Thursday 12 July 2012

http://phomu.blogspot.sg/2012/01/blog-post.html  အဆက်


အစပိုင်းမှာ " ဖေါင်းတယ်" " ပိန်တယ်"  မှတ်တဲ့ နေရာမှာ ထွက် သက် ၀င်သက် မှတ်တာနဲ့  အမြဲ ရောရော သွားခဲ့တယ် ။ သို့ သော် တရားပြ ဆရာတော်များက " ဖေါင်းတယ်" " ပိန်တယ်" ကို ဘဲ သေချာ မှတ်ခိုင်းပါတယ်။ တကယ်တော့ စိတ်က တော်တော့် ကို ပျံ လွင့်ပါတယ်။
ကျမ စိတ်အထင် " ဖေါင်းတယ်" " ပိန်တယ်"  တကြိမ် မှတ်နေစဉ်မှာတောင် စိတ်က တောင်ရောက်မြောက်ရောက် ပါ။ 

အဲဒီကြားထဲ နေရာတကာ စပ်စု တတ်တဲ့ ကျမ အသံ နည်းနည်း လောက်ကြားတာနဲ့ မျက်လုံးက အော်တို ဖွင့်ကြည့်ပြီးသား စပ်စု ပြီးသား ။ ကိုယ် သတိထားမိတဲ့ အချိန်မှာ အမြဲ အမှတ် (" ဖေါင်းတယ်" " ပိန်တယ်")  က လွတ်နေပြီးသား ဘယ်အချိန်က စပြီး လွတ်ထွက်သွား သလဲ  မသိနိုင်ခဲ့ဘူး။ 
တခါ တလေ အကြောင်း အရာ တခု ကို တော်တော်ကြာအောင် စိတ်ရောက်မှန်း မသိ ရောက်သွားခဲ့တယ်။ အစ ပိုင်းမှာ စိတ်က တောင်ရောက်မြောက်ရောက်  ကစဥ့်ကလျား နဲ့  တော်တော်ကို ထိန်းချုပ်ရ ခက်ခဲပါတယ်။ 

တခါတလေမှာတော့  စိတ်သွားရာ မျောလိုက်နေမိပြီး ဘယ်ရောက်လို့  ရောက်မှန်းမသိ အတွေး ရေယဉ်ကြောမှာ မျော နေပြီး အချိန် တနာရီ ကုန်ကုန် သွားတာကလဲ ခဏခဏပါ။ နောက်ပြီး ခန္တာကိုယ် မှာ ထုံတာ ကျင်တာ နာတာ၊ အဲဒီ ဝေဒနာကို သည်းမခံ နိုင်တာ နဲ့  တနေ့ တနေ့  အချိန်မြန်မြန် ကုန်ပါစေဆိုပြီး ဆုတောင်း နေခဲ့မိတယ်။ 

ရိပ်သာ ၀င်တာ မှားပြီ လား တွေးမိလိုက် အသိစိတ်က ငရဲကြီးမှာ ကြောက်ပြီး မြန်မြန် ဖျောက်ပစ် လိုက်၊ ငါ အခု လုပ်နေတာ မှန် ရောမှန် ရဲ့ လား ဆိုတဲ့ သံသယ စိတ် က လည်း တခါတခါ ၀င်လာသေးတယ်။ ဒီ လို စိတ်တွေ ၀င်လာတိုင်း အမြဲ စိတ်ပူမိတာက ငါတော့ ဘုရားကို မယုံကြည်မှု နှင့် ငရဲကြီးတော့မှာဘဲ ဆိုပြီး  ကြောက်မိပြန်ရော။ 

အဲဒီ အချိန်မှာ စိတ်သက်သာစေတာက တရားပြတဲ့ တရား ဟောတဲ့ ဆရာတော်တွေ က ဘာပြီးဘာ ဖြစ်လာမယ် ဘာတွေ ကြုံတွေ့ ရမယ် ဆိုတာ ကြိုကြိုပြီး ဟောပြပေးခဲ့တယ်။ တရားပြဆရာတော်တွေ ဟောသလို တော်တော်များများ ကြုံတွေ့  လိုက်ရတော့ သံသယ စိတ်တွေ ပြေပျောက်သွားခဲ့ရတယ်။  
ကျောင်းထိုင် ဆရာတော် များ က ယောဂီ အသစ်တွေ  စိတ်ပိုင်း၊ခန္တာကိုယ် ပိုင်း  မှာ ကြုံတွေ့ တတ်တဲ့  အခက်အခဲ တွေ ကို တရား ဟောချိန်တွေ မှာ ထည့်ပြီး ဟောပြခဲ့ပါတယ်။ ဒီလို လမ်းပြ သင်ကြားပေးမှု ကလည်း ကျမ အတွက် တော်တော်ကို အရေးပါခဲ့ ပါတယ်။

