Tuesday, 1 November 2011

၁.၁၁.၁၁

(၁)

အင်္ဂါ ဂြိုလ် သည် ရေ ရာသီ ကရကဋ် တွင် နိစ် ခံ နေရာမှ အောက်တိုဘာ လကုန်တွင် လွတ်ပြီး။ ( ရေ ရာသီ  တွင် နိစ် ခံနေသောကြောင့်  ရေဘေးများကြုံတွေရသည်။) စနေ ဂြိုလ် သည် ဥစ်အိမ် တူရာသီ သို့ နိုဝင်ဘာ လလယ်တွင် ရောက်ရှိမည်။ ထို့ ကြောင့် နိုဝင်ဘာလ တွင် ကောင်းသတင်းများကြားရပြီး လူအများစု အဆင်ပြေ စိတ်ချမ်းမြေ့ကြမည်။ (အပါး သင်ပေးသော ဗေဒင် ပညာဖြင့်  တောင်တွက် မြောက်တွက် တွက်ထားပါသည်။ မှားခဲ့လျင် ခွင့် လွတ်ပါ။အဖိုးက ဗေဒင် ယုံလွန်းတာ မကြိုက်ပါ။ ကျမ က  ကိန်းဂဏာန်းဖြင့် တွက်ချက်ရသဖြင့် ပညာတရပ် အနေဖြင့် စိတ်ဝင်စားပါသည်။) လစ်ဗျားတွင် ဗေဒင် ဆရာရှိပုံမရပေ။:)     

(၁.၁)

လူဦးရေ သန်း ၇၀၀၀ ပြည့်ပြီး ဆိုတာ ကြားမိသည်။


(၁.၁.၁)

အိုဘားမား သမီးများ ညအိပ်ယာဝင်ချိန်သည် ည ၈ နာရီ ဆိုတာ သိရတော့ အံသြ မိသည်။ ( ကျမ ယောကျာ်းက ပြောသည်။) သတင်းက ၂၀၀၉ ကတည်းက အခုမှ သိရသည် ကျမ တော်တော် up to date ဖြစ်သည်။  In the Obama White House, bedtime is still at 8 p.m. The girls still set their own alarm clocks and get themselves up for school in the morning. They make their own beds and clean their own rooms. (NY time)


(၁.၁.၁.၁)

သမီးကို ကျောင်းကြိုစဉ် မိုးရွာတော့ ကျမ ကို ပြောသည် ဒီနေ့ မိုးရွာမရွာ ဆိုတာ ပြက္ခဒိန် မှာ ကြည့်လို့ မရဘူးလားတဲ့ (မိုးလေသ၀ သတင်းနဲ့  ရောသွားပုံရလေသည်။)

(၁.၁.၁.၁.၁)

အမေ စု ပြောတဲ့ အဂတိ လေးပါး
`အဂတိ လို က်ခြင်း´ ဆိုတာ ဘက်လိုက်ခြင်း ( အမှန်တရားကို မျက်ကွယ်ပြုခြင်း )
ဘက်လိုက်ခြင်းလေးမျိုး ရှိသည်။
၁။ ဆန္ဒာဂတိ - ချစ်ခင်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၂။ ဒေါသာဂတိ - မုန်းတီးမှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၃။ မောဟာဂတိ -  တွေဝေမှု၊ မသိ နားမလည်မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊
၎။ ဘယာဂတိ - ကြောက်ရွံ့မှုကြောင့် ဘက်မလိုက်ပါသင့်သောအရာသို့ ဘက်လိုက်ခြင်း၊ တို့ ဖြစ်သည်။ 
Facebook မှာ တွေလိုက်တော့ အနေဖြောင့် အသေဖြောင့် ချင်လျှင် အဂတိ တရား ၄ ပါးကို စောင့်ထိန်းရန် ဆုံးမဖူးသည့်  အဖိုးကို သတိရမိသည်။ ကျမ လို သာမာန် လူ တစ်ယောက် ကတော့ နေ့ စဉ်နဲ့  အမျှ သေးသေးဖွဲ့ ဖွဲ့  တခုမဟုတ် တခုကတော့ ဘက်လိုက်မိ ပါသည်။ နေ့ စဉ် နှင့် အမျှ လျော့နည်း အောင် ကြိုးပမ်းအားထုတ် နေရအုံးမည်။



