Saturday 12 November 2011

အလွဲ ပါရမီ

တနေ့ တနေ့  ငါ့မှလဲ မ လွဲရ ရင် မနေနိုင်တာက လွဲလို့  :)

မနေ့ တုန်းက သမီးကို ပို့ နေကျ သင်တန်း တခု သွားပို့ သည်။ ဘစ်ကား ဂိတ် ရောက်တော့ အချိန်က အရင်နေ့ ထက်စောနေသည်။
အမယ် ဒီနေ့ တော့ ငါ တယ် ဟုတ်ပါလားဆိုပြီး . သို့ သော် ကိုယ့် အကြောင်းကို သိနေတော့ သေချာတော့စစ်ဆေးအုံးမှ
သမီးရော ငါ့ ရော ဘစ်ကား/ရထား ကဒ်လဲပါတယ် ဒီတခုတော့ ဟုတ်ပြီ
ဖုန်းကို စစ်ကြည့်တော့ ဖုန်းလဲပါတယ်
ထီးလဲပါတယ်
ရေဗူးလဲပါတယ်
သော့လဲပါတယ်
ပိုက်ဆံအိတ်ကတော့ ထွက်ခါနီးမှ သေချာ ထည့်လာတာ
စာအုပ်လဲစုံ 
အင်း  ..
အ၀တ်အစားလဲစစ်အုံးမှာ တခါတလေ ပြောင်းပြန်တွေ တလွဲတွေ ၀တ် တတ်လွန်းလို့ 
ဟိုနေ့ ကလဲ ရထားပေါ်မှာ  စတိုင် ထုတ်အုံးမှ ဆိုပြီ ဘောင်းဘီ အိပ်ထဲ လက် နှိုက် လိုက်တာ အိပ်ကပ် ရှာမတွေ့ ဘူး နေပါအုံး ငါဒီဘောင်းဘီ ၀ယ်တုန်းကလဲ အိပ်ကပ်ပါတယ် အရင်နေ့ တွေ ၀တ်တုန်းက လဲ အိပ်ကပ်ပါတယ်  ဒီနေ့ မှ အိပ်ကပ်က ဘယ်ရောက်သွားပါ လိမ့် ဆိုပြီး သေသေချာချာ လေ့လာကြည့်တော့မှ အရှေ့နှင့် အနောက်မှား ၀တ်လာတာ၊ အရေထူနေတော့ နည်းနည်းဘဲ ရှက်လိုက်ရတယ် ဟိ။ 
အခုလဲ  သေချာ စစ်ကြည့်တော့ အားလုံး အမှန် အိုကေဘဲ။ 
ဘစ်ကားပေါ်ရောက်ပြီး အချိန်ကြည့်လိုက်တော့ ထူးထူးဆန်းဆန်း အချိန်ကလဲ တိကျနေသည်။
ထို့ ကြောင့် သမီးရေ ငါတို့ ဒီနေ့ တော့ အချိန် မိရောက်မှာပါ ဆိုပြီး ဒီနေ့ ငါတယ်ဟုတ်ပါလား တခုမှာ မလွဲဘူး။ ကိုယ်ကိုကိုယ် အထင်ကြီးသွားသည်။
သင်တန်း ရောက်တော့ အချိန်က လဲကွက်တိ ၁၀ မိနစ်တောင်စော နေသေးတယ်။
ယောကျာ်းထံ ဖုန်းဆက်ပြီး ကြွားအုံးမှ တွေးလိုက်သေးသည်။
အပြန်ခရီး အလွဲ မရှိမှ ဘဲပြောတော့မယ် အသွားမှာ ဒီလောက် မှန်နေတာ ပြန်ရင် လွဲစရာမှ မရှိတာလေ။ အခု သွားပြောရင် အပြန်မလွဲစေနဲ့ ဆိုပြီး သက်သက် အပြောခံရအုံးမှာ တွေးလိုက်သည်။
သို့ နှင့် ဟင်းချက်စရာဝယ်ရန် ပိုက်ဆံထုတ်အုံးမှ ဆိုပြီး ATM သို့ သွားလိုက်သည်။ အိတ်ထဲက ပိုက်ဆံအိတ် ထုတ်လိုက်သည်။ ပိုက်ဆံ အိတ်ဖွင့်လိုက်သည်။
ချက်ခြင်းဖွင့်မရတဲ့ ပိုက်ဆံအိတ်ကို စိတ်တိုလိုက်သေးသည်။
၂ ခါ ၃ခါ ဖွင့် မရဖြစ်တော့ မှ ပိုက်ဆံအိတ်ကို ကြည့်ပြီးဖွင့်မှ
ကြည့်လိုက်တော့မှ
အော် ငါ ဆိုတာ ငါပါဘဲ
ထင်တော့ထင်သား မှန်နေတာကို က လွဲနေတယ်ဆိုတာ
အပန်းရောင်ခြင်းတူပြီး အရွယ်အစားတူ ငါ့ပိုက်ဆံအိတ်နှင့် သမီးရဲ့ ဘာဘီခဲတံထည့်အိတ်မှားပြီး ထည့်လာတာကိုး ဒါကြောင့် မျက်လုံးနှင့် မကြည့်ဘဲ ဇွတ်ဖွင့်နေတာ ငါ့ ပိုက်ဆံ အိတ်လို့  သံလိုက်တုံးနှင့် လွယ်လွယ် ခွာရတာ မဟုတ်ဘဲ ဇစ်တတ်ထားတော့ လွယ်လွယ်နှင့် ဖွင့်မရတာ အခုမှ သဘောပေါက်သွားသည်။
အင်း လွဲတယ်ဆိုတာလဲ ပါရမီပါအုံးမှ လွဲချင်တိုင်းလွဲလို့ မှ မရတာလေ။ :-)

note : sorry for using " ငါ " pl ignore it.  

5 comments:

  1. တော်သေးတာပေါ့ ပျောက်သွားတာထက်စာရင် တို့တုံးက ပျောက်သွားတာ အဟင့်

    ReplyDelete
  2. အးမငယ်နဲ့ ဖိုးမူရေ။ တို့လဲ ခဏခဏလွဲတယ် ။ အဆောင်မှာနေတုံးက တို့ကို သူငယ်ချင်းတွေပြောတဲ့ စကားတစ်ခွန်းရှိတယ်။ တစ်ခုခုလွဲပြီဆို "ဆွိကြီး ပီသလိုက်တာပါတဲ့ ..." အိမ်မှာ အကျီရှေ့နောက်မှားဝတ်လေ့ရှိတာကတော့ ဦးခြိမ့်ပဲ။

    အမြဲအားပေးလျက်

    ReplyDelete
  3. :-) မမ khin oo may, မမ Sweet အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  4. အားပေးတဲ့ အထဲမှာ တို့လဲပါတယ်နော် ...
    အသစ်တင်တိုင်း လာဖတ်တယ်.

    မချို

    ReplyDelete
  5. အားပေးသွားပါတယ်..

    ReplyDelete