Fair price ( shopping center) တွင် fri, sat, sun day ရက် များတွင် ဈေးလျော့ သဖြင့် ဈေးသွားဝယ်သည်။ ၀ယ်ပြီး ပြန် တွက်ကြည့်တော့ 15. 85 ကျပ် ဖိုး ၀ယ်တာ 3.75 ကျပ်သက်သာလေရာ
ဘောင်ချာပြန်ကြည့်ပြီး တော်တော်
ပျော်သွားသည်။ ဆိုင်ထဲ စ၀င်က တည်းက အ၀ါရောင် ကပ် ( ဈေးလျော့) ထားတာဘဲ ကြည့် ၀ယ်လာခြင်းဖြစ်သည်။ အရင်တုန်းက တော့ကျမ အခုလို မဟုတ်ပါ။ အခုတော့ တနေ့ တနေ့  သက်သာရာသက်သာကြောင်းကိုသာ အမြဲတွေးလေသည်။ စင်္ကာပူ ရောက်လာပြီး အိမ်ငှားခကို မြန်မာငွေနှင့် ပြန်တွက်မိလိုက် ကတည်းက ထိုကဲ့သို့ ဖြစ်သွားသည်။ အခုလို အသိတရားရနေတာ အဖွား သေရာက ပြန်များ ထကြည့်နိုင်လျှင် ၀မ်းသာ ပီတိ ဖြစ်လို့  ဆုံးမှာ မဟုတ်ပေ။ အဖိုး နှင့် အဖွားက အရာရာတိုင်း နီးပါး စေ့စပ်သေချာသည်။ အဖွားဆိုလျှင် စံချိန်မီ ရုံတင်မက စံလွန် ကပ်စေးနည်း သည့်အထဲပါလေသည်။ သူတို့ နှစ် ယောက်ပြုစုပျိုးထောင်ပေးလိုက်သော ကျမ သည် ပိုက်ဆံကို မချစ်တတ်သလို ပစ္စည်း ဥစ္စ္စာ ကိုလည်း နှမျော ရကောင်းမှန်း မသိပေ။ တွေ့ ကရာ မစဉ်းမစား ၀ယ်တတ်ပြီး များလာလျှင်သူများကိုပေးလိုက်သည်။ ပျောက်ရင်တောင်ပျောက်သွားမှန်း မသိသည့် အထိ ထိန်းသိမ်းစောင့်ရှောက်ရာမှာ တော်သည်။ မှတ်မှတ်ရရ မှတ်မိတာတခုတော့ရှိသည်။ ခရီးသွားရင် ငါးမူးသား ဟန်းချိန်း တခုပျောက်ဖူးသည်။ မိနစ်ပိုင်းလောက်တော့ စိတ်ဆင်းရဲရသည်။ ပြီးတော့ ပစ္စည်း သင်္ခါရ လူ သင်္ခါရ ဘဲလို့ တွေးလိုက်သည်။ ဒီ အကြောင်း အဖွားသေသည့် အထိ မသိသွားပေ။ သိလျှင်တော့ တက်ချက် သွားနိုင်သဖြင့် ကျမ မပြောခဲ့ပါ။ကျမယောကျာ်းတော့ သိသည် သို့ သော် သူကလဲ သူ့ ထက်ကဲ ဆိုတော့ စိတ်တောင်မ၀င်စားပေ။ သူ ကလဲ အရင် နယ်တွေမှာ ခရီး ထွက်ပြီး အလုပ်လုပ်ရတုန်းကဆို တချို့  ခလေးမွေးပြီး အနှီးထုတ်ဖို့  မရှိလျှင် သူ့ ပုဆိုးတွေ အကုန်ပေးခဲ့တတ်သည်။ ကျမထက်တောင် ရက်ရော စွန့် ကြဲနိုင်သူဖြစ်သည်။ သွေးလဲ မကြာခဏလှူ တတ်သည် ။ သူတပါးကို အလွန်ကူညီတတ်လေရာ ကျမ က ဘာလို့  ဒီလောက် စိတ်ကောင်းရှိ နေတာလဲ မေးကြည့်တော့ သူက ရည်မှန်းချက် ကြီးလေသည်။ နောင်ဘ၀တွင် သကြားမင်း ဖြစ်ချင်သတဲ့ ။ ထို့ ကြောင့် ကြိုးစား ပမ်းစား ပါရမီဖြည့်နေလေသည်။ ကျမလည်း တွေးမိပါသည် ဒီလို ခေတ် ကာလ ကြီးမှာ လူလာ ဖြစ်ရတဲ့ သူဆိုတော့ ထီတွေ ဘာတွေ ပေါက်တာတောင်မှ တဖက် လေးငါးရာတွေ ဘာတွေ မ ပြော နဲ့  လေးငါး ယောက်တောင် တပတ် လောက်ရနိုင်ရင် ကံကောင်းဆိုတော့ သူ့ ခမျာပေ နောက် ဘ၀ အထိ စောင့် နေရရှာ တာပေါ့လေ။ သနားမိပါသည်။

ဟင်း ဟင်း.
ReplyDeleteရယ်မိပြန်ပြီ။ နောင်ဘ၀ကျ နတ်ပြည်အတူရောက်အောင် ပါရမီဖြည့်ပေးလိုက်ပေါ့။ နတ်သမီး ၄-၅၀၀ ထဲက တစ်ယောက်တော့ ဖြစ်မှာပါ။း)
ReplyDeleteရေးထားတာလေးတွေ သဘောကျလွန်းလို့ ကွန့်မန့်လေးတွေ ချန်ထားခဲ့တယ်။
ရီလိုက်ရတာ ကြီးတော် တောင် သူ့ ကိုများစောင်းပြောသလားဆိုပြီး မိန့် မိန့် ကြီးနဲ့ "ဟင်း ဟင်း" ဆို ပြုံးသွားသေးတယ်
ReplyDelete