သူမက - " နင်ဒီအချိန်ဆို အမြဲ အိပ်နေတာဘဲလေ " တဲ့  ။ သွားပါလေရော
သြော် အဲဒါကြောင့် ငါထင်နေတယ် ဒီအချိန်တွေ ဆို ခဏ လေးနှင့် တနာရီကုန်ကုန် သွားတာ လက်စသတ်တော့ တနာရီလုံးလုံး ငါအိပ်နေခဲ့တာကိုး 
အဲဒီတော့မှ  အဖြစ်မှန်ကို သိလိုက်ရ၏ ။ ကျမ အဖြစ် ကို တွေးပြီး ရယ်လိုက်မိသေးတယ် ။

ကျမ သူ့ ကို ပြန်မေးလိုက်တယ် နင်ရော အိပ်မငိုက်ဘူးလားဆိုတော့ " ငါလား ဒီအချိန်ဆို ရင် မျက်လုံးလေး နည်းနည်း ဖွင့်ပြီး အိပ်ငိုက်တဲ့ သူတွေ ကိုလိုက်ကြည့်နေတာ ၊ တအားရယ်ရတယ် သိလား ငါ့ရှေ့ ကရော ဘေးကရော တော်တော်များများ အိပ်ငိုက်နေတာ စနယား ခလုတ် တီးနေသလို ဘဲ တစ်ယောက်က ငိုက်ပြီး ခေါင်းစိုက်သွား လိုက် တစ်ယောက်က ခေါင်း ပြန် ထောင်လာလိုက်နဲ့  ဟီးဟီး " တဲ့ 


( တချို့  အိပ်မငိုက်ဘဲ သေသေချာချာ တရားမှတ်သူများလဲ ရှိပါသည်။ ) 

အဲဒီ နေ့ က စပြီး အဲဒီ အချိန်ရောက်ရင်  အရင်နေ့ တွေလို ခဏလေး နှင့် တနာရီ ကုန်သွားတဲ့  အဖြစ်မျိုး မဟုတ်တော့ပေ။


ဆက်ရန် ။


Friday 12 July 2013

ဒီနေ့  အတွေး

ခု တလော
ကြာတောင်ကြာပါပြီ

ရီရီ မောမော ပေါတောတော တွေ မရေးဖြစ်တော့တာ

လောကကြီးကို စိတ်ပျက် နေတာနဲ့  စိတ်သက်သာလို သက်သာငြား ဘုရားတရား ဘဲလုပ်တော့ မှ ဆိုပြီး ဘုရားတရား ဖက် အာရုံ စိုက်ကြည့်နေတာပါ။

သို့ သော် ကျမ ပါရမီ ကလည်း အဲဒီလို တည်တည်တံတံ လုပ်လဲ သိပ်ကြာကြာ မခံ ပါဘူး။ နောက် တော့ ဒုံရင်းပါဘဲ။

ဘာလို များ လောက ကြီး စိတ် ပျက် သလဲဆိုတော့

နည်းနည်းတော့ ကြီးကျယ် ခမ်းနားတယ် :D

စိတ်နုလုံး ညစ်ညူး နေရခြင်း အကြောင်းရင်းများ ကား

အရင်တုန်းက မြန်မာ ပြည်ကြီး ကို မျော်လင့်ချက်တွေ အကြီးအကျယ် ထားခဲ့ မိတယ် ။ ရင် ဘတ် ထဲ က နက်နက် ရှိုင်းရှိုင်း ချစ်ခဲ့မိတယ်ဆိုပါတော့ ၊ အခုတော့ ငါ ငပေါ ဖြစ်ရပြီပေါ့ကွယ်။


အမျိုးထဲ မှာ အရင်း တွေ ရော၊ အဖျားတွေ ရော အပါအ၀င် ပေါ့၊ ၀န်ထမ်းတွေ အများကြီး၊  စစ်တပ်၊ ရဲ ၊ လ၀က စသည့်  ရေပန်းစားတဲ့  ၀န်ထမ်း အမျိုးအနွယ်တွေလည်း ရှိပါ့ ။

သို့ သော်လည်း ကျမ သည် ဆွေမျိုး မျက်နှာမှ မထောက်ဘဲ အမေ စု ကို အချစ်ကြီး ချစ်ခဲ့ သူပါ။ သူမ ကို အစဉ် တစိုက်အားပေးနေသူပါ။ ( ချွှင်းချက် ။ ဆွေမျိုး တော်တော်များများက လည်း ၀န်ထမ်းသာ လုပ်နေတာ နိုင်ငံရေး စိတ်ဝင်စား သူတွေ မရှိသလောက်ဘဲ၊ အေးအေးဆေးဆေး နေကြသူတွေများပါသည်။ ဒါပေမဲ့  အမေ တော့  ၀န်ထမ်းဖြစ်ပေမဲ့  ကျမ နှင့် ရင်ဘတ်ချင်းတူတယ်။ သူလဲ တစ်ရုံးလုံး နှင့် တစ်ယောက် ပေါ့ ။ )

သူမ ကို ချစ်တယ်ဆိုတာ လည်း မြန်မာ ပြည် တိုးတက်ဖို့  ပြည်သူတွေ ကောင်းစားဖို့  သူမ လုပ်နိုင်တယ်လို့  ယုံကြည်လို့ ပါပဲ။

ဒီလို နဲ့  လက်ပံတောင်လို အရေးအခင်းလဲ ဖြစ်ရော ကျမ အကြီးအကျယ် ရှော့် ရခဲ့ပါတယ်။ သာမာန်ပြည်သူတွေ သူမ ကို ဆဲဆိုနေတာ မြင်တော့ ကျမ အဲဒီည က အိမ်မပျော်ခဲ့ ဘူး ၊ စိတ်မကောင်းဖြစ်တာရော ၊ စိတ်ပျက်တာရောပေါ့ ။

နောက်အခု ဖြစ်ပျက်နေတဲ့  အရေးအခင်းတွေ မှာ သူမ ကို အမျိုးစုံ ပြောကျ ဆိုကျ တာပေါ့လေ။
သူမ ကို ဘယ်သူတွေ ကများ ရည်ရွယ်ချက်ရှိရှိ ပရိယာယ် နှင့် အကွက်ဆင် ချောက်ချ နေကြပါလိမ့် လို့ တွေးမိတယ် ။

ဒီအ ကွက် က ရိုးတယ်ဆို ပေမဲ့  ever အသုံးဝင်တဲ့  ဂျိုကာ ကွက် ဖြစ်နေပုံရတယ် ၊ အခုလဲ သိကြ  မြင်ကြ တဲ့ အတိုင်းပါဘဲလေ။ စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ပေ။ 

သို နှင့်ကျမ လည်း လူတွေကို စိတ်နာနာ နှင့် အားလုံးကို ပြည်ဖုံးကားချပ် ချပြီး
ဘယ်သူတွေ ဘာဖြစ်ဖြစ်
ငါရယ် ၊ ငါ့ သားသမီး ၊ ငါ့ မိသားစု ၊ ငါ့ဆွေမျိုး တွေ အဆင်ပြေဖို့ ၊ ထမင်းမငတ်ဖို့  အရေးကြီး ဆုံး ဆိုတဲ့  ဆောင်ပုဒ် ကို ကျင့်သုံးလျက်သာ နေပါတော့တယ်။

ဒီကျင့်စဉ်က လည်း ရိုးတယ် ဆိုပေမဲ့ လက်တွေ့ အကျဆုံးဘဲ ။

ဒီမျှသာ 
 


  

Sunday 7 July 2013

ဒီနေ့  အတွေး


မရေးတာ ကြာပြီး

ဒီတခါ လည်း ၀င်ပါအုံးမှ 

ဘာသာ ရေး နှင့် ပတ်သက်ပြီး အဓိက နှင့် သာမည အကြောင်း စဉ်းစားမိတာ လေးပါ။

ဘုရား ဟော တရား အနှစ် ချုပ် ၀ိပသာနာ အကြောင်း သိသလောက် ရေးကြည့် လိုက်အုံးမယ်

တရား ရိပ်သာ ၃ ကြိမ် ၀င်ဖူး တယ် ၊ မဟာစည် မှာ ဘဲ ။ နေ့စဉ် တော့ တရား မထိုင်ဖြစ်ပါ ။ စိတ်ကူးပေါက် ရင် တော့ နာရီ ၀က် တနာ ရီ အိမ်မှာ ထိုင် ဖြစ်တယ် ။ ၄ ၅ ရက် ထိုင်လိုက် ပြတ် လိုက် ပြန် ထိုင်လိုက်ပါ ။
တရား ထိုင် တယ် ဆိုသော်လည်း
ကျမ တွင် နဂို ကတည်းက ဘာဘဲ လုပ်လုပ် သေချာ မလုပ်တတ်တဲ့  အကျင့် ရှိတာက တစ်ကြောင်း ၊ ပါရမီ အခံ နိမ့်တာ ရယ် ကြောင့် အမည်ခံ တရားထိုင် တယ် ဆိုရုံသာ  ခရီး ကတော့ မရောက်ပေ။
သို့ သော် သံသရာ မှာ  အထုံပါရမီ ရလိုငှား ရငှားပေါ့လေ ဒီလို ယောင်ဝါးဝါးနှင့် ရသလောက်တော့ တရား ထိုင်ဖြစ်ဖို့  ကြိုးစားကြည့်တာဘဲ ။

