Sunday 7 July 2013

ဒီနေ့  အတွေး


မရေးတာ ကြာပြီး

ဒီတခါ လည်း ၀င်ပါအုံးမှ 

ဘာသာ ရေး နှင့် ပတ်သက်ပြီး အဓိက နှင့် သာမည အကြောင်း စဉ်းစားမိတာ လေးပါ။

ဘုရား ဟော တရား အနှစ် ချုပ် ၀ိပသာနာ အကြောင်း သိသလောက် ရေးကြည့် လိုက်အုံးမယ်

တရား ရိပ်သာ ၃ ကြိမ် ၀င်ဖူး တယ် ၊ မဟာစည် မှာ ဘဲ ။ နေ့စဉ် တော့ တရား မထိုင်ဖြစ်ပါ ။ စိတ်ကူးပေါက် ရင် တော့ နာရီ ၀က် တနာ ရီ အိမ်မှာ ထိုင် ဖြစ်တယ် ။ ၄ ၅ ရက် ထိုင်လိုက် ပြတ် လိုက် ပြန် ထိုင်လိုက်ပါ ။
တရား ထိုင် တယ် ဆိုသော်လည်း
ကျမ တွင် နဂို ကတည်းက ဘာဘဲ လုပ်လုပ် သေချာ မလုပ်တတ်တဲ့  အကျင့် ရှိတာက တစ်ကြောင်း ၊ ပါရမီ အခံ နိမ့်တာ ရယ် ကြောင့် အမည်ခံ တရားထိုင် တယ် ဆိုရုံသာ  ခရီး ကတော့ မရောက်ပေ။
သို့ သော် သံသရာ မှာ  အထုံပါရမီ ရလိုငှား ရငှားပေါ့လေ ဒီလို ယောင်ဝါးဝါးနှင့် ရသလောက်တော့ တရား ထိုင်ဖြစ်ဖို့  ကြိုးစားကြည့်တာဘဲ ။

ကျမ အမျိုးသား လည်း  တရား ရိပ်သာ တွေ ၀င်ဖူးတယ် ။
နောက်ဆုံး ၀င်ထားတဲ့ ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ တရား စခန်း အပြန် မှာ သူ့  အတွေ့ အကြုံ  နားထောင်ဖြစ်တယ် ။
လူတဦးချင်းစီ ၏ အခြေခံ ပါရမီ အပေါ်မူတည်ပြီး ရရှိတဲ့ ဝိပသာနာ ဥာဏ်စဉ် ကွာ နိုင်ပါတယ်။ ပါရမီ မြင့်တဲ့  တချို့ သူတွေ စိတ်ကို ပိုထိန်းချုပ်နိုင်တယ် ၊ ပြောတာ ဆို တာ တွေးခေါ်တာ တွေ က   အစွန်းလွတ်တယ်၊ အစွဲ လွတ်တယ် ။
ကျမ ဆိုရင် တခါတရံ အသိမကပ် မိတဲ့ အခါ ကိုယ့် ခံစား ချက် ၊ ကိုယ့် စိတ်အခံ နှင့် လိုရာဆွဲတွေး ၊ လိုရာ ဆွဲ ပြောတတ်တဲ့ အကျင့်ရှိတယ်။

သူပြောပြတာ ကို လိုရင်းပြောရမယ်ဆို ရင်တော့
ဂိုအင်ကာ တရား စခန်း မှာ လူမျိုး ဘာသာ တွေ အစဉ်အလာ တွေ ဆိုတာ ထက် ၀ိပသာနာ သန့် သန့်  ကို ဘဲ အလေးထားတယ် ။  ယောဂီ အသစ် က ငါးပါးသီလ ၊ ယောဂီ အဟောင်း က ရှစ်ပါး သီလ တော့ စောင့်ထိန်းရတယ်။
ထွက်လေ ၀င်လေ ကို ဘဲ အစ ပိုင်းမှာ ၃ ရက်လောက် သမထ အနေ နှင့် သမာဓိထူ ထောင် ခိုင်းတယ် နောက်တော့ ၀ိပသာနာ ကို ကူးတယ်။ အပိုဆာသာ တွေ ဖယ်ပြီး အဓိက အနှစ် ချုပ် ကို ဘဲ လုပ်ခိုင်းတယ်။ ကျမ အပါအ၀င် ဆရာကြီး ဂိုအင်ကာ တရား ရိပ်သာ မှာ မ၀င် ဖူး သူတွေ အဆင်ပြေရင်  ၁၀ ရက်လောက် တရားစခန်း ၀င်ကြည့် မယ်ဆိုရင် အသုံးဝင်တဲ့ အသိထူး ရမှာပါ။

