Saturday 1 September 2012

ဒိုင်ယာရီ အဟောင်း





ငယ်တုန်းက ရေးထားတဲ့ ဒိုင်ယာရီ စာအုပ်ဟောင်းများ ( မွေးရပ်မြေ ပြန်တုန်းက ယူလာ ခဲ့တာ  မရေး ဖြစ်တော့တာ နှစ်ပေါင်း တော်တော်ကြာပေါ့ ) နေ့ စဉ် အကုန် delete လုပ်ပ လိုက်တာ :-)




စရေးတဲ့  နေ့  ဖြစ် ပုံရတယ် ။ ပထမ ဆုံး စာအုပ် ရဲ့ ပထမ ဆုံး စာမျက်နှာ။ ဒိုင်ယာရီ စာအုပ်ဟောင်း




အဲဒီ တုန်းက ရှားရှား ပါးပါး ၊ စွန့် စွန့် စားစား သိမ်းထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်  ရဲ့  ပုံ ( ကျမ စိတ်ဓါတ် ကျ မိတဲ့  အခါ တိုင်း အမြဲ ပြန်မျှော် ကြည့် မိတဲ့ ကျမ ၏ the iron butterfly )




ကျမ မှာ တခြား ပုံတွေ ရှိခဲ့ဖူးတယ် ၊
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓါတ် ပုံ လို ချင် ရင် ဘယ်လို လုပ် ခဲ့ ရသလဲ ဆိုတော့ ၊ အဲတုန်းက အခုလို့  လွယ်လွယ် ကူကူ မရနိုင်ဘူးလေ။ time ၊ newsweek magazine အဟောင်း တွေကို ပန်းဆိုးတန်း လမ်းဘေး စာအုပ်ဆိုင် ၊ နောက်ပြီး စာပေလောက ( တခြား စာအုပ်ဆိုင်တွေမှာ ) လ ကျော်ပြီး သား အဟောင်း ပြန် ရောင်း တဲ့  ထဲ က စာရွတ် တစ်ရွတ်ချင်း လှန် ရှာပြီး ၀ယ်ခဲ့ဖူးတယ်။ bbc voa တို့ က  မိန့်ခွန်း တွေကို တိပ်ခွေ နှင့် အသံ ပြန်သွင်း ပြီး သိမ်းထား ခဲ့ဖူးသည်။ သို့ သော်

အဲဒီ ဒိုင်ယာရီ တွေကို  ရေးလိုက် ဖွက်ထား လိုက် ၊ walkman ကက်ဆက် နှင့် နားထောင်လိုက်  တိပ်ခွေ တွေ ဖွက်ထားလိုက် နှင့် လျှို လျှို ၀ှက်ဝှက် လုပ်နေခဲ့တာ ကို ကျမ အဖွား သံသယ ၀င်သွား ပုံရတယ်။ အဖွား က ကျမ ကို ဆယ်ကျော်သက်အရွယ်ဆိုတော့ ရည်းစားများ ထားနေလား စိတ်ပူ ပြီး တနေ့  ကျမ မရှိတုန်း အကုန် မွေ နှောက် ရှာတော့ ၊ အဲဒါ အပေါ်က ပုံလေး တစ်ပုံဘဲ အဖွား မမြင်လို့  ကျန်ခဲ့တာ၊  တခြား ပုံတွေ၊ တိပ် ခွေ တွေ အကုန် လုံး ကျမ ပြန်လာတော့ မရှိတော့ပေ။ အဲတာ အဖွား ပြန်ပေးပါ ပြောလဲ ပြန်မပေးပါ၊ ဘယ်ထားလဲ ၊ ဘာလုပ် လိုက်လဲ အဖွား သေသာသွားတယ် ကျမ ကို တခွန်းမှ မပြောသွားပါ။



ဒိုင်ယာရီ စာအုပ် ပြန် ဖတ်မိတော့ အဖွား ကို လွမ်းမိတယ် ၊ နောက်ပြီး ခက်ခက် ခဲခဲ ရှာ ဖွေ ထားရတဲ့   ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓါတ် ပုံလေးတွေကို လည်း သတိရ မိတယ်။    



2 comments:

  1. ဒိုင်ယာယီစာအုပ်တွေ အစုံပဲ
    ကိုယ့်မှာလဲ ရှိတယ်၊
    အားကျသွားပြီ
    ကိုယ်လဲ မှတ်ထားဖူးတာတွေ ရေးပြချင်လာတယ်။

    ကိုယ်လဲ ငယ်ငယ်တုန်းက စကားသိပ်မပြောပဲ စာတွေပဲ ဖိပြီးရေးခဲ့တာ၊ ကိုယ်လဲ အဖွားနဲ့ပဲ ကြီးပြင်းခဲ့တာမို့ အခန်းထဲမှာ ငြိမ်ပြီးစာရေးနေရင် အခန်းဝကနေ တစိမ့်စိမ့်လာပြီး ကြည့်နေတတ်တာ သတိယသွားတယ်၊
    ကြာခဲ့ပြီဆိုပေမယ့် သတိယမိသွားတော့ စိတ်မကောင်းတဲ့ စိတ်ဖြစ်ရတာပါပဲ၊

    ရှည်သွားပြီ

    ReplyDelete
    Replies
    1. လာဖတ်တဲ့ အတွက် ကျေးဇူးပါ အမ ၊ အဆင် ပြေ ရင် မှတ်ထားဖူးတာတွေ ရေးပါအုံး အမ ရေ

      Delete