Tuesday 20 December 2011
ထမင်းထုတ်
ကျမ တို့  နှစ် ယောက် အကျင့် စရိုက်ခြင်း တူသည့် နေရာတွင် တထပ်တည်းကျအောင် တူကြသည်။ မတူကြသည့် နေရာတွင် ဆန်ကျင့်ဖက် ကွဲပြား၏။ နှစ် ယောက်စလုံး ကိုယ့်အသက်ကိုယ် မမှတ်မိသည့် နေရာတွင် တူကြလေသည်။ လိုအပ်လို့  form တခုခု ဖြည့်မည်ဆိုလျင် ကိုယ့်အသက်ကို  အပြေးအလွား စဉ်းစားရလေသည်။ နှစ်ယောက် စလုံး အသေးအဖွဲများ ကို ဂရုမစိုက် တတ်ကြဘဲ အကြီးအမားများလဲ လွတ်ကျတတ်သည့် နေရာတွင် တူလေ၏။ ဆန့်ကျင်စွာ ကွဲပြား သည့် နောက်တခုကား ကျမ သည် စကားများ သူဖြစ်ပြီး သူ ကတော့ သံ၇ုံးကို လစဉ်လတိုင်း အခွန်ဆောင်ရလေရာ လေပါ အခွန် ဆောင်ရမှာကို ကြို စိုးရိမ်သဖြင့် စကား တတ်နိုင်သမျှနည်းလေ၏။ သူကား ရသမျှ အချိန် စာဖတ်ပြီး  ကျမ ကတော့ အချိန်မရမက ရှာပြီး စကားများရသည်။ ဘီယာ လေးခွက်လောက်သောက်ပြီ  ဆိုရင်တော့ သူနှင့် စကားအပြန်အလှန် ပြောလို့ ရသည်။ သို့ သော် အချိန်၇ှားသော သည်ကျွန်းစံ ဘ၀ရောက်ကတည်းက  ဘီယာ မပြောနဲ့  ရေတောင် အချိန်လုသောက်နေရရှာ၏။ နောက်တော့ ကျမလဲ တယောက်ထဲ စကားများရတာ ပျင်းလာသောအခါ အချိန်ရလျင် အင်တာနက်ကြည့် တတ်လာသည်။ ထို အခါ ကျမလည်း ပါးစပ်ညောင်း သက်သာ သွားပြီး ကျမ ယောကျာ်းလဲ နားငြီး သက်သာ သွားသည်။ ကံကောင်းသည် အင်တာနက် ဘီယာ ဆိုတာတွေသာ မ၇ှိခဲ့လျှင် ကျမ ဘ၀ အက်ကိုးရှိသော လှိုဏ်ဂူလိုက်ရှာပြီး စကားပြောရပေမည်။   နောက် တခုက တော့ လူဖြစ် လာရသည့် ခေတ် စနစ် အနည်းငယ် ကွာလေရာ တွေးခေါ် ယူဆပုံ ကွာရလေသည်။ သူကား ထူးအိမ်သင်၊ ဇော်ဝင်းထွဋ် လေးဖြူ တို့ ၏ သီချင်းများဖြင့် ဟိုကောင်မလေးကြိုက် လိုက် ဒီ ကောင်မလေး စိတ်ဝင်စားလိုက် လုပ်နေချိန်တွင် ကျမကား ထုတ်ဆီးထိုး ကြိုးခုန် ဇယ်တောက်လို့ ကောင်းတုန်း အချိန်ဖြစ်၏။ ကျမ၏ နမော်နမဲ့ ၊ တလွဲ တချော၊ အိုးနင်းခွက်နင်း အကျင့်များ ကတော့ အရင်ဘ၀ ကတည်းက promotion ကာလနှင့် တိုးပြီး package လိုက်တွဲပါလာပုံရ၏။ ထို့ ကြောင့် ကျမ၏ ရင့်ကျက် တိုးတက် မှု ကို သူ့ ခမျာ ရပ် စောင့်နေရကြောင်း စကားနည်းသော်လည်း မကြာခဏ အပြောခံရသည်။ သို့ သော် ကျမသည် ရှေ့သို့  တစ်လှမ်းခြင်းသွားနေပါသည် နောက်ပြန်လည်း မသွားသလို စုံလည်း မခုန်ပါ။ :-) ( ၀န်ကြီး စကား ယူ သုံးမိပြီ ကော်ပီ ရိုက် ပေးရန် လိုမလို မသိပါ) ထိုသို့   မကြာခဏ အပြောခံရတာ များလာတော့ တနေ့ တော့ ကျမ စိတ်တိုပြီး ပြန်ပြောလိုက်တယ်။
" ဒီမှာ  မိန်းမ ယူတယ်ဆိုတာ ဟိုတယ်မှာ ဘူဖေ စားသလို ကိုယ်ကြိုက်တာဘဲ ပန်းကန်ထဲ ရွေးထည့် လို့ ရတဲ့ အရာမျိုး မဟုတ်ဘူး မှတ်ထား "
သူက လဲ မခံဘူး စွာတယ်
" ဒါဆို ကိုယ့်အဖြစ် က လေဘေး၊ ရေဘေး မှာ ထမင်းထုတ် ဝေလို့ ရလာ တဲ့ ဘ၀ မျိုးပေါ့ " တဲ့  ကျမလည်း ချက်ခြင်း ပြန်ပြော လိုက်ပါတယ် " ထမင်း ထုတ်မရတဲ့ သူထက် ကံကောင်းတယ်မှတ် ဟွန်း ဒီထက်  ကံကောင်း ရင် ထမင်းတွေ ဟင်းတွေ အပြင် ထီလက်မှတ် တို့  ပိုက်ဆံ တို့ တောင် ပါလာတတ်သေးတာ"  အနိုင်ပိုင်းပြီး စကားရပ်ထားပါသည်။
6 comments:
  1. အသံထွက်အောင် တချက် ရယ်မိတယ်။
    စိတ်မကြည်လင်နေတုန်း ဒါလေး ဖတ်ရလို့ မျက်နှာအကြော နည်းနည်း ပြေသွားမယ်ထင်တယ်။
    :)
    (ကိုယ့်အတွက်ကတော့ စိုင်းထီးဆိုင်ရဲ့ သီချင်း ”ဒီထက်ပိုပြီး မတတ်နိုင်ဘူး” ကို ညည်းလိုက်တာနဲ့ပဲ အနိုင်ပိုင်းလိုက်တာပါပဲ။
    ReplyDelete
  2. comment ရေးလို့ ရသွားပြီ၊
    ReplyDelete
  3. သိတ်တော့နားမလည်ဘူး တို့က နဲနဲတော့ထုံတယ်။
    ReplyDelete
  4. အဟဲ..
    မှတ်ကရောကွ..
    ReplyDelete
  5. ဟားဟားဟား... တော်ကီတွေ အကုန်ကြိုက်တယ်... :)
    ဒါမျိုးလေးတွေ ဆက်ရေးပါဦးခင်ဗျ... စကားပြောသန်လို့ ဘလော့ကာ ဖြစ်လာတာပေါ့ :P
    ReplyDelete
  6. မိန်းမယူတယ်ဆိုတာ ဘူဖေးဆိုတာထက် A la carte ဆိုရင် ပိုမှန်နေမလား၊
    ဖတ်လို.ကောင်းတယ်၊ ရယ်ရတယ်၊
    A la carte = " according to the menu" and is used in the restaurant industry to refer to an individual item.
    ReplyDelete