Saturday, 29 October 2011

သီတာ သီတာ

အိမ်အလုပ်လုပ်ပြီး ပင်ပန်း ရတိုင်း အဖွားကို သတိရမိသည်။ ထို့ ပြင် ကျမ တမ်းတ သတိရမိသူ နောက် တစ်ဦးရှိသေးသည်။
သူမ သည် မသီတာဖြစ်လေသည်။  
ကျမသည် တနေ့ နေ့  အထာမကျသည့်  အိမ်မှု ကိစ္စများဖြင့် နပန်းလုံးနေရသည်။ ကလေးအတွက် ပြင်ဆင်ပေးရသည်။ မနက် ပြင်ဆင် စားသောက်ပြီးလို့  ပန်းကန်ဆေး ပြီးတာနဲ့  အ၀တ်လျှော်ဖို့  စီစဉ် ( စက်နဲ့  လျော် လို့ သာ တော်သေးသည်) ရွာမှာလို ရေကလဲ ရေကန် ရေချောင်းသွားပြီး ရေမခပ်ရလို့  တော်သေးသည်။ တသက်လုံး ပေါ်ကြော့ နေလာသမျှ အခုမှ မဖြစ်မနေ အပိုးကျိုးစ ပြုလာရသည်။ တခါတလေ သေသွားသည့် အဖွား ပြောစကားများ တော်တော် မှန်ပါလား အိမ်အလုပ်သည် အိမ်ရှင်မတိုင်းအတွက် အတူတူ ပင်ဖြစ်မည် သို့ သော် လုပ်နေမကျသော ကြောင့် ကျမ အတွက် ပို ပင်ပန်းရ၏ အဖွားပြောစကား အရဆို အလုပ်လုပ်တာ လာဒ်မမြင်ဘူးလို့ ဆိုရမှာဘဲ ။ မြန်မာ စကားမှာ ရှိမရှိတော့ မသိဘူး၊ Professional မကျဘူးလို့ ပြောလို့ လဲရသည်။ အခုမှ နည်းနည်း သဘောပေါက်လာသည်။ မြန်မာ ပြည်မှာ တုန်း က ရုံးသွားလိုက် သင်တန်းတက်လိုက်နဲ့  တနေ့ ကုန်လေသည်။ အိမ်မှု ကိစ္စများကို အိမ်အကူ လို့ ပြောလို့ ရသည့် မသီတာ က အစစအရာရာ တာဝန်ယူပြီး လုပ်ပေးသည်။ ကလေးထိန်းပေးသည်။ သူမ နှင့် ကျမ ကဲ့သို့  အိမ်၇ှင် နှင့် အိမ် အကူ မှာ တော်တော်ရှားမည်။ ဘာကြောင့်လဲ ၇ှင်းပြရလျှင် မသီတာ အမေက ကျမ ငယ်စဉ် က ကျမကို ထိန်း ပေးသည့်  ကလေးထိန်းဖြစ်သည်။ ကျမ တို့ နှင့်အမျိုးတော်စပ်သည်။ သူမက ကျောင်းပညာ ၈ တန်းအောင်ပြီး ဆက်မတက် ပေ ကျောင်းဆက်မတက်နိုင်ခြင်းကြောင့်ဖြစ်သည်။ တောရွာ ထုံးစံအတိုင်း သေစာရှင်စာ တတ်ပြီးလျှင် မိန်းခလေးများကို ပညာရေး အားမပေးပါ။ မိဘများကလဲ မရှိရှိရာ ရှာထားရန် မစဉ်းစားပေ။ များသောအားဖြင့် အ၇ွယ်ရောက်လျှင်ကျောင်းမှထုတ်ပြီး ပိုက်ဆံရှာနိုင်သည့် အလုပ်လုပ်ရလေသည်။ သို့ နှင့် အဖွားနှင့် အမေက အိုးနင်း ခွက်နင်း အပိုးမကျိုးသည့် ကျမ ထံ သို့ ပို့ လိုက်သည်။ ကျမ မိဘ အရင်းများသည် သာမာန် ၀န်ထမ်းများဖြစ်ပြီး ချမ်းသာသူများ မဟုတ်ပါ။ ကျမ ကို မွေးစားထားသည့် အဖိုးနှင့် အဖွားကတော့ သူဌေးကြီးများ မဟုတ်သော်လည်း ငွေကြေး တတ်နိုင်သူများထဲတွင်ပါလေသည်။ အဖိုးနှင့် အဖွားသည် ကျမငယ်စဉ်က တော်တော်အလိုလိုက်ကြသည်။ ကျမ ကလည်း စာတတ်ချင်တဲ့  စိတ်၇ှိတာကလွဲလို့  ကျန်တာ သုံးစားလို့ မရပေ။ ကျမသည် အိမ်အလုပ်ခိုင်းမှာ ကြောက်သဖြင့် အားလျှင် ၇ အိမ်ကြား ၈ အိမ်ကြား စာအော်ကျက်လေ့ရှိသည်။ ကျမ ရည်ရွယ်ချက်မှာ အလုပ်လုပ်ရမှာလဲ သက်သာ၏။ သူများတွေလဲ အထင်ကြီး၏။ ထိုသို့  အကြံဆိုးဖြင့် စာကျက်လေရာ ဆယ်တန်းတွင် ဂုဏ်ထူး တစ်ဘာသာဘဲပါပြီး လိုင်းကောင်းမ၀င်ပါ။ ယောကျာ်းရပြီး ကလေး တစ်ယောက်ရသည့် အထိ အပိုးမကျိုးသည့် ကျမ အတွက် မသီတာသည် ကယ်တင်ရှင်ဖြစ်လေသည်။ သူမသည် ပညာလို ချင်စိတ်ရှိသလို ဘ၀ကို တိုးတက် ချင်စိတ်တော့ရှိသည်။ သန့် သန့် ပြန့် ပြန့် သပ်သပ်ရပ်ရပ် နေတတ်သည်။ မနက် အိမ်ယာထ ရေချိုး