Sunday 19 January 2014

http://phomu.blogspot.sg/2013/07/blog-post_6035.html  အဆက်


တရား စခန်း ၀င်တဲ့ အတွေ့  အကြုံ ရေးတာ post no. 5 အထိ က တရက်တရက်ပြီး တွေ့ ကြုံရတာ အစဉ် လိုက်ရေးဖြစ်ပါတယ်။ post no.6 က တော့ ရောပြီး ရေးထားသလို ဖြစ်နေတယ်။

ဆက်ရေးပါသည်။
ရက် ၂၀ လောက် ရောက်လာတဲ့ အခါ မှာ နာကျင် တာ ပိုများလာပါတယ် ။နာကျင်တာ ပိုခံစားရလာတော့ တခြား ( ဆပ်ပြာမြုံ့တွေ စီးကျလာ သလို ပုရွတ်ဆိတ်တွေ အများကြီး တက်လာ သလို ခံစားရမယ် ဆိုတာ မျိုး ၊ အသားတွေ တင်းလာပြီး အရည်တွေ စီးကျလာ သလိုမျိုး၊) စသည့် ဝေဒနာများ မထင်ရှားတော့ပါ။

စိတ်ပျံ့  လွင့် ခြင်း ၊ တချို့  အချိန် တွေ မှာ အိပ်ငိုက်ခြင်း များ ကတော့ နေ့ တိုင်း ကြုံတွေ့  ရပါသည်။ စိတ် ပျံ့ လွင့် မှုကို မှတ်တဲ့ နေရာ မှာ ခက်ခဲတဲ့  အတွက် ကျမ အမြဲ ဝေဒနာ တခုခု ကို ဘဲ အာရုံစိုက်မှတ် ဖြစ်ပါတယ် ။ အစပိုင်းတွေမှာ တော့ နည်းနည်း နာတာ ကျင်တာ ဖြစ်ရင် နေရာရွေ့ လိုက်တာ၊ ခဏထ စင်္ကြလျှောက်တာ တွေ လုပ်ခဲ့ပါတယ်။  တနာရီ မှတ်တဲ့ အချိန်မှာ ထိထိ မိမိ မှတ်နိုင်တာ အလွန် ဆုံး ပေါင်းကြည့်ရင် ၁၅ မိနစ် လောက်ဘဲ ရှိနိုင်ပါတယ် ။ ကျမ က သူများတွေ ထက် နာကျင်မှုဝေဒနာ ပို ခံစားရပါတယ် ။ နာကျင်လို ပြင်လိုက် ရွေ့  လိုက် လျှင် ခဏ တော့ သက်သာပါတယ်။ နောက်ပြန် နာ လာ ပါတယ် ။ တရား ပြ ဆရာတော် ကို လျောက်တဲ့ အခါ ဆရာတော် က ဝေဒနာ ရဲ့ သဘော တရားကို သေချာသိ အောင် သီးခံပြီး ရှုမှတ်ဖို့ ပြောပါတယ် ။ နာတယ် ဆိုတာ နဲ့ နေရာ ခဏခဏ ပြင်လိုက်တာ မျိုးမလုပ်ဖို့ ပြောပါတယ်။

ခြေထောက် တလျှောက် နာကျင် ကိုက်ခဲတဲ့ ဝေဒနာ အပြင် ကျော ပြင်တခုလုံး ပူပြင်းတဲ့ နာကျင်မှု ၊ စူးတဲ့ အောင့်တဲ့ နာကျင်မှူ တော်တော်စုံပါတယ် ။ အဲဒီလို နာကျင်မှူ အစုံ ခံစားနေရာစဉ် ဘာကို ပြန် အမှတ်ရမိသလဲဆိုတော့ ကျမ ငယ်စဉ်က အဆော့ လွန်ပြီး ဒါးခုတ်ကောင် လေးတွေ လိုက်ဖမ်းပြီး ခြေထောက်ချိုး အပ်ချည်ကြိုးနှင့် ချည်ပြီး ဆော့ကစား ခဲ့ဖူးတာ သွားပြီး အမှတ်ရမိတယ် ။ ဒီဝဍ်ကြွေးတွေ ဆပ်နေရာတာ နေမှာပါလို့  ဆက်တွေးမိတယ် ။ ဒါပေမဲ့  အကုသိုလ် တရား ပြန်တွေး မိရင် အကုသိုလ် ပြန်ဖြစ် တတ်ပါတယ်။

ဆက်ရန်


No comments:

Post a Comment