ကျမ အမျိုးသား လည်း  တရား ရိပ်သာ တွေ ၀င်ဖူးတယ် ။
နောက်ဆုံး ၀င်ထားတဲ့ ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ တရား စခန်း အပြန် မှာ သူ့  အတွေ့ အကြုံ  နားထောင်ဖြစ်တယ် ။
လူတဦးချင်းစီ ၏ အခြေခံ ပါရမီ အပေါ်မူတည်ပြီး ရရှိတဲ့ ဝိပသာနာ ဥာဏ်စဉ် ကွာ နိုင်ပါတယ်။ ပါရမီ မြင့်တဲ့  တချို့ သူတွေ စိတ်ကို ပိုထိန်းချုပ်နိုင်တယ် ၊ ပြောတာ ဆို တာ တွေးခေါ်တာ တွေ က   အစွန်းလွတ်တယ်၊ အစွဲ လွတ်တယ် ။
ကျမ ဆိုရင် တခါတရံ အသိမကပ် မိတဲ့ အခါ ကိုယ့် ခံစား ချက် ၊ ကိုယ့် စိတ်အခံ နှင့် လိုရာဆွဲတွေး ၊ လိုရာ ဆွဲ ပြောတတ်တဲ့ အကျင့်ရှိတယ်။

သူပြောပြတာ ကို လိုရင်းပြောရမယ်ဆို ရင်တော့
ဂိုအင်ကာ တရား စခန်း မှာ လူမျိုး ဘာသာ တွေ အစဉ်အလာ တွေ ဆိုတာ ထက် ၀ိပသာနာ သန့် သန့်  ကို ဘဲ အလေးထားတယ် ။  ယောဂီ အသစ် က ငါးပါးသီလ ၊ ယောဂီ အဟောင်း က ရှစ်ပါး သီလ တော့ စောင့်ထိန်းရတယ်။
ထွက်လေ ၀င်လေ ကို ဘဲ အစ ပိုင်းမှာ ၃ ရက်လောက် သမထ အနေ နှင့် သမာဓိထူ ထောင် ခိုင်းတယ် နောက်တော့ ၀ိပသာနာ ကို ကူးတယ်။ အပိုဆာသာ တွေ ဖယ်ပြီး အဓိက အနှစ် ချုပ် ကို ဘဲ လုပ်ခိုင်းတယ်။ ကျမ အပါအ၀င် ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ မှာ မ၀င် ဖူး သူတွေ အဆင်ပြေရင်  ၁၀ ရက်လောက် တရားစခန်း ၀င်ကြည့် မယ်ဆိုရင် အသုံးဝင်တဲ့ အသိထူး ရမှာပါ။

နောက် ပြီး
လူတိုင်း သတ္တ၀ါ တိုင်း ဆို ပိုမှန် မယ် ထိတွေ့ သမျှ အာရုံနှင့် ပတ်သက်လာ ရင် အထုံ အဥာဉ် အတိုင်း ( လုပ်နေကြ အတိုင်း ) အလို အ လျောက်တုံပြန့်  လေ့၇ှိတယ် တယ်။ လှတာမြင်ရင် ကြိုက်တယ် ၊ အနိဌာရုံမြင်ရင် စိတ်ဆင်းရဲတယ် ၊ အမြင်ကပ်သူတွေ့ ရင် ဒေါသထွက်တယ် ဆိုတာ တွေ ဟာ သံသရာ အဆက်ဆက်  ဖြစ်နေကြအတိုင်း Audomatic တုံပြန့် ပြီးသား ၊ အဲဒီလို ကိလေသာ တွေ ဖြစ်တိုင်း ဖြစ်တိုင်း ၀ိပသာနာ နှင့် မထိန်းချုပ် သမျှ တဖြည်းဖြည်း ကိလေသာ ထုတွေ ထူထူ လာတယ်။  နေ့ စဉ် ကြုံလာသမျှ အာရုံ အစုစု ကို ( no attach no reject ) ဥပေ က္ခာ စိတ် နှင့် ကြည့် နိုင်မယ် ဆိုရင် ကိလေသာ နည်း ပါး သွား နိုင်တယ် ။ ဘုရား ဟော တဲ့  အဓိက လို ရင်းကလည်း သတ္တ၀ါ တွေ ကိလေသာ ကျဲပါးပြီး သံသရာ က လွတ် ဖို့ ပါဘဲ။ အစွန်း မရောက် အစွဲကင်းပြီး တွေးကြည့် မယ်ဆို ရင် လက်တွေ့  ဘ၀ မှာ လဲ အနည်းဆုံး စိတ်ပင်ပန်းမှုသက်သာစေတယ်။
ဥပေ က္ခာ  စိတ် နှင့် မကြည့်ဘဲ  အစွန်း ရောက် ၊ အစွဲ ကြီး တဲ့ တွေးခေါ် လုပ်ရှား မှု မှန် သမျှ  ကတော့ သံသရာ ရှည် သထက်ရှည် စေပါတယ် ။ ဘာသာ ရေး အမည်ခံ အပေါ်ယံ တွေ ထက် မြတ်ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ် အနှစ် တရား စစ်စစ် ကို သိသူ ကျင့်သူ များ  ပြန့် ပွား လာပါစေလို့  လေးလေး နက်နက် ဆုတောင်းမိတယ်။