သနပ်ခါးလိမ်း ပြီး အိမ်အလုပ်များကို ဆက်တိုက်လုပ်လေသည်။ ကျမသည် ထုံးစံအတိုင်း ဆံပင် စုတ်ဖွားဖြင့် အိပ်ယာထကာ ပျာပျာယာ ယာ ရေချိုး ပြီး သူမ ထည့်ထားသည့် ထမင်းဘူးယူကာ ရုံးသို့ ပြေးလေသည်။ ကျမ သည်ငယ်စဉ်ကတည်းက သနပ်ခါး ပုံမှန်မလိမ်းပါ ။ မြန်မြန်ဆန်ဆန် လိမ်းလို့ ရသည့် lotion တခုခုကို သာ လိမ်းလေ့ရှိသည်။ ကံကောင်းထောက်မပြီး အသားဖြူသော်ကြောင့် ( အမေရော အဖေရော အသားဖြူသဖြင့် မဖြစ်မနေဖြူလိုက်ရ၏ ) လူနှင့် သူနှင့် တူရလေသည် :)။  အသားဖြူတာ ကယ်ပေလို့  ယောကျာ်း ရခြင်းဖြစ်သည်။ အသားဖြူသော်လည်း အလကားလူမှန်း ရပြီးမှ သိရသော ယောကျာ်းကို တော့ အားနာမိ ပါသည် :)။ အလှပြင်ဖို့ ရာ မွေးရာပါ မျက်ရစ် မပါလာသောကြောင့် eyeshadow ခြယ်လို့ မရတော့ပေ။ မျက်တောင်မွေးကလဲ နှစ်ဖက်ပေါင်း ဆယ်ချောင်းတောင်မပြည့်လေရာ mascara လုပ်လို့ မရပါ။ မျက်ရစ်မပါသောကြောင့် မျက်တောင် အတု တတ်လို့ မရပေ။ နှုတ်ခမ်းထော်သောကြောင့် နှုတ်ခမ်းနီ ဆိုးလေ့မ၇ှိပါ။  ပုံဖေါ်ပြီးဆိုးရအောင် စိတ်ကလဲမ၇ှည်ပါ။ အဓိက မှာ အပျင်းကြီးသော်ကြောင့်ဖြစ်လေသည်။ သို့ သော်ကျမ၏
မသီတာသည် ရေမိုးချိုး သနပ်ခါးလိမ်းပြီး အင်္ကျီ နှင့် ထမိန် လိုက်ဖက်သည့် အရောင်ရွေးကာ ၀တ်တတ်သည်။ ကျမလို တွေ့ ကရာ ကောက် မ၀တ်ပေ။ ကျမ ပြည့်ပြည့် နှင့် အပြိုင်ဖွထားသမျှ လိုက်သိမ်းရသည်။ ဟင်းတော်တော်များများကလဲ သူမစီစဉ်ပြီးချက်လေသည်။ ထို့ အပြင် သူမကို လစာ လတိုင်းမပေးနိုင်ပေ။ သူမကလည်း မတောင်းပါ။ နောက်ဆုံးမှ သူမကို ပေးစရာ လခများစုပြီး ပေးခဲ့ပါသည်။  ထိုစဉ်က ကျမ၏ ယောကျာ်းမှာ ကျောင်းတဖက်ဖြင့် ကျောင်းတက်လိုက် အလုပ်လုပ်လိုက် တော်တော် ပင်ပန်းရလေသည်။ကျမ သည် NGO မှလစာ သိပ်မများ သည့် ဒေါ်လာစား ဖြစ်သော်လည်း ပြည့်ပြည့်၏ ကျောင်းလခ ဈေးကြီးသဖြင့် သိပ်ပြီး အဆင်မပြေပါ။ ကျမ ပိုက်ဆံလို လျှင် သူမ  ကုတ်ချစ် စုထားသော ပိုက်ဆံများ ချေးပေးတတ်သည်။ ကျမ က လည်း ရှက်စရာ ဘာဘာညာညာရှည်ရှည် ဝေးဝေး တွေးမနေ ပေ။ ထိုကဲ့သို့  ကျမ အဖြစ်သည် ထူးဆန်း၏။ အိမ်မှု ကိစ္စများကို ကျမ က လည်း မခိုင်းတတ်သဖြင့် သူမ ဘာသာ စီစဉ်ပြီး လုပ်လေ့ရှိသည်။ သူမ ရှင်းလင်းထားလျှင် တခါတရံ ကျမ က ဖွချင်ဖွထားသေးသည်။ ထိုသို့  အစစအရာရာ အားကိုးရသော မသီတာဖြစ်သည်။ (သူမသည် ယခုအချိန်တွင် စက်ချုပ်သင်တန်းတက်ပြီး စက်ချုပ်ဆိုင်ဖွင့်ထားသည်) ။ တခါတလေ တခါက အိမ်ရှင်မများဖြစ်သော အဖွား၊ အမေ နှင့် ယောက္ခမ ကို သတိရမိသည်။ အိမ် အလုပ်လုပ်ရင်း သားသမီးများကို လူလားမြောက်အောင် ပြုစုပေးခဲ့ကြသည့် အိမ်ရှင်မ မိခင်များ တော်တော့် ကို တော်ကြပါလား တွေးမိပါသည်။ 
ယခု အချိန်တွင်ကား လောကဓံ တရား (၈) ပါး ပြေးမလွတ်သော သံသရာ ခရီးသွား ကျမသည်  အလိုလိုက်သည့် အဖွားလည်း လောကကြီးတွင် မရှိတော့ပေ။ မသီတာလည်း မြန်မာပြည်တွင်ကျန်ခဲ့လေပြီ။ အိမ်အလုပ်အပြင် အပြင် အလုပ်ထွက်လုပ်သောအခါ ကျမ ဘ၀ ပိုပြီး ဇာတ်နာ ရအုံးမည် :-) ။  သို့ သော် အသက်ရှင်နေသမျှ ရုန်းကန်နေရပေအုံးမည်
( သံဝေဂရသံ)   ။

