Monday 17 February 2014
ဒီနေ့ အတွေး
တွေးမိတာ လေးပါ။ ( နေရာတကာ ၀င်ပါချင်တဲ့ အကျင့် က တားမရပြန်ဘူး :D )
ဆိုးသွမ်းနေတဲ့  ဘုန်းကြီးတွေ ကို သီလ၊ သမာဓိ နှင့် ပြည့်စုံကြတဲ့ အရှင်မြတ်၊  ဆရာတော်ကြီး တွေ ဘာမှ မပြော ကြ ဘူးဆိုတာ  ဗြဟ္မဒဏ် ခတ် ထား တဲ့ သဘော လားမသိဘူး လို့ တွေးမိတယ် ။ ( ကျမ အတွေး မှားနိုင်ပါသည်။ )
ဘုရား ရှင် က ဆန္နရဟန်း ကို ပေးခဲ့ တဲ့ အပြစ် ဒဏ် လို့ ကြားဖူးတယ် ။
Pāḷi Dictionary တွေ့ မိတာက
မြတ်သော-ကြမ်းသော-ပြင်းထန်သော-ဒဏ်၊ ဗြဟ္မဒဏ်။
ဗြဟ္မဒဏ်။ မြတ်သောဒဏ်။ ပြုလိုရာပြုစေ၍ ချီးမွမ်းကဲ့ရဲ့ခြင်းကို မပြုခြင်း။
ဒီ link မှာ တွေ့ မိတာလေးပါ ။
ဤ၌ အဓိကပြောလိုသည်မှာ ဗြဟ္မဒဏ် အကြောင်းပင် ဖြစ်ပါ၏။ အလွယ်ပြောရလျှင် ဗြဟ္မဒဏ်ဟူသည် အပြောခက်၊ အဆိုခက်၊ အဆုံးအမခက်သည့် သူများအား ဒဏ်ခတ်သည့် သဘောဖြင့် နောင်ကြဉ်စေရန် ပြုပြင်ဆုံးမသည့် ဒဏ်တစ်ခုပင် ဖြစ်၏။ ဗြဟ္မဒဏ်ပေးလိုက်သဖြင့် အပေးခံရသူ နောင်တရ၍ ပြန်လည်ဝန်ချ တောင်းပန်လာလျှင် ခွင့်လွတ်သီးခံပြီး တရားအလုပ်များဖြင့် ကောင်းမွန်စေလိုရန် ဖြစ်၏။ နောက်ဆုံး ဗြဟ္မဒဏ်ပေးသော်လည်း နောင်တမရ အသိမ၀င် မပြုပြင်လျှင်ကား သဗ္ဗေသတ္တာ ကမ္မဿကာဟုသာ သဘောထားရမည့် သဘောရှိ၏။
( ဒီ link မှာ ပိုပြီး ပြည့်စုံ ပါတယ် )
http://www.venvicitta.com/2010/06/blog-post_05.html
Sunday 16 February 2014
အဖိုး ၏ အဆုံးအမ
ကျမ ကို အဖိုး ပြောပြ ဖူးတာ ကို မျှဝေလိုက်ပါတယ် ။
လူ တဦး သေခါနီး အချိန်ဟာ ( နောက် ဘ၀ အတွက် အဆုံးအဖြတ် ပေး နိုင်တဲ့ အတွက် ) အလွန်အရေးကြီး တဲ့ အကြောင်း၊ ဘာကြောင့် အရေး ကြီး သလဲ ဆို တဲ့ အကြောင်း ကို ဘုရား၇ှုင် လက်ထက် က ရဟန်း တပါး သေခါနီး အချိန် သင်္ကန်း စွဲလမ်း မိတဲ့ အတွက် သန်း ဘ၀ ရ ရက် ရောက်ဖူးတဲ့ အကြောင်း၊ ကောသလမင်း မိဖုရား သေခါနီး အချိန် မှာ ဘုရင် ကို လိမ်ပြောမိတဲ့ အဖြစ် ပြန်တွေး မိလိုက်တာ ကြောင့် ငရဲ ၇ ရက် ကျ အကြောင်း စသဖြင့် ပြောပြဖူးပါ တယ် ။ အဲဒီ အတွက် ကြောင့် သေခြင်းတရားကို ကြိုတင်ပြင်ဆင်တတ် ဖို့  ၊ အာစိဏ္ဏကံ (နေ့စဉ် အကြိမ်များစွာ လေ့ကျင့်အပ်သော ကံ) ကုသိုလ် ဖြစ်ဖို့ အတွက် မရဏာနုဿတိ ပွား ခြင်း ဖြစ်ပါတယ်။
(သမထကမ္မဋ္ဌာန်း ၄၀ - အနုဿတိ ၁၀-ပါးမှ
မရဏာနုဿတိ၊ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း။)
( အကျယ် က တော့ ဒီ link တွေ မှာ ပို ပြည့်စုံပါတယ် )
