Monday 1 August 2011

ကျမ နှင့် ပိုးဟပ်

စင်္ကာပူတွင် ပိုးဟပ်ပေါသည်။ ရောက်စက မသိသာ ပေ ။ သို့ သော် အိမ်တွင် တဖြည်းဖြည်း များလာ သောကြောင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားရသည်။ ဈေးဆိုင်တွေမှာ လျှောက်ကြည့်တော့ cockroaches killer ဆိုတာ ကိုလည်း မသုံးချင်ပါ killer ဆိုတာပါနေသောကြောင့်ပါ။ ဆက်ရှာကြည့်တော့ cockroaches trap ဆိုတာကိုတွေ့ သည် killer ဆိုတာ မပါပေ။ ထို့ ကြောင့် ဘာဘဲဖြစ်ဖြစ် ၀ိနည်းလွတ်တာဘဲ ဆိုပြီး ၀ယ်လာသည်။ အိမ်ရောက်လို့ ဖွင့် ကြည့်တော့ ကတ်ထူ ဗူးသေးသေး ပြားပြားလေး အောက်ခြေမှ ခွာပါ ဆိုတာလေး ခွာလိုက်တော့ ကော်ဖြစ်နေသည်။ ပိုးဟပ်ကို ကော်နဲ့ ကပ်ပြီးဖမ်းတဲ့ သဘောပါ။ သို့ နဲ့  တရားခံ ရှာအုံးမှ ဆိုပြီး ကျမ ယောကျာ်းကို သွားမေးကြည့်သည် ဒီဟာ နဲ့  ပိုးဟပ်ကိုဖမ်းရင် မသေလောက်ဘူးနဲ့ တူတယ် ( မေးကတည်းက သိရက်နဲ့ လိုရာဆွဲ မေးလိုက်သည်) သူ ကလဲ တိတိကျကျ ပြန်ဖြေသည်။ မသေစေချင်လျှင် တော့ ဗူးထဲက ကော်နဲ့ ကပ်မိနေတဲ့  ပိုးဟပ် တွေကို နေ့ တိုင်း အစာနည်းနည်းကျွှေးပေး ရေနည်းနည်းတိုက်ပေးပေါ့တဲ့  အဖြေက (ရွဲ့ ပြီး) တော်တော်ရှင်းသည်။ နေရင်းထိုင်ရင်း ပိုးဟပ် ကို အိမ်မွေးတိရ စ္ဆာန် ထဲ ထည့်ရမလိုဖြစ်နေပြီ ။  ဒါနဲ့  ဒီနည်းလဲ အဆင်မပြေသေးပါဘူး ဆိုပြီး နှမျောစွာ cockroaches trap ကို ပစ်ထုတ်လိုက်ရသည်။ ကျမလည်း အလုပ်မရှိအကိုင်မရှိအားနေသူဆိုတော့ ပိုးဟပ်ကို ဘက်လိုရှင်းရပါ့ (ငါးပါးသီလကလဲ လွတ်ချင်သေးသည်) ဆက်ပြီး စဉ်းစားသည်။ သို့ နှင့် ပရုတ်လုံးတွေကို ကြောင်အိမ်ထဲ ထည့်ထားကြည့်လိုက်သည်။ တပတ်လောက်စောင့်ကြည့်တော့လည်း ပိုးဟပ်တွေက အေးအေးဆေးဆေး အစားမပျက် အသောက် မပျက်ပေ။ ပိုးဟပ်တွေ ကျမ ကြောင်အိမ်ကို ရေကြည်ရာမြက်နုရာ လို့ အထင်ရောက်သွားပုံရသည်။ တဖြည်းဖြည်း နယ်ချဲ့ လာတော့သည်။ ကြာတော့ ကျမ လည်းသူတော်ကောင်း ဟန် ကြာကြာ မဆောင်နိုင်တော့ပေ။   ပိုးဟပ်တွေ ပမာမခန့်  လုပ်နေသည်ကို နည်းနည်းတော့ စိတ်တိုလာသည်။ ဒင်းတို့ ကို မသတ်ရက်သည်မှာ ချစ်လွန်းလို့ တော့ မဟုတ်ပေ။ ကျမ ကိုယ့်ကို ကိုယ် ချစ်သဖြင့် ၀ဋ်လည်မှာ ကြောက်သောကြောင့်သာ သည်းခံနေရသည်။  ( ၀ဋ်လည် မှာ ကြောက်ရခြင်း အကြောင်း နောက်မှ ရေးတော့မည် )။
ဒီနေ့ မှာတော့ ငါ ၀ဋ် လည်တာ ခံမလား ပိုးဟပ်တွေများများလာ တာ ကြည့်နေနိုင် မလားဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြီး တခုတခုတော့ လုပ်မှ ဆိုပြီး  fairprice shop မှာ တော်ရှာမြောက်ရှာ ရှာရင်း NaturGard - Automatic Insect Control System ဆိုတာတွေ့ သည်။ ပိုးဟပ်တွေ သေမှာလား ပြေးရမှာလားမသိပေ။ ကျမ တမင်တကာသေချာ မဖတ်တော့ပါ။ killer လို့ မပါတော့ ဘာဘဲပြောပြော တာဝန်ကင်း တယ်ယူဆပြီးစိတ်ချမ်းသာသလိုရှိပါသည်။ ပိုစိတ်ချမ်းသာစေတာက discount ချထားခြင်းဖြစ်သည်။ :-)

5 comments:

  1. အိမ်မှာတော့ ကျမအမျိုးသား ပဲ အဲဒါတွေလုပ်တယ်။

    ReplyDelete
  2. စော(အ၀ါရောင်မြေ) သက်သာတာပေါ့နော့ comment ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ဟိုနေ့ကပဲ အိမ်ကလူက ပရွက်ဆိတ်တွေကို ရှုးရှူးနဲ့ ဆေးဖြန်းနေလို့ မလုပ်ပါနဲ့တော်လို ပြောရတယ်။ ကိုယ်ကတော့ လေနဲ့မှုတ်ထုတ်တယ်။ ပိုးဟပ်တွေ မရှိပါလားဆိုတော့ သူဆေးဖြန်းထားတာကိုးတဲ့။ မသတ်ရင်လဲ ပွားမှာကြောက်ရ သတ်ပြန်ရင်လဲ ငရဲကြီး။ သနားလဲ သနားသေးတယ်။ အဲ့ကိစ္စတကယ်ခက်တယ်။ ညည အစာတွေကို လုံအောင်ဖုံး။ အမှိုက်ပုံး ညတိုင်းပစ်ရင်တော့ သက်သာတယ်။

    ReplyDelete
  4. word verified လုပ်တဲ့ ဟာလေးဖြုတ်လိုက်ပါလား၊ ကွန့်မန့်ပေးတိုင်း လိုက်ရေးနေရလို့။ edit comment မှာ လုပ်လို့ရပါတယ်။ ကိုယ်လဲ ဘလော့ဂ်လေးဖွင့်ကာစ အော်တို ၀င်နေတာ မသိတော့ အစ်မတစ်ယောက်က ဖြုတ်ထားဖို့ လာပြောသွားတာ။

    ReplyDelete
  5. ဖြုတ်လိုက်ပြီ ကျေးဇူးဘဲနော်

    ReplyDelete