Saturday, 1 October 2011

သကြားမင်း၏ မြား သုံးစင်း

ငယ်စဉ် က အဖိုး ပြောပြဖူးသည့် ပုံပြင်ကလေးပါ။ သိပြီးသားဖြစ်ချင်ဖြစ်မှာပါ။ တခါက ချမ်းသာတဲ့ မိဘတွေလက်ဆက်ပေးထားတဲ့ လင်မယား ၂ ယောက်ရှိသတဲ့။ သူတို့ လက်ထက်တွင်လည်း တဖြည်းဖြည်း စီးပွားတက်လာပြီး သူဌေးကြီး လင်မယား ဖြစ်လာသည်။ မိန်းမ ဖြစ်သူက အလွန်ကဲပြီး စီးပွားရှာသည့်နေရာတွင်တော်လေသည်။ ယောကျာ်း ကတော့ အပျင်းကြီးပြီး ပေါ့ပေါ့တန်တန်နေတတ်သည်။ ချမ်းသာတာ သူ့ ကြောင့် ငါကြောင့် ဆိုပြီး မကြာခဏ စကားများ ရန်ဖြစ်ကြသတဲ့ နောက်ဆုံးမှာတော့ ဘယ်သူကြောင့် ကြီးပွား သလဲ သိသာစေရန် ပိုင်ဆိုင်မှု တွေကို တ၀က်စီခွဲပြီး သတ်သတ်ခွဲနေကြသည်။ ထိုအခါ မိန်းမ ဖြစ်သူက ကြိုးကြိုးစားစား စည်းကမ်းရှိရှိ စီးပွားရှာလေရာ တနေ့ တခြားခြား ပိုပြီးကြီးပွားလာသည်။ ယောကျာ်း ဖြစ်သူ ကတော့ ရှိသမျှ စည်းစိမ်းကို သောက်သောက်စားစား ပျော်ပျော်ပါးပါး နေသဖြင့် ဆင်းရဲသွားလေသည်။ နောက်ဆုံးမှာ တော့ ယောကျာ်း ဖြစ်သူသည် မြက်ရိတ်ပြီး ရောင်းရသည့် ဘ၀ရောက်သွား လေသည်။ ထိုအခါ မိန်းမ ဟောင်း သူဌေးမက သံယောဇဉ် လက်ကျန်ဖြင့် သနားလေသည်။ ယောကျာ်းဟောင်းကို ကူညီချင်သည်။ တိုက်ရိုက်ကူညီသော် အဆိပ်ပင်ရေလောင်းဖြစ်မည် စိုး သဖြင့် သွယ်ဝိုက်ပြီး အရင်းအနှီး ထုတ်ပေးရန် စဉ်းစားသည်။ ထို့ ကြောင့် သူဌေးမက ယောကျာ်းဟောင်း မြက်ရိတ်သွားရာ လမ်းတွင် ယုံကြည်ရသော အိမ်အစေခံတစ်ယောက်ကို တိတ်တဆိတ် ရွှေ ထုတ်သွားထားခိုင်းလေသည်။ နောက်ပြီး မြက်ရိတ်သမားရမရ ကိုလဲ သေချာစောင့်ကြည့်ခိုင်းလိုက်သည်။ ထိုနေ့ တွင် မြက်ရိတ်သမားသည် ခေါင်းမော့်ကာမော့်ကာ လမ်းလျောက်လေရာ  ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမက ဒုတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါ သူမြက်ရိတ်သွားရာလမ်း မြင်သာလောက်သည့် သစ်ကိုင်းပေါ်တွင် ချိတ်ထားရန်ခိုင်းလိုက်သည်။ ပထမ နေ့ လိုဘဲ သေချာစောင့်ကြည့်ရန် မှာလိုက်သည်။  ထိုနေ့ တွင် မြက်ရိတ်သမားသည် ဘာကို စိတ်ပျက်နေသည် မသိ ခေါင်းငုံ ကာ လမ်းလျောက်လေရာ  ရွှေ ထုတ် ကို မမြင်ပေ။ အစေခံကမြက်ရိတ်သမား မမြင်သဖြင့် ရွှေ ထုတ် ကိုယူပြီး သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ သူဌေးမကတတိယ အကြိမ်ခိုင်းလေသည်။ ဒီတခါတော့ ထမင်းထုတ်ထဲတွင် အဖိုးတန် ကျောက်မျက်ရတနာထည့်ပြီး အစေခံမကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန်မှာလိုက်သည်။ ထမင်းစားချိန်ရောက်သောအခါ မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်သည် မတော်တဆ လက်ထဲမှ လွတ်ကြသွားရာ အလွန်ကြီးသည် ငါးကြီးတစ်ကောင်က ဟပ်သွားလေသည်။ ဖြစ်ချင်တော့ ထိုငါးကြီးကို တံငါသည်တစ်ယောက်က ဖမ်းမိလေရာ ငါးမှာ အလွန်ကြီးသဖြင့် သာမာန်လူများ မ၀ယ်နိုင်သဖြင့် နောက်ဆုံး သူဌေးမအိမ်သို့ ရောက်လာလေသည်။ သူဌေးမ ၏ အစေခံမက ငါးဝမ်းပိုက်ကို ခွဲလိုက်ရာ မြက်ရိတ်သမားကို ပေးလိုက်သည့် အဖိုးတန် ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကိုတွေ့ သဖြင့်  သူဌေးမကို အကြောင်းစုံကို ပြန်ပြောပြလေသည်။ထိုအခါ သူဌေးမက နောက်တကြိမ်ထပ်ခိုင်းလေသည်။ ကျောက်မျက်ရတနာထည့်ထားသည့် ထမင်းထုတ်ကို မြက်ရိတ်သမား လက်ထဲသေချာထည့်ရန် ထမင်းစားလျှင် မြစ်ကမ်း ခပ်ဝေးဝေးမှာ စားရန် ရေသွားခပ်လျှင် ထမင်းထုတ်ကိုယူမသွားဖို့  ပြောရန်မှာလိုက်သည်။  ထမင်းစားပြီးသည့်အထိ တိတ်တဆိတ်စောင့်ကြည့်ရန်လဲ မှာလိုက်သည်။ အစေခံကလဲ ထမင်းထုတ်ပေးပြီး တိတ်တဆိတ်စောင့်ကြည့်နေသည်။ ထို့ နောက် မြက်ရိတ်သမားသည် ထမင်းစားရန်မြစ်ဆိပ်သို့ သွားလေသည်။ ထမင်းထုတ်ကို ခပ်လှမ်းလှမ်းတွင် ထားပြီး  မြစ်ဆိပ်တွင် သောက်ရေခပ်နေစဉ် ထမင်းထုတ်ကိုခွေးတစ်ကောင်က ဆွဲသွားလေသည်။ ထိုခွေးမှာ သူဌေးမ အိမ်ကခွေးဖြစ်လေရာ သူဌေးမ အိမ်သို့  ထမင်းထုတ်ကိုက်ပြီး ရောက်လာလေသည်။ ထိုအခါ သူဌေးမသည် အလွန် စိတ်ပျက်သွား ပြီး ဒီလောက် အသုံးမကျတဲ့သူ ငါမပြောနဲ့  သကြားမင်းဆင်းပြီးကယ်တာတောင် မကြီးပွားဘူးဟု " ငါထားလို့  သကြားမတောင်မရဘူး " ဟုညည်းညူးလေတော့သည်။ ထိုစကားကို တာဝတိံသာက သကြားမင်း ကြားလေရာ သကြားမင်းက " ဒီမိန်းမ ငါလို သကြားမင်းကို စိန်ခေါ်တယ် " ဆိုပြီး မခံချင်စိတ်ဖြစ်သဖြင့် "စောင့် ကြည့်နေ ငါဆင်းပြီးကယ်မည် " ဟု ကြုံးဝါးကာ သကြားမင်းသည် လူယောင်ဆောင်ပြီး လြူ့ပည်သို့ ဆင်းလာသည်။ ထို့ နောက် မြက်ရိတ်သမား ထံသို့ သွားကာ လေးနှင့် မြားသုံးစင်းပေးလိုက်ပြီး အမောင်လုလင် ငါပေးသည့် မြားသုံးစင်းကို ပစ်လွတ်ပြီး လိုရဆုတောင်းလော့ သင် လိုချင်တာ အကုန်ရလိမ့်မယ်ဟုဆိုပြီး မြက်ရိတ်သမားကို ပေးလိုက်သည်။ မြက်ရိတ်သမားသည် လေးနှင့်မြားကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး ပထမ ဆုံးမြား တစင်းကို သွား ဟဲ့  ငါ (   )  ဆိုပြီး ( သူသည် ပေါ့ပေါ့တန်တန် ယုတ်ညံသော စကားပြောလေ့ရှိရာ အကျင့်ပါနေသဖြင့် ) မြားကို ပစ်လွတ်လိုက်သည်။ ထိုအခါ သူ၏ မွေးရာပါ ပစ္စည်း မှာ မရှိတော့ပေ။ ထို အခါ စိတ်ပူသွားပြီး ဒုတိယ မြားကို လာဟဲ့ ( ) ဆိုပြီး ပစ်လိုက်သည်။ ထိုအခါ တစ်ကိုယ်လုံး ထို ပစ္စည်း များဖြင့် ပြည့်သွားသည်။ မြက်ရိတ်သမားသည် ဒီလောက်များလို့  မဖြစ်သေးဘူးဆိုပြီး ငါ့  ( ) တခုကလွဲပြီး ကျန်တာ အကုန်သွား ဟုဆိုပြီး နောက်ဆုံးမြားကို ပစ်လိုက်ရလေတော့သည်။ နောက်ဆုံးတော့ မြား ၃ စင်းသာကုန်ပြီး မြက်ရိတ်သမား ကတော့ တုံရင်းပင်။ ထိုအခြင်းအရာကို သကြားမင်းမြင်လေရာ ကိုယ်နဖူးကိုယ်ရိုက်ပြီး နတ်ပြည်ပြန်သွားလေတော့သည်။