http://lokachantha.blogspot.sg/2010/06/blog-post_10.html
http://www.mawluu.com/2010/01/blog-post_1921.html
Saturday 15 February 2014
ဒီနေ့ အတွေး
ပြည့်ပြည့် က သူ့ ကျောင်းမှာ သင်တန်းကြေး ၊ လစဉ် ထုတ် စာအုပ် တွေ စသဖြင့် ပိုက်ဆံ ကောက်တော့ ကျမ ကို ပြောတယ် ၊ စင်္ကာပူရီးယန်း ဖြစ် ရင် ကောင်းမှာ ဘဲ တဲ့ ၊ ဘာလို့ လဲဆိုတော့ စင်္ကာပူရီးယန်း ဆိုရင် edusave ထဲက ပိုက်ဆံပေးလိုက်ရုံဘဲ အမေ ၊ အဖေ ပိုက်ဆံ မကုန်ရတော့ဘူးပေါ့ တဲ့  ၊
ကျမ ကလည်း အဲဒီလို မပြောရဘူး ၊ မတွေးရဘူး ၊ မြန်မာ နိုင်ငံသား မဖြစ်ချင်ဘူး ပြောရင် ကိုယ်မွေးထားတဲ့ အမေအဖေရဲ့ သားသမီး မဖြစ်ချင်ဘူး လို့ ပြောတာနဲ့  အတူတူ ဘဲ ၊ အခု သမီး က အမေ့  သမီး မဖြစ်ချင်ဘူး ပြောရင် ကောင်းသလား ၊ အဲဒါ နဲ့  သဘောတရား အတူတူ ဘဲ ၊ အမေ့ သမီးဖြစ်တဲ့ အတွက် မျိုးရိုး ဗီဇ အရ မျက်လုံး မကောင်းတာ ဖြစ်နိုင်တယ် ၊  အဖေ သမီး ဖြစ်တဲ့ အတွက် အသားညိုတာ ပါလာတယ် ။ ဒီလို ဘဲ မြန်မာ နိုင်ငံသား ဖြစ်ရတဲ့ အတွက် တခြား နိုင်ငံသားတွေ ရတဲ့ အခွင့် အရေး မရ နိုင်တာ တွေ ရှိတတ် တယ် ။ ဒါပေမဲ့  တခြား ကောင်းတဲ့ အရာတွေလည်း ရှိပါတယ် ၊ စသဖြင့်စသဖြင့် ပြောပြ ရှင်းပြ လိုက်တာပါဘဲ ။
ကျမ ကိုယ်တိုင်တောင် တခါတခါ မြန်မာ ပြည်က အဖြစ်အပျက်တွေ ကြည့်ရင် စိတ်ပျက်လာတဲ့ အခါ တွေးမိတယ် ။ အခု နေ ဂျပန် လူမျိုးဖြစ်ရင် ကောင်းပါဘဲတွေးမိတယ် ။ ဖက်ဆစ် စနစ် ရှိခဲ့ဖူး ပေမဲ့ ပြာပုံထဲက ပြန်ထ ခဲ့တဲ့ နိုင်ငံ ၊ စိတ်ဓါတ် ပြင်းထန်တဲ့ လူမျိုး ၊ စည်းကမ်း တိကျတဲ့ လူမျိုး အဖြစ် ကမ္ဘာ က သိကြတဲ့ လူမျိုး ဖြစ်ချင်တယ် ။ မြန်မာ ပြည် နှင့် မြန်မာ လူမျိုး တွေကို အမေရိကားလို စူပါ ပါဝါ ဖြစ်စရာ မလိုပါဘူး ။ စင်္ကာပုလို လဲ မဖြစ်စေချင်ဘူး ၊ ဂျပန် နိုင်ငံ လို ဖြစ်စေချင်ပါတယ်။  ကျမ တွေး မိသလောက် ပါ။ :D
edusave  အကြောင်းပါ ။ မြန်မာ ပြည် မှာ လဲ အဲလို လုပ်ပေးရင် သိပ်ကောင်းမှာဘဲ
Overview of Edusave Scheme
In 1993, the Government started the Edusave Scheme to maximise opportunities for all Singaporean children. The Scheme rewards students who perform well or who make good progress in their academic and non-academic work, and provides students and schools with funds to pay for enrichment programmes or to purchase additional resources.
