Saturday, 15 September 2012

လူ နှင့် ကံ


ကံတရား ၏ ဆန်းကျယ်မှုများ ကို တွေးမိတယ် ။ 


တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊  စိတ်ဓါတ် မကောင်းဘူး သို့ သော်  ကြီးပွား ချမ်းသာ ကြတယ်၊
အဆင်ပြေနေကြတယ် ။

တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊  ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ်  သို့ သော် ဆင်းရဲ 
အဖိနှိပ်ခံ နေရတယ်၊ ဒုက္ခ္ခ္ခ္ခ ရောက်နေကြတယ် ။

တချို့  လူတွေ
မကောင်းတာ လုပ် တယ် ၊  စိတ်ဓါတ် မကောင်းဘူး၊ သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ဆင်းရဲ  ဒုက္ခ္ခ္ခ္ခ ရောက်ကြရတယ် ။

တချို့  လူတွေ
စိတ်ထား ကောင်းတယ်၊  ရိုးရိုးသားသား ကျင့်ကြံ နေထိုင်ကြတယ်။  သူတို့  စိတ် နှင့် အပြုအမှု ကံ အလိုက် ကြီးပွား ချမ်းသာ ကြတယ်၊  အဆင်ပြေနေကြတယ် ။ 


ဒီလို ကွာခြား နေတာ ဘာ ကြောင့် လဲ တွေးမိတယ် ။ စဉ်းစားမိ တာလေး ပုံဖေါ်ကြည့် မိတယ်။  




ပုံ ၁ အရ

ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  ကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ် ဆိုးတာဘဲ လုပ်လုပ် ကုသိုလ် ကံ အရှိန် မကုန်သရွေ ကြီးပွားတိုးတက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ အဖို့  ကတော့ ကုသိုလ် ကံ အရှိန် ကုန်တဲ့  အခါ မကျ မနာလောက်ဘူး လို့  ထင်တယ်။ 

ပုံ ၂ အရ

ရှေးယခင် ဘ၀တွေက ကြီးမားတဲ့  အကုသိုလ် ကံ ကြီးက ဒီဘ၀မှာ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  သူ ကောင်းတာ ဘဲလုပ်လုပ်၊ ဆိုးတာဘဲ လုပ်လုပ် အကုသိုလ် ကံ အရှိန် မကုန်သရွေ့ ဆင်းရဲ ဒုက္ခ္ခ ရောက်နေ မှာပါ ။ ကောင်းတာ လုပ်နေ သူ ကတော့ မကောင်းတာ လုပ်နေ သူ ထက် ခံရ သက်သာ မယ် လို့  ထင်တယ်။ 




ပုံ ၃ အရ

ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ ကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် ကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ  ကုသိုလ်ကံ ကို သံလိုက်လို ဆွဲ နိုင်မယ်  လို့  ထင်တယ်။ 
အကုသိုလ်ကံ အလှည့် ရောက်တော့လည်း ယခု လက်ရှိ ကောင်းမှု ကုသိုလ် လုပ်နေ သူအဖို့  ခံရ သက်သာ သွားမယ် ထင်တယ်။ သို့ သော် လုံးဝ ပျောက်သွားမယ်လို့ တော့ မထင်ပါ။ ( အဟောသိကံ ကလွဲပြီး) ဘုရားရှင် သော်မှ နောက်ဆုံး ဘ၀မှာ ကျန်နေတဲ့  ကံ ၀ဋ်ကြွေးကို ဆပ်ရ  သေးသည်။ 

ပုံ ၄ အရ

ရှေးယခင် ဘ၀တွေက ကုသိုလ် ကံ၊ အကုသိုလ်ကံ ကြီး ကြီး မားမား မရှိဘဲ တလှည့် စီ အကျိုးပေးနေတဲ့  သူ ဆိုပါစို့  ယခု လက်ရှိ ဘ၀ မှာ သူ မကောင်းတာ လုပ်နေမယ် ဆိုရင် မျက်မှောက် အကုသိုလ်ကံ က အတိတ် ဘ၀ က ပါလာတဲ  အကုသိုလ်ကံ ကို သံလိုက်လို ဆွဲ ပြီး အကျိုးပေးမယ်  လို့  ထင်တယ်။ 


မည်သို့  ပင် ဖြစ်စေ အမြဲ ကောင်းမှု လုပ်ခြင်းက အမှန်ဆုံးပါ။ 

မှတ်ချက် ။ ။

အစိမ်းရောင် =  ကုသိုလ် ကံ

အနီရောင်    = အကုသိုလ်ကံ

အဟောသိကံ - ကုသိုလ် အကုသိုလ်ကံများ အကျိုးပေးရမည့်အချိန်၌ အကြောင်းမပြည့်စုံ၍ အကျိုးမပေးဘဲ အချိန်အခါ လွန်သွားသည်ကို ခေါ်ပါသည်။

Wednesday, 5 September 2012

ကျမ နှင့် တက်ကျမ်း


ကျမ သမီး နှင့် စာကြည့် သွားပြီး စာအုပ်သွား ငှားစဉ် စာကြည့်  ကလေး ၊ လူကြီး စသဖြင့် level ခွဲ ထားတဲ့  အပြင် ကလေး အထပ် စာအုပ် စဉ်တွေမှာ lebal တပ်ပြီး အသက် အလိုက် ထပ်ခွဲ ထားတာလေး သတိထား မိတယ်။ ဒါလေးတွေ့ တော့ ကျမ ငယ်တုန်းက အဖြစ်ကို သတိရမိတယ်။ 