Friday, 23 September 2011

သန်းကြွယ် သူဌေးဖြစ် ခဲ့လျင်

ဧရာဝတီ ကိုချစ်ပါသည်။ ဘာလုပ်ပေးရမှန်းမသိသေးပါ။ အခုနေများ သန်းကြွယ် သူဌေးဖြစ် ခဲ့လျင် တော့ ဆည်ဆောက်နေသော company ကို ကုန်ကျ စရိတ် ပြန်ပေးပြီး ရပ်ပေးစေချင်ပါသည်။ လူဦးရေ သန်း၆၀ တွင် ၆ ယောက် ၁ ဒေါ်လာ စု လိုက်ရင်တော့ ၁၀ သန်း လောက်ရရင် လောက်မလား မသိပါ။ ( မှတ်ချက်၊ သန်း ၃၀၀၀ တန်ဆည်လို့တော့ ဖတ်ရပါသည်။ )  ကျမတွင် လောလောဆယ် ဒေါ်လာ ၁၀၀ ရှိပါသည်။
Save The Irrawaddy

Tuesday, 13 September 2011

ကျမနှင့် မြို့ပြ

ကျမ အသက် ၁၄ နှစ် အရွယ်မှ ရန်ကုန်ကို စပြီးရောက်ဖူးပါသည်။ အဖေဖက်က အဖွား အိမ်တွင် ၉ တန်း ကျောင်းလာတက်တာပါ။ တောသူမ မြို့ ရောက်သဖြင့် မသိတာတွေတော်တော်များသည်။
အဖိုးက ~ ဘယ်သွားသွား သတိရှိရန် မျက်စီဖွင့် နားဖွင့် နေရန် အမျိုးများ အသိမိတ်ဆွေများ အိမ် လိပ်စာ ဖုန်းနံပါတ် အလွတ်ကျက်ထားရန် ဘုရား တရား မမေ့ရန် အူကြောင်ကြောင် မလုပ်ရန်
အဖွား က ~ စိတ်ပုတီးထည့်ပေးလိုက်သည် ညတိုင်း ဂုဏ်တော် ၉ ပါး စိတ်ရန် သမ္ဗုဒေ ကို မနက်မိုးလင်း ကတည်းက ရွတ်ရန် ဘယ်သွားသွား ဘုရားစာရွတ်ရန်
အဒေါ် တစ်ယောက် က ~ သံပုရာသီး ၁၀ လုံးခန့် ထည့်ပေးလိုက်သည် ဘယ်သွားသွား သံပုရာသီး မမေ့ရန် အိတ်ထဲ အမြဲဆောင်ထားရန် ( တို့ ဆေး မိမှာစိုးသောကြောင့်ပါတဲ့)
တောင်ကြီးမှာ နေတဲ့ အဒေါ် တစ်ယောက်က ~ လမ်းဖြတ်ကူးလျှင် မြင်းကျားမှဖြတ်ရန် သူများတွေဖြတ်မှ ဖြတ်ရန် အရှေ့ဆုံးတွင်လဲ မနေပါနဲ့  အနောက်တွင်လဲ မကျန်ခဲ့ပါနဲ့ တဲ့ အလည်မှာနေပြီး သူများပြေးလျှင်လိုက်ပြေးပါတဲ့ ( သူရန်ကုန်သွားတုန်းက မြင်းကျားမှာ မဖြတ်လို့ ဒဏ်ရိုက်ခံရဖူးသည်တဲ့)
ရန်ကုန်မှာ သင်တန်းသွား တက်ဖူးသည့် အဒေါ် ၀မ်းကွဲတစ်ယောက်က ~ ဘတ်စကား စီးလျှင် အကျီ င်္တွင် တွယ်ချိပ်များများ တွယ်ထားပါတဲ့ (ဘာလို့ လဲဆိုတော့ တွယ်သာတွယ်ထားပါတဲ့) စသဖြင့် ဇာတ်လမ်းတွေထဲက လို တစ်ယောက်တစ်မျိုး မှာကြသည်။
သည်လိုနဲ့  အမေနဲ့  အဝေးပြေးကားစီးပြီး ရန်ကုန်ရောက်လာသည်။ ရန်ကုန် ရောက်တော့ (အဖေ၏ညီမ) အဒေါ်က နေရာ အစုံလိုက်ပို့ ပေးသည်။
တနေ့ တော့ ကျမကို အဒေါ်က ရုပ်ရှင်လိုက်ပြပါသည်။ သိမ်ကြီးဈေးနားလေးကပါ မင်္ဂလာ ရုံလားတော့ မမှတ်မိတော့ပါ။ ဇာတ်လမ်းလဲ မမှတ်မိတော့ပေ မို့ မို့ မြင့်အောင်တော့ ပါသည်။ ရုပ်ရှင်ပြီးတော့ လူများသဖြင့် တိုးထွက်နေစဉ် အပေါက်တံခါး မရောက်ခင် အဒေါ်က ပျောက်သွားသည်။  အဒေါ်ကတော့ လူချင်းကွဲသွားလျှင် ဘယ်မှမသွားရန် သယ်သူခေါ်ခေါ် မလိုက်ရန် ရုံအပြင်ဖက်အပေါက်တွင်စောင့်နေရန်မှာထားသော်လည်း တခါမှ မရောက်ဖူးသေးသည့်နေရာ ဆိုတော့ တောင်တွေးမြောက်တွေးနဲ့  တော်တော်ကြောက်သွားသည်။ လူတွေကလဲ တော်တော်များ၏ ရွာကဘုရားပွဲထက်တောင်များသေးသည်။ ထို့ ကြောင့် အိတ်ထဲက သံပုရာသီးကို လက်ထဲတွင် ဆုတ်လိုက်ပြီး မှတ်မိသမျှ ဘုရားစာရွတ်ကာ အပြင်သို့  တောင်ကြည့်မြောက်ကြည့် အဒေါ်ကိုရှာရင်း အပေါက်ဝမှ ထွက်လာသည်။ ဒီလို မျက်စိသူငယ်နားသူငယ်ဖြင့် (မျက်စိက ငယ်တဲ့အပြင် မှုန်တောင်မှုန်နေသေးတော့ ၅ တန်း လောက်ကတည်းက မျက်မှန်ဖြုတ်လိုက် တပ်လိုက် )  တောင်ကြည့်မြောက်ကြည့် ကြည့်နေတုန်း လှေကားထိပ်တွင် တစ်ယောက်ယောက်က ကြည့်နေသည်ကို သတိထားမိသွားသည်။ သူ့ ကိုသေချာကြည့်တော့ သူ့ လဲပြန်ကြည့်နေသည်။ အရှေ့ နည်းနည်းတိုး ကြည့်တော့ မိန်းခလေးတစ်ယောက်ဖြစ်နေသည်။ ထိုကြောင့် ၀မ်းသာသွားပြီး ပြုံးပြလိုက်ရာ သူမကလဲပြန်ပြုံးပြသည်။ ထပ်ပြီး ရှေ့ တိုးကြည့်တော့ သူမကို မြင်ဖူးသလိုလိုပင် အမျိုးတစ်ယောက်ယောက်များလား စဉ်းစားမိသည်။ သူမကလဲ လူတွေ အများကြီးထဲမှ ဆက်မသွားဘဲ ကျမကိုရပ်စောင့်နေပုံ ရသည်။ ရေနစ်နေသူ ကောက်ရိုးတပင်တွေ့ ရသလို့  အလွန်အားတက်သွားသည်။ ထို့ ကြောင့် ၀မ်းသာအားရ သူမဆီပြေးလာခဲ့သည်။ သူမနဲ့  ကျမ မျက်နှာချင်းဆိုင်းတွေ့  တော့ ကျမ အလွန်အံသြသွားရသည်။ ဘယ်လိုဖြစ်လို့  ငါနဲ့ တော်တော်တူနေပါလိမ့်  ဆိုပြီး အဖြေရှာကြည့်တော့ လှေကားအဆင်း နံရံ တလျောက်တွင် တပ်ထားသောမှန်ထဲမှ ကျမ၏ ပုံရိပ်ဖြစ်နေလေသည်။ သေသေချာချာ လေ့လာကြည့်တော့မှ လူတွေက ထင်သလောက်မများပါ မှန်ထဲတွင် ပေါ်နေသောကြောင့် လူတွေ ၂ ဆဖြစ်ကာ အလွန်များနေသယောင်ထင်နေရသည်။ ကိုယ့်အဖြစ်ကို တွေးမိပြီး ရှက်သလိုလို ၀မ်းနည်းသလိုလို ရီချင် သလိုလို ဖြစ်ကာ ငါ့လမ်းငါ့ လျှောက်မှ ဆိုပြီး သံပုရာသီးကို ကျစ်ကျစ်ဆုတ်ကာ အပြင်ဖက်သို့ ထွက်လာ၏၊ အပြင်ရောက်တော့ တောင်ကြည့်မြောက်ကြည့်ဖြင့် စိတ်ပူပြီးကျမကိုရှာနေသော အဒေါ် ကိုတွေ့ လိုက်ရသည်။