နောက် ပြီး
လူတိုင်း သတ္တ၀ါ တိုင်း ဆို ပိုမှန် မယ် ထိတွေ့ သမျှ အာရုံနှင့် ပတ်သက်လာ ရင် အထုံ အဥာဉ် အတိုင်း ( လုပ်နေကြ အတိုင်း ) အလို အ လျောက်တုံပြန့်  လေ့၇ှိတယ် တယ်။ လှတာမြင်ရင် ကြိုက်တယ် ၊ အနိဌာရုံမြင်ရင် စိတ်ဆင်းရဲတယ် ၊ အမြင်ကပ်သူတွေ့ ရင် ဒေါသထွက်တယ် ဆိုတာ တွေ ဟာ သံသရာ အဆက်ဆက်  ဖြစ်နေကြအတိုင်း Audomatic တုံပြန့် ပြီးသား ၊ အဲဒီလို ကိလေသာ တွေ ဖြစ်တိုင်း ဖြစ်တိုင်း ၀ိပသာနာ နှင့် မထိန်းချုပ် သမျှ တဖြည်းဖြည်း ကိလေသာ ထုတွေ ထူထူ လာတယ်။  နေ့ စဉ် ကြုံလာသမျှ အာရုံ အစုစု ကို ( no attach no reject ) ဥပေ က္ခာ စိတ် နှင့် ကြည့် နိုင်မယ် ဆိုရင် ကိလေသာ နည်း ပါး သွား နိုင်တယ် ။ ဘုရား ဟော တဲ့  အဓိက လို ရင်းကလည်း သတ္တ၀ါ တွေ ကိလေသာ ကျဲပါးပြီး သံသရာ က လွတ် ဖို့ ပါဘဲ။ အစွန်း မရောက် အစွဲကင်းပြီး တွေးကြည့် မယ်ဆို ရင် လက်တွေ့  ဘ၀ မှာ လဲ အနည်းဆုံး စိတ်ပင်ပန်းမှုသက်သာစေတယ်။
ဥပေ က္ခာ  စိတ် နှင့် မကြည့်ဘဲ  အစွန်း ရောက် ၊ အစွဲ ကြီး တဲ့ တွေးခေါ် လုပ်ရှား မှု မှန် သမျှ  ကတော့ သံသရာ ရှည် သထက်ရှည် စေပါတယ် ။ ဘာသာ ရေး အမည်ခံ အပေါ်ယံ တွေ ထက် မြတ်ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ် အနှစ် တရား စစ်စစ် ကို သိသူ ကျင့်သူ များ  ပြန့် ပွား လာပါစေလို့  လေးလေး နက်နက် ဆုတောင်းမိတယ်။






2 comments:

  1. ဦးဂိုအင်ဂါတရားစခန်းက ၂၉နှစ် အတွင်း ပထမဦးဆုံးဝင်ဘူးတဲ့ တရားစခန်းပါ
    ကျွန်မလိုပျင်းတဲ့သူ /beginner အတွက်တော်တော်သင့်တော်တာကို တွေ့ရပါတယ်....
    သူ့နည်းကတကယ့်ကို spoon feed နည်းပါဘဲ ဒါလုပ် ဒါလုပ် လို့ဘဲပြောတယ် ဟိုဟာဒီဟာတွေ ရှင်းပြမနေသလို သဘောတရားတွေလဲ စဉ်းစားစရာမလိုပါဘူး
    သူပြောတဲ့နည်းအတိုင်းလုပ်သွားရင် တဖြေးဖြေးနဲ့တရားကို သူ့အလိုလို သဘောပေါက်လာတယ် ...
    အရင်က မိုးကုတ်နည်း စက်ဝိုင်းကိုကြည့်ပြီး သေချာလေ့လာသင်ယူရမှာလဲပျင်း နားထောင်ရင်းနဲ့လဲ နောက်ပြောရှေ့မေ့ ဆိုတော့ တရားထိုင်တယ်ဆိုတာ ကိုယ်နဲ့အဝေးကြီးလို့ကိုထင်ခဲ့မိတာ...
    တကယ်တန်း တရားတတ်ချင်ရင်တော့ စက်ဝိုင်းကိုလဲ လေ့လာ သင်ယူသင့်တယ်လို့ထင်ပါတယ်(ကွကိုယ်စဉ်းစားမိတာပါ)
    AP

    ReplyDelete
  2. အကြံပေးတာ ကျေးဇူးပါ။ ပဋိစ္စသမုပ္ပါဒ် ကို အချိန်ရရင် လေ့လာကြည့် လိုက် အုံးမယ် ၊ လူတစ်ဦးချင်းစီ ရဲ့  အထုံ ပါရမီ ၊ စရိုက် ပေါ်မူတည်ပြီး ကီးကိုက် တဲ့ ကမ္မဌာန်း လည်း ကွဲပြားနိုင်တယ်လို့  ထင်မိပါတယ်။

    ReplyDelete