ကျမ ငယ်စဉ် အဖိုးအဖွား နှင့် အတူ ရှိချိန်ကို သတိရမိတယ်။ အဖိုးက စာအုပ် ဖတ်တာ ရော စုတာ ရော တော်တော် ၀ါသနာသည်။ ကျမ ကတော့ ဖတ်တာတော့ ၀ါသနာ ပါသည်။ စာအုပ်တွေ တော့ မစုဖြစ်ပါ။ သိမ်းရ မှာ အပျင်းထူတာရယ် ၊  လူတွေ တောင် အနိုင်နိုင် ဟိုပြောင်း ဒီပြောင်းနေနေ ရတဲ့ ဘ၀ဆိုတော့ ဖြစ်နိုင်ရင် ငှက်တွေ လို ပေါ့ပေါ့ ပါးပါး ပျံသန်းပြီး ရောက်ရာ အရပ် မှာ အသိုက်ဆောက်ပြီး နေချင်တာ :) ( တကယ်တော့ အပျင်းကြီးတာပါ ) 

အဖိုးမှာက သူစုထားတာ စာအုပ် ဗိရို ၄ လုံး လောက်ရှိတယ်။ များသောအားဖြင့် English လို များတယ်။ နောက်ပြီး ဘုရားစာအုပ်တွေ ၊ ၅၅၀ နိပါတ်တော် ဇာတ်ကြီး ၁၀ ဘွဲ့  စသဖြင့်ပေါ့။ အဲထဲမှာ သူများတွေ လက်ဆောင်ပေးတဲ့ တက်ကျမ်းတွေ ရှိတယ်။ ဆရာနန္ဒာသိန်းဇံ၊ ဆရာ ဖေမြင့် စသည်များပေါ့။ 

ကျမမှာ ငယ်ကတည်း က လူအထင်ကြီးတာ ခံချင် တဲ့ စိတ်၊ အမြှောက် ကြိုက်တဲ့ စိတ် သူများထက်ပိုလေသည်။ အဲဒါကြောင့် အဖိုး အဖွား နှင့် ဆွေမျိုးများ အထင်ကြီးလို ကြီးငြား အတွေးနှင့်  အဖိုးစာအုပ်တွေ ဖတ်ရန် အကြံရလေသည်။ စာအုပ်တွေထဲက English လိုရေးတာတွေလဲ မဖတ်တတ်တော့ ရှာရင်း ဖွေရင်း ဆရာ ဖေမြင့် ရေးတာ စာအုပ်ကို  သွားဖတ်မိတယ်။   
စာအုပ်နာမည် က “ အပြောင်မြောက်ဆုံး ဘ၀ တခု တည်တောက်ခြင်း " ဆိုတာ ဘဲ ။ အဲတုန်းက ၆/ရ တန်း လောက်ဆိုတော့ အသက်က ၁၂/၁၃ နှစ်လောက်ဘဲ ရှိသေးတော့ မြန်မာ လို ရေးထားတာတောင် တလုံးမှ နားမလည်ပါ။ ဘာရေးထားမှန်းလည်း ကွဲကွဲပြားပြား မသိပေ။ စာအုပ်ထဲမှာ ရေးထားတဲ့ လူနာမည်တွေ ကလည်း တခါမှ မကြားဖူးပါ လင်ကွန်း တယောက်ဘဲ သေချာ သိခဲ့ တယ်။ ဟိုလှန် ဒီလှန် လျှောက် ကြည့်ရင်း စာအုပ်ခေါင်းစဉ်တွေ ထဲက တခု ‘ ကြောက်သည့် အရာကို ရဲရဲ ရင်ဆိုင်ပါ ‘ ဆိုလား အဲဒီ တခုတော့ နားလည်သလိုရှိတာနဲ့  သေချာမှတ်ထားလိုက်သည်။ 

နောက် တ နေ့  ကျတော့  ဆွေမျိုး တွေ ၀မ်းကွဲ မောင်နှမ တွေ နဲ့  အိမ်နှင့် သိပ် မဝေးတဲ့  ရွာ အရှေ့ဖက် က စေတီ တည်ထားတဲ့  တောင် ပေါ် သွားလည် ကြတယ်။ တောင်က နည်းနည်း မြင့်တယ် ။ နောက်ပြီး တောင် အနောက်ဖက်မှာ တက်လမ်းက ပြေပြေလေး ၃၀ - ၄၀ ဒီဂရီ အစောင်း လောက်တော့ ၇ှိတယ်။ သို့ သော် တောတောင် တွေ များ တဲ့ နေရာ မှာတော့ လမ်းပြေတယ် ခေါ်ရမှာဘဲ။ တောင် အရှေ့ ဖက်က တော်တော် မတ်စောက်တယ် ၊ အဲဒီ ဖက် က ဖြတ်လမ်း လို့  လမ်းကျဉ်းကျဉ်း ကွေ့ ကောက်ကောက်လေးဘဲ ၇ှိတယ်။ အဲ တာ မတ်တပ် ရပ်ပြီး ဆင်းလို့  မရတဲ့ အထိ ကို မတ် တယ်။