Monday, 8 August 2011

ကြွေးသစ် နှင့် ကြွေးဟောင်း


ကျမ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာစေချင်ပါသည်။ သို့ သော်လည်း သောကဖြစ်စရာတွေ ကား ကြုံရဆုံရ၏။ 
သံရုံးမှာ အခွန်ဆောင်ရခြင်း က ဘယ်သူအတွက်မှ ဒုက္ခ မသေးပါ။ ဘာဘဲပြောပြော မနက် အစောကြီး ၆ နာရီ လောက်ကတည်းက အလုပ်သွားရ အလုပ်ပြန်ချိန်က ညနေ မဟုတ်တော့ ည ၈ နာရီ ၉ နာရီ လောက်မှ အိမ်ပြန် ရောက် ဒီလို ရှာရတဲ့ ပိုက်ဆံဆိုတော့ ဘယ်သူ မဆို နှမျော မိမှာဘဲ။ ပစ်စပို့  သက်တမ်းကလည်း ၃ နှစ် ဆို မြန်သလိုပါဘဲ။ မတိုးလို့ မှ မဖြစ်တော့ မပေးချင်လို့ ဘယ် ရမလဲ။  တွေးကြည့်ရင် စိတ်မသက်သာစရာပါဘဲ မပေးချင်ဘဲ ပေးရ မကုန်ချင်ဘဲကုန်ရတဲ့ ငွေအတွက် လူတိုင်းသောကရောက်မိမှာပါဘဲ။ မဖြစ်မနေလုပ်ရမည့် အလုပ်တခုအတွက် သောက အစား စိတ်ဖြေရာ စဉ်းစားမိပါသည်။  သံသရာမှာ ကျမ တို့  သူတပါး မပေးချင် တဲ့ အရာတွေ ယူခဲ့မိမှာပါဘဲ။ ၀ဋ်ကြွေးလို သဘောထားပြီး အကြွေးတွေ ဆပ်နေရတာလို့ တွေး ကြည့်လိုက်သည်။ အကြွေးဆိုတော့  မြန်မြန်ဆပ် တော့ မြန်မြန်ကျေတာပေါ့ ဆိုတော့ စိတ်သက်သာသွားသလို ပါဘဲ ။ မြတ်ဗုဒ္ဓ ၏ ကျေးဇူးတရားတွေပါ။  အကျိုးတရားတိုင်းအတွက် အကြောင်းတရားတွေ ရှိနေလို့   စိတ်ဖြေရာရှိနေတာပါ။  
လွန်ခဲ့သည့် ၁၅ နှစ်လောက်က အကြောင်းပြန်တွေးမိပါသည်။ ကျမ အမေက အစိုးရ၀န်ထမ်း အဲဒီအချိန်က ရုံးအုပ်လစာက ၁၀၀၀ ကျော်ကျော် လောက်ဘဲရသည်။ အမေတို့ တော်တော့် ကိုအဆင်မပြေပေ။ ၀န်ထမ်းကောင်းဆိုတော့ ပိုပြီး အဆင်မပြေပါ။ ကျမ က အဖိုးအဖွားနဲ့  အတူနေတော့ သိပ်ပြီးမခံစားရပါ။ အဲဒီတုန်းက ၀န်ထမ်း ဘယ်သူမှ မလုပ်ချင်ပါ။ အမေက ဇွဲကောင်းတယ်ခေါ်ရမလား လောကဓံ ကိုခံနိုင်တယ် ခေါ်ရမလား ၀န်ထမ်း အလုပ်ဘဲ စွဲစွဲမြဲမြဲ လုပ်လာခဲ့သည်။ အခုအချိန် ၀န်ထမ်းလစာတွေတိုးတော့ အမေ အရင်ကထက် အဆင်ပြေပါသည်။ သူဌေးတော့ မဖြစ်ပါ။
ကျမ လည်း မျော်လင့်ထားပါသည်။ ကျမ တို့ နိုင်ငံ နောင် လာမဲ့ နှစ်တွေမှာ ဒီထက်ပို အဆင်ပြေပြီး စနစ်တွေပြောင်း သွားပါစေ။ အခွန် ၂ ထပ် ဆောင်ရတာတွေ မရှိတော့ဘဲ ပတ်စပို့  သက်တမ်း ၁၀ နှစ်ဖြစ်သွားပါစေ မျှော်လင့်ရင်း ဆုတောင်းမိပါသည်။ ကျမတို့  ၀ဋ်ကြွေးတွေ ကျေတဲ့ တနေ့  ဖြစ်လာကောင်းပါရဲ့  ကြွေးသစ်တွေ မယူရတဲ့ ဘ၀ဆိုရင်တော့ တနေ့ နေ့ တော့ ရောက်လာအုံးမှာပါ။   

