Tuesday 1 November 2011

၁.၁၁.၁၁

(၁)

အင်္ဂါ ဂြိုလ် သည် ရေ ရာသီ ကရကဋ် တွင် နိစ် ခံ နေရာမှ အောက်တိုဘာ လကုန်တွင် လွတ်ပြီး။ ( ရေ ရာသီ  တွင် နိစ် ခံနေသောကြောင့်  ရေဘေးများကြုံတွေရသည်။) စနေ ဂြိုလ် သည် ဥစ်အိမ် တူရာသီ သို့ နိုဝင်ဘာ လလယ်တွင် ရောက်ရှိမည်။ ထို့ ကြောင့် နိုဝင်ဘာလ တွင် ကောင်းသတင်းများကြားရပြီး လူအများစု အဆင်ပြေ စိတ်ချမ်းမြေ့ကြမည်။ (အပါး သင်ပေးသော ဗေဒင် ပညာဖြင့်  တောင်တွက် မြောက်တွက် တွက်ထားပါသည်။ မှားခဲ့လျင် ခွင့် လွတ်ပါ။အဖိုးက ဗေဒင် ယုံလွန်းတာ မကြိုက်ပါ။ ကျမ က  ကိန်းဂဏာန်းဖြင့် တွက်ချက်ရသဖြင့် ပညာတရပ် အနေဖြင့် စိတ်ဝင်စားပါသည်။) လစ်ဗျားတွင် ဗေဒင် ဆရာရှိပုံမရပေ။:)     

(၁.၁)

လူဦးရေ သန်း ၇၀၀၀ ပြည့်ပြီး ဆိုတာ ကြားမိသည်။


(၁.၁.၁)

အိုဘားမား သမီးများ ညအိပ်ယာဝင်ချိန်သည် ည ၈ နာရီ ဆိုတာ သိရတော့ အံသြ မိသည်။ ( ကျမ ယောကျာ်းက ပြောသည်။) သတင်းက ၂၀၀၉ ကတည်းက အခုမှ သိရသည် ကျမ တော်တော် up to date ဖြစ်သည်။  In the Obama White House, bedtime is still at 8 p.m. The girls still set their own alarm clocks and get themselves up for school in the morning. They make their own beds and clean their own rooms. (NY time)


(၁.၁.၁.၁)

သမီးကို ကျောင်းကြိုစဉ် မိုးရွာတော့ ကျမ ကို ပြောသည် ဒီနေ့ မိုးရွာမရွာ ဆိုတာ ပြက္ခဒိန် မှာ ကြည့်လို့ မရဘူးလားတဲ့ (မိုးလေသ၀ သတင်းနဲ့  ရောသွားပုံရလေသည်။)

(၁.၁.၁.၁.၁)

အမေ စု ပြောတဲ့ အဂတိ လေးပါး
`အဂတိ လို က်ခြင်း´ ဆိုတာ ဘက်လိုက်ခြင်း ( အမှန်တရားကို မျက်ကွယ်ပြုခြင်း )
ဘက်လိုက်ခြင်းလေးမျိုး ရှိသည်။
၁။ ဆန္ဒာဂတိ - ချစ်ခင်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၂။ ဒေါသာဂတိ - မုန်းတီးမှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၃။ မောဟာဂတိ -  တွေဝေမှု၊ မသိ နားမလည်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၎။ ဘယာဂတိ - ကြောက်ရွံ့မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊ တို့ ဖြစ်သည်။ 
Facebook မှာ တွေလိုက်တော့ အနေဖြောင့် အသေဖြောင့် ချင်လျှင် အဂတိ တရား ၄ ပါးကို စောင့်ထိန်းရန် ဆုံးမဖူးသည့်  အဖိုးကို သတိရမိသည်။ ကျမ လို သာမာန် လူ တစ်ယောက် ကတော့ နေ့ စဉ်နဲ့  အမျှ သေးသေးဖွဲ့ ဖွဲ့  တခုမဟုတ် တခုကတော့ ဘက်လိုက်မိ ပါသည်။ နေ့ စဉ် နှင့် အမျှ လျော့နည်း အောင် ကြိုးပမ်းအားထုတ် နေရအုံးမည်။



8 comments:

  1. ကြိုးစားပါ ကြိုးစားပါ.။အောင်မြင်ပါစေ။

    ReplyDelete
  2. အိုဘားမား သမီးများ ညအိပ်ယာဝင်ချိန်သည် ည ၈ နာရီ ဆိုတာ သိရတော့ အံသြ မိသည်။ ( ကျမ ယောကျာ်းက ပြောသည်။) သတင်းက ၂၀၀၉ ကတည်းက အခုမှ သိရသည်

    ReplyDelete
  3. ထို့ ကြောင့် နိုဝင်ဘာလ တွင် ကောင်းသတင်းများကြားရပြီး လူအများစု အဆင်ပြေ စိတ်ချမ်းမြေ့ကြမည်။

    ReplyDelete
  4. ဘလော့မှာဗေဒင်ဆရာရှီတာ ကံကေားင်းတာဘဲ။

    ReplyDelete
  5. လစ်ဗျားတွင် ဗေဒင် ဆရာရှိပုံမရပေ။

    ReplyDelete
  6. ဘယ်ရောက်သွားတာလဲ

    ReplyDelete
  7. အစ်မကြီး ခင်ဦးမေ တစ်ကိုယ်တော် လာအားပေးသွားတာပဲ။ အဲ့အစ်မက အဲလိုပဲ သူချစ်ရင် အဲလိုလာလာအားပေးတာ။ ဆွိမရှိလို့ ပျင်းနေမှာ စိုးလို့ ထပ်လာအားပေးပါသည်။ ဟိဟိ။

    အိုဘားမား သမီးတွေ အကြောင်းဖတ်ရတာ ဂျူဂျူတို့နဲ့များကွာပ။ မအေက အကုန်လုပ်ပေးနေရသည်။ အောက်သက်ကြေအောင် သင်ပေးမှ ဖြစ်တော့မည်ဟု သဘောပေါက်သည်။

    ReplyDelete