အပြန် ခရီးမှာ လူကြီးတွေက ပုံမှန်လမ်းက ဆင်းသွားကြတယ်။ ကျမ ဦးဆောင်တဲ့  ကလေး တစ်သိုက် က အမျိုးစုံ ဆော့ ပြီး ခုဏ က ဖြတ်လမ်းကို ရောက်သွားကြတယ်။ အ ပေါ် ကကြည့် တော့ တော်တော် မတ် စောက်နေတော့ တခြား ခလေးတွေ က မဆင်းရဲ ဘူးဆိုပြီး ပြန်လှည့်သွားကြတယ်။

ကျမ ကတော့ ထုံးစံအတိုင်း သူရဲကောင်း တော်တော် လုပ်ချင်တာ ဆိုတော့ တယောက်ထဲလဲ ဆင်းမယ် လုပ်ရော ၊ သေချာ ဆင်းမလို့ လုပ်တော့ ဆင်းရမှာ တော်တော်ကြောက်သွားတယ်။ 
အဲဒီ အချိန်မှာ ခုဏ က  ဆရာ ဖေမြင့် စာအုပ် သွား သတိရ မိတယ်။ ‘ ကြောက်သည့် အရာကို ရဲရဲ ရင်ဆိုင်ပါ ‘ ဆိုတာ အဲတာ နဲ့  ငါ လည်း ကြောက် မနေတော့ဘူး ရဲရဲ ရင်ဆိုင် ရမယ်ဆို ပြီး ဆုံးဖြတ်ချက် ချ လိုက်တယ်။ ( အဲဒီလို ငယ်ကတည်းက ပေါသွပ်သွပ်ရယ်  :D ) 
ဒါနဲ့  ဟို သစ်ကိုင်း ဆွဲ လိုက် ဒီ သစ်ကိုင်း ဆွဲလိုက် နဲ့  ဖြေးဖြေး ဆင်းလာတာ ဟုတ် လို့  ၊ လမ်း တစ်ဝက်လဲ ရောက်တော့ ၀ါးပင်တွေ ကြားမှာ ဆိုတော့ ၀ါးရွက်တွေ နဲ့  ချော ပြီး အောက် လျောကျ သွားတာ စကိတ် စီးတာ ထက်တောင် မြန်သေးတယ်။
တောင်အောက် ဘယ်လို ရောက်သွားမှန်းကို မသိလိုက်ရ ၊ သတိ ရ လိုက်တော့ တောင်အောက်မှာ  ၀ါးရွက်တွေကြား ထဲ မှောက် ယှက် လဲ နေမှန်း သိလိုက်ရတယ်၊ အဲ တာနဲ့  အမြန် ကုန်းရုန်းထ ပြီး သူများတွေ နောက် အမှီ လိုက်ပြေး မယ် အကြံ  ဒူး နှစ်ဖက် သွေးတွေ ရဲ ပြီး စီးကြနေတော့  ဘေးနားက သစ်ရွက်ခူးပြီး သုတ်လိုက်သေးတယ်၊   
အဲဒီ အချိန်ထိ သွေးပူနေတော့ မနာသေးပါ။  နောက် ပြီးထော့နဲ့ ထော့နဲ့  နှင့် အိမ်ပြန်ရောက်လာတယ်၊ အိမ်လည်း ရောက်ရော အဖွား ဆူလိုက်တာ မပြောတော့နဲ့  နောက်ပြီး အနာ ကို ရေဆေးပြီး ဆေးထည့်တာ ဒူး တဖက် က အရေခွံ လန်သွားတာ တော်တော်များ တယ် ကပ်ကျေးနဲ့  ညှပ်ပြီး ဆေးထည့်ရတယ်၊ 
အနာက တော်တော် ကြီးပြီး တော်တော်နဲ့  မကျက်တော့ ကျမ မှာ တလလောက် ရေချိုးမယ်ဆို ဒူး နှစ်ဖက် ကို ပလပ်စတစ်အိတ် ချည်ချည် ပြီး ရေချိုး ခဲ့ရသေးတယ်။ အဲဒီလို မစဉ်းမစား မဆင်မခြင် ပေါက်ကရ ခဏခဏ လုပ်ခဲ့ဖူးသည်။ ကြောက်တဲ့ အရာ ကို ရဲရဲ ရင်ဆိုင်မိတဲ့ ဒုက္ခ က လည်း မသေးပေ။ 
အခုထိ ဒူးမှာ သေရာ ပါ အမာရွက် က ရှိသေးတယ်။ ဒီကြားထဲ အဖွားက အမာရွတ်တွေ များတဲ့  ကျမ ကို နင် ကြီးရင် လှယဉ်ကျေးမယ် ဖြစ်တော့ မှာ မဟုတ်ဘူးတဲ့ :D

ဘယ်လို ဘဲ ဖြစ်ဖြစ်  “ အပြောင်မြောက်ဆုံး ဘ၀ တခု တည်တောက်ခြင်း” စာအုပ်သည် အဲဒီတုန်းက ကျမကို တစ်လွဲတစ်ချော် ဖြစ်စေ ခဲ့ ပေမဲ့  နောက်တော့ ကျမ အတွက် စိတ်ဓါတ် ခွန်အား အများကြီး ရစေခဲ့ပါတယ်။ အဲဒီ စာအုပ် ပထမ ဆုံး ဖတ်ဖြစ်တာ မှတ်မှတ် ရရပါ။ နောက်တော့ ဆရာဖေမြင့် စာအုပ်တော်တော်များများ ၀ယ်ဖတ်ဖြစ်ပါတယ်။