Monday, 1 August 2011

ကျမ နှင့် ပိုးဟပ်

စင်္ကာပူတွင် ပိုးဟပ်ပေါသည်။ ရောက်စက မသိသာ ပေ ။ သို့ သော် အိမ်တွင် တဖြည်းဖြည်း များလာ သောကြောင့် ဘယ်လိုလုပ်ရမလဲ စဉ်းစားရသည်။ ဈေးဆိုင်တွေမှာ လျှောက်ကြည့်တော့ cockroaches killer ဆိုတာ ကိုလည်း မသုံးချင်ပါ killer ဆိုတာပါနေသောကြောင့်ပါ။ ဆက်ရှာကြည့်တော့ cockroaches trap ဆိုတာကိုတွေ့ သည် killer ဆိုတာ မပါပေ။ ထို့ ကြောင့် ဘာဘဲဖြစ်ဖြစ် ၀ိနည်းလွတ်တာဘဲ ဆိုပြီး ၀ယ်လာသည်။ အိမ်ရောက်လို့ ဖွင့် ကြည့်တော့ ကတ်ထူ ဗူးသေးသေး ပြားပြားလေး အောက်ခြေမှ ခွာပါ ဆိုတာလေး ခွာလိုက်တော့ ကော်ဖြစ်နေသည်။ ပိုးဟပ်ကို ကော်နဲ့ ကပ်ပြီးဖမ်းတဲ့ သဘောပါ။ သို့ နဲ့  တရားခံ ရှာအုံးမှ ဆိုပြီး ကျမ ယောကျာ်းကို သွားမေးကြည့်သည် ဒီဟာ နဲ့  ပိုးဟပ်ကိုဖမ်းရင် မသေလောက်ဘူးနဲ့ တူတယ် ( မေးကတည်းက သိရက်နဲ့ လိုရာဆွဲ မေးလိုက်သည်) သူ ကလဲ တိတိကျကျ ပြန်ဖြေသည်။ မသေစေချင်လျှင် တော့ ဗူးထဲက ကော်နဲ့ ကပ်မိနေတဲ့  ပိုးဟပ် တွေကို နေ့ တိုင်း အစာနည်းနည်းကျွှေးပေး ရေနည်းနည်းတိုက်ပေးပေါ့တဲ့  အဖြေက (ရွဲ့ ပြီး) တော်တော်ရှင်းသည်။ နေရင်းထိုင်ရင်း ပိုးဟပ် ကို အိမ်မွေးတိရ စ္ဆာန် ထဲ ထည့်ရမလိုဖြစ်နေပြီ ။  ဒါနဲ့  ဒီနည်းလဲ အဆင်မပြေသေးပါဘူး ဆိုပြီး နှမျောစွာ cockroaches trap ကို ပစ်ထုတ်လိုက်ရသည်။ ကျမလည်း အလုပ်မရှိအကိုင်မရှိအားနေသူဆိုတော့ ပိုးဟပ်ကို ဘက်လိုရှင်းရပါ့ (ငါးပါးသီလကလဲ လွတ်ချင်သေးသည်) ဆက်ပြီး စဉ်းစားသည်။ သို့ နှင့် ပရုတ်လုံးတွေကို ကြောင်အိမ်ထဲ ထည့်ထားကြည့်လိုက်သည်။ တပတ်လောက်စောင့်ကြည့်တော့လည်း ပိုးဟပ်တွေက အေးအေးဆေးဆေး အစားမပျက် အသောက် မပျက်ပေ။ ပိုးဟပ်တွေ ကျမ ကြောင်အိမ်ကို ရေကြည်ရာမြက်နုရာ လို့ အထင်ရောက်သွားပုံရသည်။ တဖြည်းဖြည်း နယ်ချဲ့ လာတော့သည်။ ကြာတော့ ကျမ လည်းသူတော်ကောင်း ဟန် ကြာကြာ မဆောင်နိုင်တော့ပေ။   ပိုးဟပ်တွေ ပမာမခန့်  လုပ်နေသည်ကို နည်းနည်းတော့ စိတ်တိုလာသည်။ ဒင်းတို့ ကို မသတ်ရက်သည်မှာ ချစ်လွန်းလို့ တော့ မဟုတ်ပေ။ ကျမ ကိုယ့်ကို ကိုယ် ချစ်သဖြင့် ၀ဋ်လည်မှာ ကြောက်သောကြောင့်သာ သည်းခံနေရသည်။  ( ၀ဋ်လည် မှာ ကြောက်ရခြင်း အကြောင်း နောက်မှ ရေးတော့မည် )။
ဒီနေ့ မှာတော့ ငါ ၀ဋ် လည်တာ ခံမလား ပိုးဟပ်တွေများများလာ တာ ကြည့်နေနိုင် မလားဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ် ပြီး တခုတခုတော့ လုပ်မှ ဆိုပြီး  fairprice shop မှာ တော်ရှာမြောက်ရှာ ရှာရင်း NaturGard - Automatic Insect Control System ဆိုတာတွေ့ သည်။ ပိုးဟပ်တွေ သေမှာလား ပြေးရမှာလားမသိပေ။ ကျမ တမင်တကာသေချာ မဖတ်တော့ပါ။ killer လို့ မပါတော့ ဘာဘဲပြောပြော တာဝန်ကင်း တယ်ယူဆပြီးစိတ်ချမ်းသာသလိုရှိပါသည်။ ပိုစိတ်ချမ်းသာစေတာက discount ချထားခြင်းဖြစ်သည်။ :-)