myself လို့ ပေါ့ About me ကို I ကိုယ်တိုင် ရေးတာ ဆိုတော့
ကောင်းတာပြောပြန်တော့ ကိုယ်ဂုဏ်ကိုဖေါ် မသူတော် ဖြစ်မှာ
စိတ်ပူရ တယ်
မကောင်းတာ ပြောပြန်တော့လည်း ကိုယ်ပေါင်ကိုယ် လန်ထောင်း
တယ် ဖြစ်ပြန် အုံးမယ်
ဒီတော့ 
balance ဖြစ်အောင်ပြောရတာပေါ့ :D
တကယ်လို့  တစ်စုံ တယောက်က ကျမ ကို
ခပ် ဝေးဝေး က ကြည့်မိတဲ့ အခါ
ကိုယ်ဂုဏ်ကိုဖေါ် ရရင် တော့ ဆရာမကြီးလိုလို ပေါ့ :D
ကိုယ်ဂုဏ်ကိုဖေါ် ရရင် တော့ ဆရာမကြီးလိုလို ပေါ့ :D
( မျက်မှန် လည်းတပ်ထားတယ် အသားဖြူဖြူ ၀၀ ကလေးဆိုတော့
ဆရာမ ပေါ့ :D တချို့ က ဆရာဝန်မ ထင်တဲ့သူ ၇ှိသေးတယ် : )
အနီးကပ် တွေ့ လိုက်ရတော့
သဘော ကောင်းတဲ့ ပုံလို့  ထင်ရပြန်ရော
သဘော ကောင်းတဲ့ ပုံလို့  ထင်ရပြန်ရော
( ဒီ အချက်က တော်တော်မှန်ကြောင်း ဥပမာ ပြောလို့ ရတယ် ။ ဘာလို လဲ ဆိုတော့ ဘယ်သွားသွား လမ်းသွားလမ်းလာ
လမ်းရှာ အိမ်ရှာ သူများ၏ လမ်းမေးတာ နေရာ မေးတာ
ခဏခဏ ခံရဖူးတယ် ဆူးလေ ဘုရား ဘယ်နားမှာလဲ စသဖြင့်ပေါ့ ဒါကတော့ သေချာတယ် သဘောကောင်းတဲ့
ရုပ် မ လို့  မေးကြတော့ပေါ့ မဟုတ်ဘူးလား :) ဒီ
ပါရမီက မြန်မာ ပြည်တင် မက ဘူး စင်္ကာပူ ရောက်တာတောင် လာမေးတဲ့ သူများသား ၊ တချို့ က တရုတ်လို
့မေးကြတယ် တချို့ က ဘို လို မေးကြတယ်။ ရောက်စ ကတော့ အူကြောင် ကြောင် နှင့် ဖြေချင်ရာ
ဖြေ မိ သေးတယ် နောက်တော့ မဖြစ်ပါဘူး ကိုယ် အသုံးမကျတာ နဲ့  သူများကို ဒုက္ခ ပေးသလို ဖြစ်မှာ
စိုးလို့  ( သဘောကောင်းတာလေ ) go
straight, turn left, turn right, behind, across, near, overthere, overhere စသဖြင့်
အိမ်က သမီး ကျောင်းစာ အုပ်ထဲ ပြန်ကြည့်ပြီး အသေ ကျက်ထားရတယ်။ )
ဒါနဲ့  ဆက်ပြီး စကား ပြောကြည့် လိုက်တော့
အူကြောင်ကျား မှန်း သိသာ သွားတယ်။
အူကြောင်ကျား မှန်း သိသာ သွားတယ်။
( မေးတာ တခြား ဖြေတာ တခြား နှင့် ပြောချင်ရာ ပြောတာဆိုတော့၊
ကျမ က နား တဖက် မကြားတာ အကြောင်းပြပြီး ဖြေချင်ရာဖြေတတ်တယ် သို့ သော် ခြေကျိုး လက်ကျိုးက