Saturday, 1 September 2012

ဒိုင်ယာရီ အဟောင်း





ငယ်တုန်းက ရေးထားတဲ့ ဒိုင်ယာရီ စာအုပ်ဟောင်းများ ( မွေးရပ်မြေ ပြန်တုန်းက ယူလာ ခဲ့တာ  မရေး ဖြစ်တော့တာ နှစ်ပေါင်း တော်တော်ကြာပေါ့ ) နေ့ စဉ် အကုန် delete လုပ်ပ လိုက်တာ :-)




စရေးတဲ့  နေ့  ဖြစ် ပုံရတယ် ။ ပထမ ဆုံး စာအုပ် ရဲ့ ပထမ ဆုံး စာမျက်နှာ။ ဒိုင်ယာရီ စာအုပ်ဟောင်း




အဲဒီ တုန်းက ရှားရှား ပါးပါး ၊ စွန့် စွန့် စားစား သိမ်းထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်  ရဲ့  ပုံ ( ကျမ စိတ်ဓါတ် ကျ မိတဲ့  အခါ တိုင်း အမြဲ ပြန်မျှော် ကြည့် မိတဲ့ ကျမ ၏ the iron butterfly )




ကျမ မှာ တခြား ပုံတွေ ရှိခဲ့ဖူးတယ် ၊
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဓါတ် ပုံ လို ချင် ရင် ဘယ်လို လုပ် ခဲ့ ရသလဲ ဆိုတော့ ၊ အဲတုန်းက အခုလို့  လွယ်လွယ် ကူကူ မရနိုင်ဘူးလေ။ time ၊ newsweek magazine အဟောင်း တွေကို ပန်းဆိုးတန်း လမ်းဘေး စာအုပ်ဆိုင် ၊ နောက်ပြီး စာပေလောက ( တခြား စာအုပ်ဆိုင်တွေမှာ ) လ ကျော်ပြီး သား အဟောင်း ပြန် ရောင်း တဲ့  ထဲ က စာရွတ် တစ်ရွတ်ချင်း လှန် ရှာပြီး ၀ယ်ခဲ့ဖူးတယ်။ bbc voa တို့ က  မိန့်ခွန်း တွေကို တိပ်ခွေ နှင့် အသံ ပြန်သွင်း ပြီး သိမ်းထား ခဲ့ဖူးသည်။ သို့ သော်

အဲဒီ ဒိုင်ယာရီ တွေကို  ရေးလိုက် ဖွက်ထား လိုက် ၊ walkman ကက်ဆက် နှင့် နားထောင်လိုက်  တိပ်ခွေ တွေ ဖွက်ထားလိုက် နှင့် လျှို လျှို ၀ှက်ဝှက် လုပ်နေခဲ့တာ ကို ကျမ အဖွား သံသယ ၀င်သွား ပုံရတယ်။ အဖွား က ကျမ ကို ဆယ်ကျော်သက်အရွယ်ဆိုတော့ ရည်းစားများ ထားနေလား စိတ်ပူ ပြီး တနေ့  ကျမ မရှိတုန်း အကုန် မွေ နှောက် ရှာတော့ ၊ အဲဒါ အပေါ်က ပုံလေး တစ်ပုံဘဲ အဖွား မမြင်လို့  ကျန်ခဲ့တာ၊  တခြား ပုံတွေ၊ တိပ် ခွေ တွေ အကုန် လုံး ကျမ ပြန်လာတော့ မရှိတော့ပေ။ အဲတာ အဖွား ပြန်ပေးပါ ပြောလဲ ပြန်မပေးပါ၊ ဘယ်ထားလဲ ၊ ဘာလုပ် လိုက်လဲ အဖွား သေသာသွားတယ် ကျမ ကို တခွန်းမှ မပြောသွားပါ။



ဒိုင်ယာရီ စာအုပ် ပြန် ဖတ်မိတော့ အဖွား ကို လွမ်းမိတယ် ၊ နောက်ပြီး ခက်ခက် ခဲခဲ ရှာ ဖွေ ထားရတဲ့   ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓါတ် ပုံလေးတွေကို လည်း သတိရ မိတယ်။    



Saturday, 18 August 2012

၅



http://phomu.blogspot.sg/2012_07_01_archive.html


ဒီလို နှင့် အောင့်အီး သည်းခံပြီး နေလာတာ တပတ် ခန့်  အချိန် ရောက်လာတော့ စိတ်ဝင်စားစရာ တွေ စပြီး  ကြုံတွေ့ လာ ခဲ့တယ်။
ဥပမာ  - တရားမှတ်လို့  ၄ ၊ ၅ ရက် ခန့်  ရောက်လျင်  ခန္တာကိုယ် မှာ ဆပ်ပြာမြုံ့တွေ စီးကျလာ သလို ပုရွတ်ဆိတ်တွေ အများကြီး တက်လာ သလို ခံစားရမယ် ဆိုတာ မျိုး ၊ အသားတွေ တင်းလာပြီး အရည်တွေ စီးကျလာ သလိုမျိုး၊  ရ ရက် ၈ ရက် လောက်ကြာရင် တင်ပါး အောက်မှာ ကွမ်းသီး ၂ လုံး ခုပြီး ထိုင် နေရ သလို မျိုး စသဖြင့်ပေါ့ တော်တော်များများ က ဆရာတော်တွေ ဟောကြားခဲ့ သလို ကြုံတွေ့  ခဲ့ရတယ်။ 

