Monday 13 February 2012

ဖေဖေါ်ဝါရီ ၁၃

"အောင်ဆန်းဇာနည်"  
 
ဖေဖော်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ် မွေးနေ့ပါ.....။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား.....။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်......။
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား...........။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်.........။
မျက်ရည် ဖြိုင်လို့  ဘဝင်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး..........။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်.......။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား...........။
ကျမ တတိယတန်း ကျောင်းသူ ဘ၀တုန်းက ဒီ ကဗျာကို သင်ကြားရင်း ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို သေသေချာချာ စသိခဲ့ပါသည်။ ကျမ လေးစား တန်ဖိုးထား တဲ့ အကြောင်းကို သိန်း ၊ သန်း ချီ တဲ့ လူတွေကြားမှ အစက်တစက် (သို့ ) အမှုန် သေးသေး အဖြစ်ပါဝင်ချင်ပါသည်။

No comments:

Post a Comment