အပြင်ပန်းက မြင်နိုင်ပေမဲ့ နားမကြားတာက တော်တော်ခက်တယ်
ကျမ နားတဖက် မကြားပါလို့  နဖူးမှာ စာရေးထားလို့  မှ မရဘဲ :D , နားကြားတုန်းကလဲ သိပ်မထူးပါဘူး
ဒီလို အူကြောင်ကြောင်ပါဘဲ )
အပေါင်း အသင်း လုပ်ကြည့်ပြန်တော့
မဆိုးပါဘူး ရိုးရိုးသားသား စိတ်ထား ကောင်း သူလေးပေါ့
မဆိုးပါဘူး ရိုးရိုးသားသား စိတ်ထား ကောင်း သူလေးပေါ့
( နည်းနည်း ခင်သွားတာနဲ့  ဘုရား တရား အကြောင်း
သိပ်ပြောတာဆိုတော့၊ ဘာပြောပြော စိတ် လည်း မဆိုးတတ်ဘူး ၊ တကယ်တော့ အကင်းမပါးတာ သူများ
ဘယ်လို့  အထာနဲ့  ပြောမှန်း မသိ တော့ အမြင်ကပ်ပြီး နာအောင်ပြောမှ ဆိုလဲ နာရကောင်းမှန်း
မသိပေ ( မနေနိုင်တဲ့ အိမ်က ညီမတွေ က အမြဲ ဘာသာ ပြန်ပေးရတယ် ) ကိုယ်ဘာသာကိုယ်ဆို ဒဲ့  မပြောလို့ ကတော့ လုံးဝ နားမလည် ပေ )
ကြာကြာ ပေါင်းကြည့် တော့မှ
ရိုး သလို အ သ လို နှင့် လူလည် မ ပါလား လို့  သိလိုက်ရ ပြန် တယ်။
ရိုး သလို အ သ လို နှင့် လူလည် မ ပါလား လို့  သိလိုက်ရ ပြန် တယ်။
( လူမုန်း မခံ ရအောင် ဘယ် သူ နှင့် မှ အတိုက် အခံ
မပြောပေ ၊ လူအများ အကြိုက်လိုက်ပြောတတ်တယ် လေ ၊ (အရင်ခေတ်) အစိုးရ ၀န်ထမ်း လုပ်လို့  ကတော့ မြန်မြန်
ရာထူးတက်မှာ သေချာတယ်။(ဒီခေတ်တော့ ဘယ်အခြေအနေရှိလဲ သေချာမသိပါ)
လူတိုင်း နှင့် အဆင်ပြေမှ အနေအစား ချောင်တာ၊ အိမ်မှာ လဲ ယောကျာ်း အကြိုက် လိုက်ပြောတော့ အပျင်းကြီးပြီး ထမင်းမချက်လဲ အဆူအပြော မခံရဘူး ဟင်းမကောင်းလည်း OKတယ်၊ သုံးချင်ရာသုံး လဲ no problem :D တိုင်းပြည် မှာ ကျမ လို လူများရင်တော့ ဒုက္ခ ဘဲ )
အင်း အဲတာ ကြောင့် ရှေးလူကြီးတွေက ပြောတာပေါ့ လူတစ်ယောက်ကို ဝေဖန်မယ် အကဲဖြတ် မယ် ဆို အဆုံး အထိကြည့် ၊ အဆုံး အထိကြည့် လို့  ဆုံးမခဲ့ ကြတာပေါ့ :-)

ချမ်းမြေ့ကြပါစေ။
အရမ်းဖတ်လို့ကောင်းပါတယ်...လာလည်သွားပါတယ်
ReplyDeleteဆန်းစနေ၀န်း ကျေးဇူးတင်ပါတယ်ရှင်။
ReplyDeleteကိုယ့်ဘာသာ လူလည်မကြီးမှန်း သိသွားဘီ.. ဘယ်သူနဲ့ မှ အတိုက်အခံလုပ်မပြော....
ReplyDelete