 
ခန္တာကိုယ်  မှာ စီးကပ်တဲ့ အရည်တွေ စီးကျလာ သလို ထင်ရ တာ၊ ပိုး ကောင်တွေ ထွက်လာသလို ခံစားရတာ၊ ပုရွတ်ဆိတ်တွေ အများကြီး တက်လာ သလို ခံစား တယ်ဆိုတာ အာရုံ စူးစိုက် သွားတဲ့ အခါ ခန္တာကိုယ် က သေးငယ်တဲ့ မွေးညင်း ပေါက်တွေက လှုပ်ရှား မှုတွေကို သိရှိလာလို့  ထင်ပါတယ်။ တင်ပါး အောက်မှာ ကွမ်းသီး ၂ လုံး ခုပြီး ထိုင် နေရ သလို မျိုး ကတော့ တင်ပဆုံရိုး ၂ ခု က ထိုင်ပါများတော့ အသားမှာ စိုက်မိပြီး ဘုလုံး ၂ ခု ပေါ် ထိုင်နေရသလို့  ခံစားရ တယ်လို့  ထင်ပါတယ်။ 

နောက်ပိုင်း မှာတော့ စဉ်းစား လေ့လာ ပြီးတွေး ကြည့်မိတာပါ။ အဲဒီအချိန် တုန်းကတော့ ထူးဆန်းသလိုလို ခံစားခဲ့ရပါတယ်။ စပြီး ဖြစ်တုန်းကဆို ပိုးကောင်တွေ တကယ် တက်လာတယ်ထင်ပြီး လန့် ပြီး ခါထုတ် လိုက်မိသေးတယ်။ တကယ်တော့ ဒါတွေဟာ အာရုံစူးစိုက် လိုက်တာနဲ့  ခန္တာကိုယ် မှာ ဓါတ်ကြီး လေး ပါးရဲ့  ပြောင်းလဲ ဖေါက်ပြန်မှု ကို တခဏ သတိထားမိ လိုက်တာပါ။ တရားထူး ရတာတော့ မဟုတ်ပါ။ 

ဒါပေမဲ့ အဲဒီအချိန်တုန်းက အတော့် ကို ထူးဆန်းနေခဲ့တယ်။ တခါတလေ တွေးမိသေးတယ် ငါ ဘာတွေ ဖြစ်နေပါလိမ့်ပေါ့ ။ ထူးဆန်းသလိုလို သဘောကျ သလိုလို နဲ့  နောက်ဘာတွေများ ထပ်ဖြစ်လာအုံးမလဲ မသိဘူး ဆိုတာ ကို လည်း သိချင်လာခဲ့တယ်၊ တော်ကြာ ငါ တရားထူးတွေ ရပြီး  မိုးပေါ်များ ပြန်တက်သွားမလား မသိဘူး :) ဆိုတာမျိုး စိတ်ကူးယဉ်လိုက်သေးတယ်။


့နောက်ပြီး  " ဖေါင်းတယ်" " ပိန်တယ်"  ဆိုတဲ့ အမှတ်ကို  အစ၊ အလယ် ၊ အဆုံး မှတ်ခိုင်းပါတယ်။ လူတဦး ချင်းစီ အလိုက် လေရှုသွင်းတဲ့ အခါ ၀မ်းဗိုက် ဖေါင်းလာပုံ အဆင့်ဆင့် ၊ ၀မ်းဗိုက်ပိန် သွားပုံ အဆင့်ဆင့် ကွဲပြားတတ်ပါတယ်။ ကျမ က တော့ ပိုပြီး စူးစူးစိုက်စိုက် ရှု မှတ်စေလိုတဲ့ အတွက် ဒီလို အဆင့်ဆင့် ရှုမှတ်စေတယ်လို့  ထင်ပါတယ်။
" ဖေါင်းတယ်" " ပိန်တယ်"   သေချာ မှတ်နိုင် ပြီး ထိုက် သင့်တဲ့ သမာဓိ ကို ထူထောင် နိုင် ပြီးတဲ့ အခါ

သတိပဋ္ဌာန် တရား ၄ ပါးကို ဟောကြားပါတယ်။ သတိပဋ္ဌာန် တရား ၄ ပါး ကတော့ ၀ိပသာနာ တရားရှုမှတ်တဲ့ နည်းလမ်း ၄ မျိုးပါ။
( ၀ိပသာနာ ကတော့ ကိလေသာ ကို အမြစ်က ဆွဲ နှုတ်တဲ့ နည်းလမ်းပါ။ အမြစ်ကနေ အသတ် ခံရတဲ့ အပင် သာလျှင် ထာဝရ သေဆုံး နိုင်ပါတယ်။ သမထ ကတော့ အပေါ်ယံ ပင်စည်ကို ခုတ်လှဲ ထားသလိုပါ ။ တချိန်ချိန်မှာ ပြန်ပြီး ရှင်သန် လာအုံးမှာပါ။)


