ကျမ သမီး နှင့် စာကြည့် သွားပြီး စာအုပ်သွား ငှားစဉ်
စာကြည့် ကလေး ၊ လူကြီး စသဖြင့် level
ခွဲ ထားတဲ့  အပြင် ကလေး အထပ် စာအုပ် စဉ်တွေမှာ lebal တပ်ပြီး အသက် အလိုက် ထပ်ခွဲ
ထားတာလေး သတိထား မိတယ်။ ဒါလေးတွေ့ တော့ ကျမ ငယ်တုန်းက အဖြစ်ကို သတိရမိတယ်။
ကျမ ငယ်စဉ် အဖိုးအဖွား နှင့် အတူ ရှိချိန်ကို သတိရမိတယ်။ အဖိုးက စာအုပ် ဖတ်တာ ရော စုတာ ရော တော်တော် ၀ါသနာသည်။
ကျမ ကတော့ ဖတ်တာတော့ ၀ါသနာ ပါသည်။ စာအုပ်တွေ တော့ မစုဖြစ်ပါ။ သိမ်းရ မှာ အပျင်းထူတာရယ်
၊ လူတွေ တောင် အနိုင်နိုင် ဟိုပြောင်း ဒီပြောင်းနေနေ
ရတဲ့ ဘ၀ဆိုတော့ ဖြစ်နိုင်ရင် ငှက်တွေ လို ပေါ့ပေါ့ ပါးပါး ပျံသန်းပြီး ရောက်ရာ အရပ်
မှာ အသိုက်ဆောက်ပြီး နေချင်တာ :) ( တကယ်တော့ အပျင်းကြီးတာပါ )
အဖိုးမှာက သူစုထားတာ စာအုပ်
ဗိရို ၄ လုံး လောက်ရှိတယ်။ များသောအားဖြင့် English လို များတယ်။ နောက်ပြီး ဘုရားစာအုပ်တွေ
၊ ၅၅၀ နိပါတ်တော် ဇာတ်ကြီး ၁၀ ဘွဲ့  စသဖြင့်ပေါ့။ အဲထဲမှာ သူများတွေ လက်ဆောင်ပေးတဲ့
တက်ကျမ်းတွေ ရှိတယ်။ ဆရာနန္ဒာသိန်းဇံ၊ ဆရာ ဖေမြင့် စသည်များပေါ့။
ကျမမှာ ငယ်ကတည်း က လူအထင်ကြီးတာ ခံချင် တဲ့ စိတ်၊ အမြှောက်
ကြိုက်တဲ့ စိတ် သူများထက်ပိုလေသည်။ အဲဒါကြောင့် အဖိုး
အဖွား နှင့် ဆွေမျိုးများ အထင်ကြီးလို ကြီးငြား အတွေးနှင့် အဖိုးစာအုပ်တွေ ဖတ်ရန် အကြံရလေသည်။ စာအုပ်တွေထဲက English လိုရေးတာတွေလဲ မဖတ်တတ်တော့ ရှာရင်း ဖွေရင်း ဆရာ ဖေမြင့် ရေးတာ စာအုပ်ကို သွားဖတ်မိတယ်။
စာအုပ်နာမည် က “ အပြောင်မြောက်ဆုံး ဘ၀ တခု တည်တောက်ခြင်း " ဆိုတာ
ဘဲ ။ အဲတုန်းက ၆/ရ တန်း လောက်ဆိုတော့ အသက်က
၁၂/၁၃ နှစ်လောက်ဘဲ ရှိသေးတော့ မြန်မာ လို ရေးထားတာတောင် တလုံးမှ နားမလည်ပါ။ ဘာရေးထားမှန်းလည်း
ကွဲကွဲပြားပြား မသိပေ။ စာအုပ်ထဲမှာ ရေးထားတဲ့ လူနာမည်တွေ ကလည်း တခါမှ မကြားဖူးပါ လင်ကွန်း တယောက်ဘဲ