Where does the money for Edusave come from?
The Edusave Endowment Fund is built up from Government contributions. The fund is invested by the Government and the interest earned is used to finance the contributions, grants and awards given to schools and students. The Government contributed an initial capital sum of $1 billion to the fund in 1993. The capital sum reached the target of $5 billion in August 1997.
How can my child benefit from Edusave?
If your child is a Singapore citizen and is studying full-time in a government, government-aided or independent school, junior college (JC), centralised institute (CI), Institute of Technical Education (ITE) or special education school, he can benefit from Edusave in three ways:
Saturday 25 January 2014
ဘုဂလန့် များ ၁
ဒေါ်ပြည့် ၏ ဘုဂလန့် များ ၁
ကျမ သမီး ကြီးလာရင် သူ့ အမေ ဘယ်လောက် ဦးနှောက် စား ခဲ့ ရသလဲ ဆိုတာ သိစေရန် နှင့် ရယ်စရာ ပြုံးစရာ များ မျှဝေ လိုတာ ကြောင့် ရေးဖြစ်ပါသည်။
မနေ့ က
ကျမ "  ကြက်ဥမွေကြော် မနက်တုန်းက စား ထားပြီးပြီ အခု ညနေ ထပ်စားချင်ပြန်ပြီး ကြက်ဥ တွေ ဘဲ နေ့ တိုင်း စားနေ ကြားလား ကြက်ဥလို ၀လုံးလုံး ဖြစ်လာလိမ့်မယ် "
ပြည့်ပြည့် " အဲဒါဆို ထမင်းနေ့ တိုင်းစားနေတာ ထမင်းလို ကောဖြစ်မလာဘူး လား ဟိဟိ  "
အဲလို ဘုကလန့် ပြန်ပြောရမှ လေ
ကျမ " ဟဲ့ ထမင်းက ကြက်ဥလို အဆီမများဘူး  ထမင်းစားမှ အားရှိတာ မှတ်ထား "
တော်သေးပြီ။
ကျမ က ငပျင်းဆိုတော့ စာတွေ အများကြီးမြင်ရင် ပျင်းပြီး မဖတ်ချင်တော့ဘူး ၊ များများ ရေးရမှာလဲ ပျင်းတယ် :D 
Sunday 19 January 2014
http://phomu.blogspot.sg/2013/07/blog-post_6035.html  အဆက်
တရား စခန်း ၀င်တဲ့ အတွေ့  အကြုံ ရေးတာ post no. 5 အထိ က တရက်တရက်ပြီး တွေ့ ကြုံရတာ အစဉ် လိုက်ရေးဖြစ်ပါတယ်။ post no.6 က တော့ ရောပြီး ရေးထားသလို ဖြစ်နေတယ်။
ဆက်ရေးပါသည်။