သတိပဋ္ဌာန် တရား ၄ ပါး  ( ပြန်ကူးရေးရ မှာ ပျင်းနေတာနဲ့  အဲဒီ အချိန်တုန်းက တရားနာတဲ့ အချိန်က  မှတ်ထားတဲ့ ဒိုင်ယာရီ စာအုပ်ကို scan ဆွဲ ပြီး တင်လိုက်ပါတယ်။ ခွင့် လွတ်ပါရန် )







ဓါတ်ကြီး လေး ပါး 
- ပထ၀ီ -  မာကျောခြင်း(မြေ)၊တေဇော - ပူလောင်ခြင်း (မီး)၊အာပေါ - ယိုစီးခြင်း (ရေ)၊ ၀ါယော - ရွေ့ လျား ခြင်း (လေ)


ကိလေသာ ၁၀ ပါး
- လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ




Saturday, 11 August 2012

၁၀ နှစ်မြောက်


၁၀ နှစ်မြောက်  ( သံဖြူ ရတု ဆိုလား online မှာ အခုမှ ရှာကြည့်တာ )

လွန်ခဲ့တဲ့  လ ၁၆ ရက်နေ့ က နှစ်ယောက်သား ထောင် တသက် တကျွန်း ကျနေတာ ၁၀ နှစ်တောင် ပြည့်ပါပေါ့လား....
ဒီနှစ်တော့ မဆိုးပါ စောစော စီးစီး သတိရတယ်။ အရင် နှစ်တွေ လို ကျော်ကျော် သွားမှ သတိရလိုက်တာ မဟုတ်ပါ။ 
လွန်ခဲ့ တဲ့ ၂လ လောက်ကတည်းက ကျမ လက်စွပ် ချွတ် ဆေးရာမှ အမှတ် မထင်ကြည့် မိ လိုက်တာ 16/7/2002 ဆိုတဲ့ ရက်စွဲ ကို ဖျက်ခနဲ တွေ့ မိတုန်း Anniversary နီးနေပြီ ဆိုတာ သတိထားလိုက်မိတယ်။
ထူးထူးထွေထွေ ဘာမှ မလုပ်ကြပါ။ မှတ်မိတယ် ဆို တော်တော် ဟုတ်လှပေါ့ ။ လူတစ်ဦး ချင်းစီ အလေးထားတတ်ကြတဲ့ အရာတွေ ကွဲပြား တတ်သော်လည်း ကျမ တို့  နှစ်ယောက် အစကတည်းက Anniversary တို့  birhtday တို့ ကို စိတ်မ၀င်စားတာ ချင်းတူပါသည်။
၁၀ နှစ်တာ ကာလ အတွင်း ကျမ ၏ လက်တွဲဖေါ် အပေါ် တတ်သလောက် မှတ် သလောက် တာဝန်ကျေ ပါ၏။ 

ကျမ က ဟင်းကောင်းကောင်း မချက်တတ်ပါ။ သို့ သော် facebook မှာ blog တွေမှာ စားချင့် စဖွယ် ဖွယ်ဖွယ် ရာရာ ပုံများ တွေ့ တိုင်း သူ့ ကို အနီးအနား ရှိက လာ ကြည့် ပါဦး ဆိုပြီး ပြ ပါသည်။ အဝေးမှာ ရှိက share/ mail ပို့ ပေးပါသည်။ ရောက်လေရာ အရပ်တိုင်း စားသောက် ဆိုင် ကောင်းကောင်းများအား ကြိုတင် စူးစမ်း မေးမြန်း လေ့လာ မှတ်သားထားပြီး သူ နှင့် အတူ သွားစားလေ့ရှိပါသည်။


အလှမပြင်တတ်သလို ရုပ် ကလဲ မလှပါ။ သို့ သော် သူ နှင့် အတူ အပြင် သွားတိုင်း ကောင်မလေး ချောချော လှလှ တွေ့ တိုင်း ဟိုမှာ ကြည့်ပါအုံး ချစ်စရာလေး အလန်း လေး တွေ ဆိုပြီး လက်တို့ ပြီး ပြပါသည်။ ( မပြလဲ  ကြည့်မှာ ဆိုတော့ အရှုံး ထဲက အမြတ်  အမှတ် ကပ်ယူရတာပေါ့ ) facebook မှာ blog တွေမှာ မော်ဒယ် မင်းသမီးချောချော ပုံများ  တွေ့ တိုင်း အနီးအနား ရှိက လာ ကြည့် ပါဦး ဆိုပြီး ပြ ပါသည်။ အဝေးမှာ ရှိက share / mail ပို့ ပေးပါသည်။ ( ကြိုက်သလောက် ကြည့် သွားတော့ မထိ စေနဲ့  အဟိ )



Beer ကို မမူး အောင်သောက်ရန် အမြဲ သတိပေးပါတယ်။  မူးသွားပါက ကျမ နာမည်ကို မေ့မေ့ သွားတတ်သည်။ :) တော်တော် မူးပါက သူ့ နာမည်  မိဘ ဆွေမျိုးနာမည် ပါမေ့သွားမှာ စိုးရိမ် လို့ ပါ။ :D
ထိုကဲ့သို့  ဇနီး တယောက် အနေ နှင့် တာဝန် ကျေခဲ့ပါတယ်။
တော်သေးပြီ

