ပြည့်ပြည့် က သူ့ ကျောင်းမှာ သင်တန်းကြေး ၊ လစဉ် ထုတ် စာအုပ် တွေ စသဖြင့် ပိုက်ဆံ ကောက်တော့ ကျမ ကို ပြောတယ် ၊ စင်္ကာပူရီးယန်း ဖြစ် ရင် ကောင်းမှာ ဘဲ တဲ့ ၊ ဘာလို့ လဲဆိုတော့ စင်္ကာပူရီးယန်း ဆိုရင် edusave ထဲက ပိုက်ဆံပေးလိုက်ရုံဘဲ အမေ ၊ အဖေ ပိုက်ဆံ မကုန်ရတော့ဘူးပေါ့ တဲ့  ၊
ကျမ ကလည်း အဲဒီလို မပြောရဘူး ၊ မတွေးရဘူး ၊ မြန်မာ နိုင်ငံသား မဖြစ်ချင်ဘူး ပြောရင် ကိုယ်မွေးထားတဲ့ အမေအဖေရဲ့  သားသမီး မဖြစ်ချင်ဘူး လို့ ပြောတာနဲ့  အတူတူ ဘဲ ၊ အခု သမီး က အမေ့  သမီး မဖြစ်ချင်ဘူး ပြောရင် ကောင်းသလား ၊ အဲဒါ နဲ့  သဘောတရား အတူတူ ဘဲ ၊ အမေ့ သမီးဖြစ်တဲ့ အတွက် မျိုးရိုး ဗီဇ အရ မျက်လုံး မကောင်းတာ ဖြစ်နိုင်တယ် ၊ အဖေ သမီး ဖြစ်တဲ့ အတွက် အသားညိုတာ ပါလာတယ် ။ ဒီလို ဘဲ မြန်မာ နိုင်ငံသား ဖြစ်ရတဲ့ အတွက် တခြား နိုင်ငံသားတွေ ရတဲ့ အခွင့် အရေး မရ နိုင်တာ တွေ ရှိတတ် တယ် ။ ဒါပေမဲ့  တခြား ကောင်းတဲ့ အရာတွေလည်း ရှိပါတယ် ၊ စသဖြင့်စသဖြင့် ပြောပြ ရှင်းပြ လိုက်တာပါဘဲ ။
ကျမ ကိုယ်တိုင်တောင် တခါတခါ မြန်မာ ပြည်က အဖြစ်အပျက်တွေ ကြည့်ရင် စိတ်ပျက်လာတဲ့ အခါ တွေးမိတယ် ။ အခု နေ ဂျပန် လူမျိုးဖြစ်ရင် ကောင်းပါဘဲတွေးမိတယ် ။ ဖက်ဆစ် စနစ် ရှိခဲ့ဖူး ပေမဲ့ ပြာပုံထဲက ပြန်ထ ခဲ့တဲ့ နိုင်ငံ ၊ စိတ်ဓါတ် ပြင်းထန်တဲ့ လူမျိုး ၊ စည်းကမ်း တိကျတဲ့ လူမျိုး အဖြစ် ကမ္ဘာ က သိကြတဲ့ လူမျိုး ဖြစ်ချင်တယ် ။ မြန်မာ ပြည် နှင့် မြန်မာ လူမျိုး တွေကို အမေရိကားလို စူပါ ပါဝါ ဖြစ်စရာ မလိုပါဘူး ။ စင်္ကာပုလို လဲ မဖြစ်စေချင်ဘူး ၊ ဂျပန် နိုင်ငံ လို ဖြစ်စေချင်ပါတယ်။ ကျမ တွေး မိသလောက် ပါ။ :D
edusave အကြောင်းပါ ။ မြန်မာ ပြည် မှာ လဲ အဲလို လုပ်ပေးရင် သိပ်ကောင်းမှာဘဲ
Overview of Edusave Scheme
In 1993, the Government started the Edusave Scheme to maximise opportunities for all Singaporean children. The Scheme rewards students who perform well or who make good progress in their academic and non-academic work, and provides students and schools with funds to pay for enrichment programmes or to purchase additional resources.Where does the money for Edusave come from?
The Edusave Endowment Fund is built up from Government contributions. The fund is invested by the Government and the interest earned is used to finance the contributions, grants and awards given to schools and students. The Government contributed an initial capital sum of $1 billion to the fund in 1993. The capital sum reached the target of $5 billion in August 1997.How can my child benefit from Edusave?
If your child is a Singapore citizen and is studying full-time in a government, government-aided or independent school, junior college (JC), centralised institute (CI), Institute of Technical Education (ITE) or special education school, he can benefit from Edusave in three ways:- Edusave Pupils Fund
- Edusave Grants
- Edusave Scholarships and Awards
No comments:
Post a Comment