ရက် ၂၀ လောက် ရောက်လာတဲ့ အခါ မှာ နာကျင် တာ ပိုများလာပါတယ် ။နာကျင်တာ ပိုခံစားရလာတော့ တခြား ( ဆပ်ပြာမြုံ့တွေ စီးကျလာ သလို ပုရွတ်ဆိတ်တွေ အများကြီး တက်လာ သလို ခံစားရမယ် ဆိုတာ မျိုး ၊ အသားတွေ တင်းလာပြီး အရည်တွေ စီးကျလာ သလိုမျိုး၊) စသည့် ဝေဒနာများ မထင်ရှားတော့ပါ။
စိတ်ပျံ့  လွင့် ခြင်း ၊ တချို့  အချိန် တွေ မှာ အိပ်ငိုက်ခြင်း များ ကတော့ နေ့ တိုင်း ကြုံတွေ့  ရပါသည်။ စိတ် ပျံ့ လွင့် မှုကို မှတ်တဲ့ နေရာ မှာ ခက်ခဲတဲ့  အတွက် ကျမ အမြဲ ဝေဒနာ တခုခု ကို ဘဲ အာရုံစိုက်မှတ် ဖြစ်ပါတယ် ။ အစပိုင်းတွေမှာ တော့ နည်းနည်း နာတာ ကျင်တာ ဖြစ်ရင် နေရာရွေ့ လိုက်တာ၊ ခဏထ စင်္ကြလျှောက်တာ တွေ လုပ်ခဲ့ပါတယ်။  တနာရီ မှတ်တဲ့ အချိန်မှာ ထိထိ မိမိ မှတ်နိုင်တာ အလွန် ဆုံး ပေါင်းကြည့်ရင် ၁၅ မိနစ် လောက်ဘဲ ရှိနိုင်ပါတယ် ။ ကျမ က သူများတွေ ထက် နာကျင်မှုဝေဒနာ ပို ခံစားရပါတယ် ။ နာကျင်လို ပြင်လိုက် ရွေ့  လိုက် လျှင် ခဏ တော့ သက်သာပါတယ်။ နောက်ပြန် နာ လာ ပါတယ် ။ တရား ပြ ဆရာတော် ကို လျောက်တဲ့ အခါ ဆရာတော် က ဝေဒနာ ရဲ့ သဘော တရားကို သေချာသိ အောင် သီးခံပြီး ရှုမှတ်ဖို့ ပြောပါတယ် ။ နာတယ် ဆိုတာ နဲ့ နေရာ ခဏခဏ ပြင်လိုက်တာ မျိုးမလုပ်ဖို့ ပြောပါတယ်။
ခြေထောက် တလျှောက် နာကျင် ကိုက်ခဲတဲ့ ဝေဒနာ အပြင် ကျော ပြင်တခုလုံး ပူပြင်းတဲ့ နာကျင်မှု ၊ စူးတဲ့ အောင့်တဲ့ နာကျင်မှူ တော်တော်စုံပါတယ် ။ အဲဒီလို နာကျင်မှူ အစုံ ခံစားနေရာစဉ် ဘာကို ပြန် အမှတ်ရမိသလဲဆိုတော့ ကျမ ငယ်စဉ်က အဆော့ လွန်ပြီး ဒါးခုတ်ကောင် လေးတွေ လိုက်ဖမ်းပြီး ခြေထောက်ချိုး အပ်ချည်ကြိုးနှင့် ချည်ပြီး ဆော့ကစား ခဲ့ဖူးတာ သွားပြီး အမှတ်ရမိတယ် ။ ဒီဝဍ်ကြွေးတွေ ဆပ်နေရာတာ နေမှာပါလို့  ဆက်တွေးမိတယ် ။ ဒါပေမဲ့  အကုသိုလ် တရား ပြန်တွေး မိရင် အကုသိုလ် ပြန်ဖြစ် တတ်ပါတယ်။
ဆက်ရန်
Saturday 18 January 2014
အကုသိုလ်
 ဖတ်မိ တဲ့  အဘိဓမ္မာ စာအုပ် ထဲက ပြန်လည် မျှဝေ လိုက်ပါတယ် ။ သိပြီးသား ဖြစ်ချင်ဖြစ်မှာပါ ။
လူသတ္တ၀ါ ( ပုထုဇဉ် ) မှန် လျင် သိရက် (သို့) မသိသ ဖြင့် ပြုမိသည့် အကုသိုလ် တရားများ နှင့် မကင်း ကြပါ ။
အကုသိုလ် တရားများ ပြန်ပြီး တွေးနေ ခြင်းက ပြန်ပြီး အကုသိုလ် ဖြစ်စေပါတယ် ။
အကုသိုလ် တရား ၆၃ ပါး