တည်တည် တန့်တန့် တကြောင်းတော့ ရေး အုံးမှ
အခု အချိန် အထိ ကျမ ရွေးချယ် မှု အတွက် တခါဆို တခါမှ နောင်တ မရဖူးတဲ့ အတွက် ကျမ ၏ လက်တွဲဖေါ်ကို တကယ် ကျေးဇူးတင်ပါသည်။
( အဟိ ရွေးချယ် တယ်ဆို လို့  ရွေးစရာ အများကြီး ရှိတယ်ထင်ပြီး အထင်မကြီး ပါနှင့် ရွေးစရာ ရှာနေတုန်း သူ့ ဘာသာသူ ကျမ ရှေ့ မှာ မှောက်ယက်လာလဲ  တာပါ :) )

Thursday, 12 July 2012

၎

http://phomu.blogspot.sg/2012/01/blog-post.html  အဆက်


အစပိုင်းမှာ " ဖေါင်းတယ်" " ပိန်တယ်"  မှတ်တဲ့ နေရာမှာ ထွက် သက် ၀င်သက် မှတ်တာနဲ့  အမြဲ ရောရော သွားခဲ့တယ် ။ သို့ သော် တရားပြ ဆရာတော်များက " ဖေါင်းတယ်" " ပိန်တယ်" ကို ဘဲ သေချာ မှတ်ခိုင်းပါတယ်။ တကယ်တော့ စိတ်က တော်တော့် ကို ပျံ လွင့်ပါတယ်။
ကျမ စိတ်အထင် " ဖေါင်းတယ်" " ပိန်တယ်"  တကြိမ် မှတ်နေစဉ်မှာတောင် စိတ်က တောင်ရောက်မြောက်ရောက် ပါ။ 

အဲဒီကြားထဲ နေရာတကာ စပ်စု တတ်တဲ့ ကျမ အသံ နည်းနည်း လောက်ကြားတာနဲ့ မျက်လုံးက အော်တို ဖွင့်ကြည့်ပြီးသား စပ်စု ပြီးသား ။ ကိုယ် သတိထားမိတဲ့ အချိန်မှာ အမြဲ အမှတ် (" ဖေါင်းတယ်" " ပိန်တယ်")  က လွတ်နေပြီးသား ဘယ်အချိန်က စပြီး လွတ်ထွက်သွား သလဲ  မသိနိုင်ခဲ့ဘူး။ 
တခါ တလေ အကြောင်း အရာ တခု ကို တော်တော်ကြာအောင် စိတ်ရောက်မှန်း မသိ ရောက်သွားခဲ့တယ်။ အစ ပိုင်းမှာ စိတ်က တောင်ရောက်မြောက်ရောက်  ကစဥ့်ကလျား နဲ့  တော်တော်ကို ထိန်းချုပ်ရ ခက်ခဲပါတယ်။ 

တခါတလေမှာတော့  စိတ်သွားရာ မျောလိုက်နေမိပြီး ဘယ်ရောက်လို့  ရောက်မှန်းမသိ အတွေး ရေယဉ်ကြောမှာ မျော နေပြီး အချိန် တနာရီ ကုန်ကုန် သွားတာကလဲ ခဏခဏပါ။ နောက်ပြီး ခန္တာကိုယ် မှာ ထုံတာ ကျင်တာ နာတာ၊ အဲဒီ ဝေဒနာကို သည်းမခံ နိုင်တာ နဲ့  တနေ့ တနေ့  အချိန်မြန်မြန် ကုန်ပါစေဆိုပြီး ဆုတောင်း နေခဲ့မိတယ်။ 

ရိပ်သာ ၀င်တာ မှားပြီ လား တွေးမိလိုက် အသိစိတ်က ငရဲကြီးမှာ ကြောက်ပြီး မြန်မြန် ဖျောက်ပစ် လိုက်၊ ငါ အခု လုပ်နေတာ မှန် ရောမှန် ရဲ့ လား ဆိုတဲ့ သံသယ စိတ် က လည်း တခါတခါ ၀င်လာသေးတယ်။ ဒီ လို စိတ်တွေ ၀င်လာတိုင်း အမြဲ စိတ်ပူမိတာက ငါတော့ ဘုရားကို မယုံကြည်မှု နှင့် ငရဲကြီးတော့မှာဘဲ ဆိုပြီး  ကြောက်မိပြန်ရော။ 

အဲဒီ အချိန်မှာ စိတ်သက်သာစေတာက တရားပြတဲ့ တရား ဟောတဲ့ ဆရာတော်တွေ က ဘာပြီးဘာ ဖြစ်လာမယ် ဘာတွေ ကြုံတွေ့ ရမယ် ဆိုတာ ကြိုကြိုပြီး ဟောပြပေးခဲ့တယ်။ တရားပြဆရာတော်တွေ ဟောသလို တော်တော်များများ ကြုံတွေ့  လိုက်ရတော့ သံသယ စိတ်တွေ ပြေပျောက်သွားခဲ့ရတယ်။  
ကျောင်းထိုင် ဆရာတော် များ က ယောဂီ အသစ်တွေ  စိတ်ပိုင်း၊ခန္တာကိုယ် ပိုင်း  မှာ ကြုံတွေ့ တတ်တဲ့  အခက်အခဲ တွေ ကို တရား ဟောချိန်တွေ မှာ ထည့်ပြီး ဟောပြခဲ့ပါတယ်။ ဒီလို လမ်းပြ သင်ကြားပေးမှု ကလည်း ကျမ အတွက် တော်တော်ကို အရေးပါခဲ့ ပါတယ်။

