အလုပ် နား ထား ပြန် သည်။ သို့  နှင့် တနေ့  တနေ့  online တက် ကာ အချိန် ဖြန်း မိ၏
။ Facebook ကို များ စဖွင့် မိ တာ နဲ့  အချိန် တော်တော် ကုန်ပါလား ၊ ကိုယ့် စိတ် နှင့် မတွေ့ တာ၊ အယူအဆ မတူ တာ တွေ ဖတ် မိ လို့  ကတော့ အကုသိုလ် နေရင်ထိုင်ရင် မနည်း မနော ရနိုင်သေး၏ ။ အိမ်က ယောကျာ်း က တိုး တက် ရာ တိုး တက် ကြောင်း မလေ့လာ ဘဲ online မှာ အချိန် ကုန် နေတာ ကို သဘောမကျပေ။ သို့ သော် စပ်စုတတ် သော ကျမ သည် အားလျှင် ကြည့် နေမြဲ ပင်။
သို့  နှင့် ကျမ စဉ်းစား မိသည်။
လူတယောက် ထဲ ( လူမျိုး စုံ ၊ ဘာသာစုံ ၊ ပါတီ စုံ၊ နေရာ အစုံ ....... အမျိုးမျိုး ) facebook Account 100 လောက်ဖွင့်ပြီး ကိုယ့် Account အချင်းချင်း အပြန်အလှန် ရန်ဖြစ်လိုက်၊ ထောက်ခံ လိုက် share လိုက် like လိုက် လုပ်နေကြတာ ၇ှိ မှာ ဘဲ ၊ ဒီ လို ရှိ နိုင် တယ် ဆို တာ စဉ်းစား ဥာဏ် ရှိတဲ့  သူ တော်တော် များများ သိကြမှာပါလေ ။
သတင်း ဂျာ နယ် ၊ နာ မည် ကြီး page တွေ မှာ လဲ
ထို့ ကဲ့  သို့  လူတစ် ဦး တစ်ယောက် တည်း မင်းသား ဖြစ်လိုက် လူကြမ်း ဖြစ်လိုက် ဆင်းရဲသား လယ်သမား ဖြစ်လိုက် ခရိုနီ ဖြစ် လိုက်၊ ဟို လူမျိုး ဖြစ် လိုက် ၊ ဒီ လူမျိုး ဖြစ် လိုက် ၊ အမျိုးမျိုး ဇာတ် က နေ တာ ကို တော့ အချိန် ကုန်ခံပြီး လိုက် မ ဖတ် သင့် ဘူး လို့  မြင်ပါ၏ ။
သို့ ပေမဲ့  ကျန်းမာ ရေး အကြောင်း၊ ပညာ ဗဟု သု တ တိုး နိုင် တဲ့ အကြောင်းအရာ တွေ ရေးကြတာ တွေ လည်း ရှိပါ၏။ ကိုယ့် အတွက် အကျိုး ရှိတာ မရှိတာ ကို တော့ စဉ်းစား ချင့်ချိန် ရမှာပေါ့လေ။ အချိန် ဆို တာ မျိုး က ပြန် ၀ယ် လို့ မှ မရတာ။ သို့ သော် ကျ မ အပါအ၀င် တော်တော်များများ က လည်း စာကောင်းပေကောင်းတွေ ထက် ရန်ဖြစ် အငြင်းပွား ၊ အတင်း အဖျင်း စာ တွေ ဆို သိပ် စိတ်ဝင်စား တတ်ကြပေသည်။ ဒီလို လူတွေ ရဲ့  အထာ ကို သိ နေ သူတွေ ကလည်း ဟိုဖွ ဒီဖွ လုပ် ဖို့  အခွင့် အလမ်း ပို ရ ကြမှာဘဲ ။ ဒီလို အလကား အချိန်ကုန် တဲ့  facebook ကို လုံးဝ မကြည့် ဘဲ နေနိုင်လား ဆို တော့ လည်း မနေ နိုင်ပြန်ဘူး ၊ :D
ကျမ အမျိုးသား ကို အကြံပေး မိပါသေးသည်။ သူ က စာဖတ် များ တဲ့ သူ ဆိုတော့ အကျိုး ပြုစာ တွေ ရေးပါလား ဆိုတော့ အိမ်က မိန်းမ တစ် ယောက် ကို တောင် နားဝင် အောင် မပြော နိုင်သေး တာ အပြင် လူတွေ ဆို အဝေး ကြီး လို့ ဆိုပါတယ် ။ ဥပေက္ခာ တရား ကြီးမား ပါပေ့ ။ ကျမ တို့ က တော့ သံယောဇဉ် ကြီး တဲ့ သူ ဆို တော့ facebook ကို အဆက်ဖြတ် လို့  မရသေးပေ။
facebook မှ မကြည့်လိုက်ရတဲ့ နေ့ဟာ
ReplyDeleteအပြင်မှာကျတော့
စကားဝိုင်းတွေမှာ ပြောစရာမရှိဖြစ်နေတတ်တဲ့ အချိန်တွေလည်း ရှိတယ်၊
အပြင်မှာတွေ့ရင်လည်း facebook မှာ ရေးထားတတ်တဲ့ status တွေကိုပဲ ပြောစရာဆိုစရာ ရယ်စရာ လုပ်ရပြန်ပါတယ်။
အချိန်ကတော့ တကယ်ကုန်ပါတယ်၊
အိမ်မှာတော့ virtual world ထဲကနေ ထွက်ခဲ့ပြီး real world ကို လာပြီး ကြည့်အုံးလို့ တယောက်ကို တယောက် သတိပေးနေရတယ်၊
တကယ်တော့ တကယ့်ကမ္ဘာမှာပဲ ရှိနေကြပြီး တကယ်တွေ့ဆုံသင့်ကြပြီး ဘ၀မှာ ရှင်သန်နေထိုင်သွားဖို့က ပိုပြီး ဖြစ်သင့်ပါတယ်၊