သေချာ သိခဲ့ တယ်။ ဟိုလှန် ဒီလှန် လျှောက် ကြည့်ရင်း စာအုပ်ခေါင်းစဉ်တွေ ထဲက တခု ‘ ကြောက်သည့် အရာကို ရဲရဲ ရင်ဆိုင်ပါ
‘ ဆိုလား အဲဒီ တခုတော့ နားလည်သလိုရှိတာနဲ့  သေချာမှတ်ထားလိုက်သည်။
နောက် တ နေ့  ကျတော့ ဆွေမျိုး တွေ ၀မ်းကွဲ မောင်နှမ တွေ နဲ့  အိမ်နှင့်
သိပ် မဝေးတဲ့  ရွာ အရှေ့ဖက် က စေတီ တည်ထားတဲ့  တောင် ပေါ် သွားလည် ကြတယ်။ တောင်က နည်းနည်း
မြင့်တယ် ။ နောက်ပြီး တောင် အနောက်ဖက်မှာ တက်လမ်းက ပြေပြေလေး ၃၀ - ၄၀ ဒီဂရီ အစောင်း
လောက်တော့ ၇ှိတယ်။ သို့ သော် တောတောင် တွေ များ တဲ့ နေရာ မှာတော့ လမ်းပြေတယ် ခေါ်ရမှာဘဲ။ တောင် အရှေ့ ဖက်က တော်တော် မတ်စောက်တယ် ၊ အဲဒီ ဖက် က ဖြတ်လမ်း လို့  လမ်းကျဉ်းကျဉ်း
ကွေ့ ကောက်ကောက်လေးဘဲ ၇ှိတယ်။ အဲ တာ မတ်တပ် ရပ်ပြီး ဆင်းလို့  မရတဲ့ အထိ ကို မတ် တယ်။
အပြန် ခရီးမှာ လူကြီးတွေက ပုံမှန်လမ်းက ဆင်းသွားကြတယ်။
ကျမ ဦးဆောင်တဲ့  ကလေး တစ်သိုက် က အမျိုးစုံ ဆော့ ပြီး ခုဏ က ဖြတ်လမ်းကို ရောက်သွားကြတယ်။
အ ပေါ် ကကြည့် တော့ တော်တော် မတ် စောက်နေတော့ တခြား ခလေးတွေ က မဆင်းရဲ ဘူးဆိုပြီး ပြန်လှည့
်သွားကြတယ်။
ကျမ ကတော့ ထုံးစံအတိုင်း သူရဲကောင်း
တော်တော် လုပ်ချင်တာ ဆိုတော့ တယောက်ထဲလဲ ဆင်းမယ် လုပ်ရော ၊ သေချာ ဆင်းမလို့ လုပ်တော့
ဆင်းရမှာ တော်တော်ကြောက်သွားတယ်။
အဲဒီ အချိန်မှာ ခုဏ က ဆရာ ဖေမြင့် စာအုပ် သွား သတိရ မိတယ်။ ‘ ကြောက်သည့်
အရာကို ရဲရဲ ရင်ဆိုင်ပါ ‘ ဆိုတာ အဲတာ နဲ့  ငါ လည်း ကြောက် မနေတော့ဘူး ရဲရဲ ရင်ဆိုင်
ရမယ်ဆို ပြီး ဆုံးဖြတ်ချက် ချ လိုက်တယ်။ ( အဲဒီလို ငယ်ကတည်းက ပေါသွပ်သွပ်ရယ် :D )
ဒါနဲ့  ဟို သစ်ကိုင်း ဆွဲ လိုက် ဒီ သစ်ကိုင်း ဆွဲလိုက် နဲ့  ဖြေးဖြေး ဆင်းလာတာ ဟုတ် လို့  ၊ လမ်း တစ်ဝက်လဲ ရောက်တော့ ၀ါးပင်တွေ ကြားမှာ ဆိုတော့ ၀ါးရွက်တွေ နဲ့  ချော ပြီး အောက် လျောကျ သွားတာ စကိတ် စီးတာ ထက်တောင် မြန်သေးတယ်။