Friday, 6 July 2012

ကျမ ၏ ဒဿန

ဒဿန အကြောင်း ရေးအုံးမယ် :-)
အသက် ရ လားတော့ အားနေတဲ့ အချိန် မျိုး မှာ တခါတလေ ဘ၀ ကို နောက်ကြောင်းပြန် ရစ် ကြည့်မိတယ်။ ဘ၀ တိုတို ကလေးမှာ ပျော်ရွင် ကျေနပ် မှု ၊ စိတ် လွတ်လပ် ပေါ့ပါးမှု က အဓိက လို့ တွေးမိတယ်။
မှား တယ်ဆို တာရှိရင်  ငါမှားတယ် လို့  ၀န်ခံ လိုက်ရင် စိတ်ထဲမှာ လွတ် လပ် ပြီး ပေါ့ပါး သွား တာ တကယ့် လက်တွေ့ ပါ။ နောက်ထပ် မမှား မိအောင်တော့ သတိပြုရမှာပေါ့လေ။ အမှား တခု ကို ဆင်ခြေပေးဖို့  ရှာ နေရတာဘဲဖြစ်ဖြစ် ငါမှန်တယ် ဆို ပြီး ဟန်ဆောင် နေရတာဘဲ ဖြစ်ဖြစ်  တော်တော် စိတ်ပင်ပန်းပါတယ်။  တယောက်ယောက်ကို မနာလို ဖြစ်နေရတာ မုန်းတီး နေရတာ က လဲ စိတ်ကို ပင်ပန်းလေးလံ စေတယ်။ လူတိုင်း အပေါ် မျှတတဲ့ စိတ်ထား ထား တတ်ရင် စိတ် အေးချမ်းရတယ်။
ကျမ ပင်ကိုယ်က အမှတ် သည်းခြေ မရှိတဲ့ ထဲ မှာပါတယ်။ ဘယ်ဟာ မဆို ဖြောင့်ဖြောင့် တန်းတန်း တွေး ပြီး အကင်းမပါး တဲ့ အထဲမှာပါတယ်။ ငယ်တုန်းက ရန်ဖြစ်တာ တို့  စကားများကြတာ တို့ ဆို မေ့လွယ် ပျောက်လွယ်တယ်။ နောက်ပြီး အဖိုး နှင့် အဖွား က မွေးစားထားတာဆိုတော့ နေတဲ့ အိမ်မှာ ဦးလေး အဒေါ်တွေ ၀မ်းကွဲတွေ နှင့် လူတော်တော်များတယ်။ ဘယ်သူနှင့် ဘဲ ပြသာနာဖြစ်ဖြစ် နောက်နေ့  မကူးဘူး မေ့သွားရော၊  ကြာလာတော့ ကျမ အဖွားက ဘေးကနေ မြင်နေပုံရတယ်။ ကျမ အစား အသည်းတွေယားပြီး ကျမကို ခဏခဏ ဆူတယ် " နင့် ပုစဉ်းလို့ ဘဲ သည်းခြေ မပါဘူး။ ဘာတခု မှ မှတ်မထား ဘူး" စသဖြင့် ပေါ့ ။ ကျမ က လည်း IQ က မြင့်တော့ အဖွား ပြောတာ တလွဲ မှတ်ယူ ပြီး စာအုပ်တအုပ် သတ်သတ်ထားပြီး ဒီနေ့ ကျောင်းမှာ ဘယ်သူနှင့် ရန်ဖြစ်တယ် သူက ဘာပြောတယ် အိမ်မှာ ဘယ်သူက ဘယ်လို ပြောတယ် ဆိုပြီး မှတ်ပါလေရော။ အဖွား ဆိုလို တာက ပြသာနာ တခုဖြစ် ခဲ့ ရင် ဘယ်လို့  အကြောင်းကြောင့် စဖြစ်သလဲ မှတ်ထား ရင် နောက်တခါ ဒီလို ပြသာနာမျိုး  မဖြစ်အောင် ရှောင်ရှားနိုင်ဖို့  ဖြစ်မှာပါ။ သို့ သော် ကျမ မှာ အဆိပ် အတောက်ဖြစ်စေတဲ့ အရာတွေကို မှတ်ထားမိပြီး မကြာခဏ မေ့မှာစိုးလို့  ပြန်ပြန် ဖတ်ရတာ အမော။ ကြာလာတော့ စိတ်ပင်ပန်းမှု သံသရာ ထဲက မလွတ်မြောက်ဘူး။ တခါတလေ တလွဲ တွေးသေးတယ် ငါက ဒီလို အမှတ်ကြီးတာ ဆိုပြီးပေါ့ :) ။ နောက်တော့လည်း ကျမ  ဘာသာရေး စာအုပ်ဖတ် ဖြစ်တာ၊ ပတ်ဝန်းကျင် က အဖြစ်အပျက်တွေကို လေ့လာ မိတာ တွေ ပေါင်းစပ်ပြီး memory ထဲက အဆိပ်အတောက် ဖြစ်စေ တဲ့ Data  တွေကို တ ဖြည်းဖြည်း   shilf + delete လုပ်နိုင်ခဲ့ပါတယ်။ delete လုပ်တာ လွန်သွားလို့ လဲ မဖြစ်သေးဘူး :) ယောကျာ်း နှင့် သမီး နာမည်လေးတော့ ချန်အုံးမှ :D