Friday 6 July 2012

ကျမ ၏ ဒဿန

ဒဿန အကြောင်း ရေးအုံးမယ် :-)
အသက် ရ လားတော့ အားနေတဲ့ အချိန် မျိုး မှာ တခါတလေ ဘ၀ ကို နောက်ကြောင်းပြန် ရစ် ကြည့်မိတယ်။ ဘ၀ တိုတို ကလေးမှာ ပျော်ရွင် ကျေနပ် မှု ၊ စိတ် လွတ်လပ် ပေါ့ပါးမှု က အဓိက လို့ တွေးမိတယ်။
မှား တယ်ဆို တာရှိရင်  ငါမှားတယ် လို့  ၀န်ခံ လိုက်ရင် စိတ်ထဲမှာ လွတ် လပ် ပြီး ပေါ့ပါး သွား တာ တကယ့် လက်တွေ့ ပါ။ နောက်ထပ် မမှား မိအောင်တော့ သတိပြုရမှာပေါ့လေ။ အမှား တခု ကို ဆင်ခြေပေးဖို့  ရှာ နေရတာဘဲဖြစ်ဖြစ် ငါမှန်တယ် ဆို ပြီး ဟန်ဆောင် နေရတာဘဲ ဖြစ်ဖြစ်  တော်တော် စိတ်ပင်ပန်းပါတယ်။  တယောက်ယောက်ကို မနာလို ဖြစ်နေရတာ မုန်းတီး နေရတာ က လဲ စိတ်ကို ပင်ပန်းလေးလံ စေတယ်။ လူတိုင်း အပေါ် မျှတတဲ့ စိတ်ထား ထား တတ်ရင် စိတ် အေးချမ်းရတယ်။
ကျမ ပင်ကိုယ်က အမှတ် သည်းခြေ မရှိတဲ့ ထဲ မှာပါတယ်။ ဘယ်ဟာ မဆို ဖြောင့်ဖြောင့် တန်းတန်း တွေး ပြီး အကင်းမပါး တဲ့ အထဲမှာပါတယ်။ ငယ်တုန်းက ရန်ဖြစ်တာ တို့  စကားများကြတာ တို့ ဆို မေ့လွယ် ပျောက်လွယ်တယ်။ နောက်ပြီး အဖိုး နှင့် အဖွား က မွေးစားထားတာဆိုတော့ နေတဲ့ အိမ်မှာ ဦးလေး အဒေါ်တွေ ၀မ်းကွဲတွေ နှင့် လူတော်တော်များတယ်။ ဘယ်သူနှင့် ဘဲ ပြသာနာဖြစ်ဖြစ် နောက်နေ့  မကူးဘူး မေ့သွားရော၊  ကြာလာတော့ ကျမ အဖွားက ဘေးကနေ မြင်နေပုံရတယ်။ ကျမ အစား အသည်းတွေယားပြီး ကျမကို ခဏခဏ ဆူတယ် " နင့် ပုစဉ်းလို့ ဘဲ သည်းခြေ မပါဘူး။ ဘာတခု မှ မှတ်မထား ဘူး" စသဖြင့် ပေါ့ ။ ကျမ က လည်း IQ က မြင့်တော့ အဖွား ပြောတာ တလွဲ မှတ်ယူ ပြီး စာအုပ်တအုပ် သတ်သတ်ထားပြီး ဒီနေ့ ကျောင်းမှာ ဘယ်သူနှင့် ရန်ဖြစ်တယ် သူက ဘာပြောတယ် အိမ်မှာ ဘယ်သူက ဘယ်လို ပြောတယ် ဆိုပြီး မှတ်ပါလေရော။ အဖွား ဆိုလို တာက ပြသာနာ တခုဖြစ် ခဲ့ ရင် ဘယ်လို့  အကြောင်းကြောင့် စဖြစ်သလဲ မှတ်ထား ရင် နောက်တခါ ဒီလို ပြသာနာမျိုး  မဖြစ်အောင် ရှောင်ရှားနိုင်ဖို့  ဖြစ်မှာပါ။ သို့ သော် ကျမ မှာ အဆိပ် အတောက်ဖြစ်စေတဲ့ အရာတွေကို မှတ်ထားမိပြီး မကြာခဏ မေ့မှာစိုးလို့  ပြန်ပြန် ဖတ်ရတာ အမော။ ကြာလာတော့ စိတ်ပင်ပန်းမှု သံသရာ ထဲက မလွတ်မြောက်ဘူး။ တခါတလေ တလွဲ တွေးသေးတယ် ငါက ဒီလို အမှတ်ကြီးတာ ဆိုပြီးပေါ့ :) ။ နောက်တော့လည်း ကျမ  ဘာသာရေး စာအုပ်ဖတ် ဖြစ်တာ၊ ပတ်ဝန်းကျင် က အဖြစ်အပျက်တွေကို လေ့လာ မိတာ တွေ ပေါင်းစပ်ပြီး memory ထဲက အဆိပ်အတောက် ဖြစ်စေ တဲ့ Data  တွေကို တ ဖြည်းဖြည်း   shilf + delete လုပ်နိုင်ခဲ့ပါတယ်။ delete လုပ်တာ လွန်သွားလို့ လဲ မဖြစ်သေးဘူး :) ယောကျာ်း နှင့် သမီး နာမည်လေးတော့ ချန်အုံးမှ :D