ဒါနဲ့  ဟို သစ်ကိုင်း ဆွဲ လိုက် ဒီ သစ်ကိုင်း ဆွဲလိုက် နဲ့  ဖြေးဖြေး ဆင်းလာတာ ဟုတ် လို့  ၊ လမ်း တစ်ဝက်လဲ ရောက်တော့ ၀ါးပင်တွေ ကြားမှာ ဆိုတော့ ၀ါးရွက်တွေ နဲ့  ချော ပြီး အောက် လျောကျ သွားတာ စကိတ် စီးတာ ထက်တောင် မြန်သေးတယ်။
တောင်အောက် ဘယ်လို ရောက်သွားမှန်းကို မသိလိုက်ရ ၊ သတိ ရ လိုက်တော့ တောင်အောက်မှာ ၀ါးရွက်တွေကြား ထဲ မှောက် ယှက် လဲ နေမှန်း သိလိုက်ရတယ်၊
အဲ တာနဲ့  အမြန် ကုန်းရုန်းထ ပြီး သူများတွေ နောက် အမှီ လိုက်ပြေး မယ် အကြံ ဒူး နှစ်ဖက် သွေးတွေ ရဲ ပြီး စီးကြနေတော့ ဘေးနားက သစ်ရွက်ခူးပြီး သုတ်လိုက်သေးတယ်၊
အဲဒီ အချိန်ထိ သွေးပူနေတော့ မနာသေးပါ။ နောက် ပြီးထော့နဲ့ ထော့နဲ့  နှင့် အိမ်ပြန်ရောက်လာတယ်၊
အိမ်လည်း ရောက်ရော အဖွား ဆူလိုက်တာ မပြောတော့နဲ့  နောက်ပြီး အနာ ကို ရေဆေးပြီး ဆေးထည့်တာ
ဒူး တဖက် က အရေခွံ လန်သွားတာ တော်တော်များ တယ် ကပ်ကျေးနဲ့  ညှပ်ပြီး ဆေးထည့်ရတယ်၊
အနာက တော်တော် ကြီးပြီး တော်တော်နဲ
့ မကျက်တော့ ကျမ မှာ တလလောက် ရေချိုးမယ်ဆို ဒူး နှစ်ဖက် ကို ပလပ်စတစ်အိတ် ချည်ချည် ပြီး
ရေချိုး ခဲ့ရသေးတယ်။ အဲဒီလို မစဉ်းမစား မဆင်မခြင် ပေါက်ကရ ခဏခဏ လုပ်ခဲ့ဖူးသည်။ ကြောက်တဲ့ အရာ ကို ရဲရဲ ရင်ဆိုင်မိတဲ့ ဒုက္ခ က လည်း မသေးပေ။
အခုထိ ဒူးမှာ သေရာ ပါ အမာရွက် က ရှိသေးတယ်။ ဒီကြားထဲ အဖွားက အမာရွတ်တွေ များတဲ
့ ကျမ ကို နင် ကြီးရင် လှယဉ်ကျေးမယ် ဖြစ်တော့ မှာ မဟုတ်ဘူးတဲ့ :D
ဘယ်လို ဘဲ ဖြစ်ဖြစ် “ အပြောင်မြောက်ဆုံး ဘ၀ တခု တည်တောက်ခြင်း”
စာအုပ်သည် အဲဒီတုန်းက ကျမကို တစ်လွဲတစ်ချော် ဖြစ်စေ ခဲ့ ပေမဲ့  နောက်တော့ ကျမ အတွက်
စိတ်ဓါတ် ခွန်အား အများကြီး ရစေခဲ့ပါတယ်။ အဲဒီ စာအုပ် ပထမ ဆုံး ဖတ်ဖြစ်တာ မှတ်မှတ်
ရရပါ။ နောက်တော့ ဆရာဖေမြင့် စာအုပ်တော်တော်များများ ၀ယ်ဖတ်ဖြစ်ပါတယ်။
No comments:
Post a Comment