Saturday 25 January 2014

ဘုဂလန့် များ ၁

ဒေါ်ပြည့် ၏ ဘုဂလန့် များ ၁

ကျမ သမီး ကြီးလာရင် သူ့ အမေ ဘယ်လောက် ဦးနှောက် စား ခဲ့ ရသလဲ ဆိုတာ သိစေရန် နှင့် ရယ်စရာ ပြုံးစရာ များ မျှဝေ လိုတာ ကြောင့် ရေးဖြစ်ပါသည်။

မနေ့ က

ကျမ "  ကြက်ဥမွေကြော် မနက်တုန်းက စား ထားပြီးပြီ အခု ညနေ ထပ်စားချင်ပြန်ပြီး ကြက်ဥ တွေ ဘဲ နေ့ တိုင်း စားနေ ကြားလား ကြက်ဥလို ၀လုံးလုံး ဖြစ်လာလိမ့်မယ် "

ပြည့်ပြည့် " အဲဒါဆို ထမင်းနေ့ တိုင်းစားနေတာ ထမင်းလို ကောဖြစ်မလာဘူး လား ဟိဟိ  "

အဲလို ဘုကလန့် ပြန်ပြောရမှ လေ

ကျမ " ဟဲ့ ထမင်းက ကြက်ဥလို အဆီမများဘူး  ထမင်းစားမှ အားရှိတာ မှတ်ထား "

တော်သေးပြီ။

ကျမ က ငပျင်းဆိုတော့ စာတွေ အများကြီးမြင်ရင် ပျင်းပြီး မဖတ်ချင်တော့ဘူး ၊ များများ ရေးရမှာလဲ ပျင်းတယ် :D 






No comments:

Post a Comment