Friday 27 May 2011

ကျမရဲ့  ဆရာမ

မူလတန်းတုန်းက ကျောင်းသားတွေ အားလုံးချစ်ကြောက် ရိုသေတဲ့ ဆရာမကို သတိရမိတယ်။ အဲဒီ ဆရာမပြောပြလို့  ဗိုလ်ချုပ်အောင်ဆန်း အကြောင်းစသိခဲ့ရတယ်။ နောက်ပြီး ဆရာမက စာသင်တာလည်းတော်သလို ကျောင်းသူကျောင်းသား အားလုံးကို မျက်နှာမလိုက် ဘဲ တန်းတူဆက်ဆံတတ်သည်။ တနေ့  မုန့်စားဆင်းပြီး ကျောင်းပြန်တက်တဲ့ အချိန်မှာ ကျမရဲ့ ရေဗူးထဲ မှာ ရေတွေတော်တော် လျော့နေတယ် ဘေးက သူငယ်ချင်းတွေက ပြောတယ် နင့်ရေတွေကို (---) သောက်သွားတယ်တဲ့ သိလိုက်ခြင်းဘဲ ကျမ ဒေါသတော်တော်ထွက်သွားတယ် အဲဒီ တစ်ယောက်ကို ကျမသိတယ် စုတ်တီးစုတ်ပြတ် နဲ့  အဖေ မရှိတာလား အမေ မရှိတာလား အဖေရော အမေ ရော မရှိတာလား သေချာ မသိဘူး ဘုန်းကြီးကျောင်းမှာ နေတဲ့ တစ်ယောက်  (သူ့ ကို တစ်တန်းလုံး ကနှိမ်ပြီးခေါ်တဲ့ နံမည် သတ်သတ်ရှိတယ် ) ချက်ခြင်း ဆရာမကို သွားတိုင်လိုက်တယ် စိတ်ထဲမှာ တော့ ဒင်းကို ဆရာမ အားပါးတရ ရိုက်ပါစေဆိုပြီးတော့ ။ တကယ် သွားတိုင်လိုက်တော့ ကျမတော်တော်အံသြသွားတယ်။ ဆရာမက ကျမကို သူရေအရမ်းဆာလို့  ယူသောက်တာနေမှာပါ ရေ အကျိုး ၁၀ ပါးဆိုတာ မတောင်းဘဲပြည့်တယ် ၀န်တိုစိတ်မထားရဘူးလို့ ပြောတော့ ကျမစိတ်ထဲ တော်တော်မကျေမနပ် ဖြစ်သွားတယ်။ နောက်ပြီး အဲဒီတယောက်ကို ဆရာမက ခေါ်ပြီး သူတပါး ပစ္စည်း ကို ပိုင်ရှင်မသိဘဲ မယူရဘူးလို့တော့ ဆုံးမလိုက်တယ် ရိုက်တော့မရိုက်ဘူး။ ဒီ ကိစ္စ ကို ကျမတော်တော်ကြာတဲ့ အထိ အခဲမကျေဖြစ်ခဲ့မိသည်။ အခုအချိန်မှာတော့ ဆရာမရဲ့ စိတ်ဓါတ် စေတနာ ကို နားလည် လေးစားမိပါသည်။

1 comment:

  1. စိတ်ဝင်စားစဖွယ်ပါ။ ရေးခဲ့သမျှတွေလဲ ကွန်မန့်မရေးမိပေမဲ့ စိတ်ဝင်တစားဖတ်ပါတယ်။ စာလေးတွေရဲ့ နောက်ကွယ်မှ စေတနာများကို သတိထားမိလို့ တန်ဖိုးထားပါတယ်။

    ReplyDelete