ရှင်းရှင်း လင်းလင်း နားလည်ရန် ဥာဏ် သိပ် မမိသေးပါ။  ဗုဒ္ဓ တရားတော် များ အလွန် အဆင့်မြင့် ပါသည်။ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ဖို့  တော်တော်လို ပါသေးသည်။
Friday 13 December 2013
ဒီနေ့  အတွေး
မရေးဖြစ်တာ တော်တော်ကြာ ပြီ :)
တခါ တလေ ရေးချင်တာ ရေး ပစ်လိုက်မယ် ဆို တဲ့  စိတ် ဖြစ်မိ တယ် ။ သို့ သော် ကိုယ် ရေး လိုက် တဲ့  အကြောင်း အရာ တခုခု က လူ တယောက်ကို ဖြစ်ဖြစ် လူ တစုတဖွဲ့  ကို ဘဲဖြစ်ဖြစ် စိတ် ညစ်ညူး  သလို များ ဖြစ်သွား စေမလား  ဆိုပြီး စိတ်မကောင်း ဖြစ်မိ တာ နဲ့  ရေးပြီး ဖျက်လိုက်တဲ့  post တွေ တော်တော်များများ ရှိခဲ့တယ် ။
နောက်တခု ကလည်း ကိုယ့်စိတ် အခြေအနေ က လဲ ရာသီဥတု လို ဘဲ ဒီနေ့ တမျိုး၊ နောက်နေ့  တမျိုး အမျိုးမျိုး ပြောင်းနေလေတော့ ကိုယ့်စိတ်အခံ ပေါ်မူတည်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တွေက အမြဲ မမှန် နိုင်သလို လူတိုင်း အတွက်လဲ မမှန်နိုင်ပေ။
သို့ နှင့် နေ့ စဉ် ကြုံတွေ့  နေရ တဲ့ အလွဲ အချော်တွေ ရေးဖြစ်တာ များပါတယ် ။
တကယ်တော့ ကျမ ရေးချင်နေတာ က နိုင်ငံရေး အကြောင်းပါ :D
နိုင်ငံရေး အကြောင်း ရေးမယ် ဆိုရင် ကိုယ့်ထောက်ခံတဲ့ သူ ကိုယ် ကောင်းကွက်ရေး ၊ မထောက်ခံတဲ့ ဆန့် ကျင်ဖက် ကို မကောင်းရေး ရမှာ ဆိုပြန်တော့ ၊ ပြန်စဉ်းစားမိတယ် ကိုယ့်ထောက်ခံ အားပေးသူ ကို အပြစ်တင် ဝေဖန်တဲ့ စာတွေ ဖတ်လိုက်ရရင် စိတ်တို  ဒေါသထွက် တယ် စိတ် ညစ်ညူး ရတယ်။ ဒါတောင် တမင် သက်သက် လုပ်ကြံ အပုတ်ချ စော်ကားပြီး ရေးတာ ဆို ရင် သွေးတောင် တက်ချင်ချင် ဖြစ်တဲ့ အထိ စိတ် တို ဖူးတယ် ( အခုတော့ တရား နှင့် ဖြေတတ်နေပါပြီ ၊ မဖြေတတ်လို လဲ မရ တရားထိုင်တဲ့ အကြောင်း post တွေ ရေးထားမှတော့ မရမက တရားနှင့် ဖြေ ရမှာပေါ့ လေ :D ) ဒီလို နှင့် ကိုယ်ချင်းစာပြီး တွေးမိတယ် ၊ လူ မုန်း ခံရမှာ လဲ ကြောက်ပြန်တယ် ။ အရှေ့ ကြည့် အနောက် ကြည့် တောင်ကြည့် မြောက်ကြည့် နှင့် ရေးချင် ပြောချင် တာ တွေ အငွေ့ ပျံ သွား ရပြန်တယ် ။
တကယ်တော့ ကျမ သတ္တိ မရှိတာလဲ ပါပါတယ်။  အကောင်းကို ဘဲလို ချင်ပြီး အဆိုး ကို တွဲ ပြီး လက်မခံ ရဲ တာ ကလဲ  ကျမ ပျော့ညံ့ တာပါဘဲ။  ကိုယ်ရေးတဲ့စာ ကိုယ်ပြန်ပြီး တာဝန်မယူ နိုင်သေးတော့ မရေးသေးတာဘဲ ကောင်းပါတယ်လေ ။