Monday 27 June 2011

အဖွား နှင့် သန့် ရှင်းရေး

ဒီ နေ့ တော့ အိမ် သန့် ရှင်းရေးလုပ်အုံးမှ လို့  စဉ်းစားမိသည် ( ကြမ်းပြင်ကဖုံမှုန့် ပေါ်မှာ  ယောကျာ်းက ဖုန်းနံပါတ်မှတ်ထားတာ တံမြက်စည်း လှဲရင်းပါသွားလို့  အဆူခံထိပြီး ကတည်းက မလှဲဖြစ်တာ တလလောက်ရှိပြီ ) :) အိမ် သန့် ရှင်းရေး လုပ်ရင်း အဖွားကို သတိရမိသည်။ သန့် သန့် ပြန့် ပြန့် အလွန်ကြိုက်သော အဖွားက ကျမ ကို အိမ်သန့် ရှင်ရေး လုပ်ပုံလုပ်နည်းကို အမြဲသင်ပေးပါသည်။ တြံမက်စည်းလှဲ လျှင် မနက်စောစော လေမတိုက်မိလှဲရန်၊ တံမြက်စည်းကို ကြမ်းပြင်နဲ့ ကပ်ပြီး အစဉ်လိုက် လဲရန်၊ တံမြက်စည်း လှဲပြီးမှ အ၀တ်နဲ့ ကြမ်း ပြန်တိုက်ရန်၊ ပြီးလျှင် တံမြက်စည်း အ၀တ် တွေကို အမှိုက်ပုံမှာ အမှုန့် ခါ ပြီးလျှင် နေပူထဲမှာ ခဏ လှန်းထား ရန် စသဖြင့် သင်ပေးထားပါသည်။ ငယ်စဉ်က တော့ အဖွားကို ကြောက်ပြီး ပြောတဲ့ အတိုင်း လုပ်ခဲ့ပါသည်။ နောက်ပိုင်းမှာတော့ ( အဖွားနဲ့  အတူ မနေ ကတည်းက) တခါမှ အဖွားသင်ထားသကဲ့သို့  မလုပ်ဖြစ်ပေ။ကျမလဲ အဖွားကဲ့သို့  သန့် သန့် ရှင်းရှင်း ကြိုက်ပြီး ရှုတ်ပွ နေလျှင် ကြည့်လို့ မရပါ။ ထို့ ကြောင့် တအိမ်လုံး ကြည့်စရာ နေရာမကျန်တော့တဲ့ အခါ ကျမစပြီး သန့် ရှင်းရေးလုပ်ပါသည်။  သိုသော် နေ့ စဉ် အိမ်သန့် ရှင်းရေး အမြဲလုပ်သော အဖွားနဲ့ ကျမ နည်းနည်းတော့ကွာပါသည်။ ( အထုံ ပါရမီ )
အဖိုး နှင့် အဖွား အသန့် ကြိုက်တာ သူများတွေထက်နည်းနည်းပို ပုံရသည်။  အိပ်ယာခင်း ခေါင်းအုံးစွပ် ဂွမ်းဖုံအစွပ် ( ရှမ်းပြည်မှာ အလွန်အေးသောကြောင့် စောင်ခြုံလို့ မရပေ) အားလုံးကို အဖြူရောင် အစဖြင့် ချုပ်ထားပြီး ၂ရက် တခါလဲ ပါသည်။  အဖြူရောင် ဆိုတာ ညစ်ပေ လျှင်၊ ပိုးမွား အမှိုက် ကပ် လျှင် သိသာသတဲ့  အဖွားက ပြောဖူးသည်။ ကျမ ကတော့ ညစ်ပေလွယ် သော အဖြူရောင်ကို အ၀တ်အစားပင် သိပ် မ၀တ်ဖြစ်ပေ။ အပေခံ သော အရောင်ရင့်ရင့် များကို သာ ၀ယ်ယူတတ်သည်။
အဖိုး နှင့် အဖွား ကတော့ ညစ်ပေတာတွေကို ပိုပြီး ထင်ထင် ရှားရှားသိ မြင် လို သူတွေ ပေါ့  ကျမ ကတော့ ဖုံးကွယ်ချင်သူပေါ့ ။

2 comments:

  1. ဒီမြေးနဲ့ ဒီအဖွားတွေတော့ ဖတ်ပြီးရယ်နေရတာပဲ။ အဖိုးအဖွား အသန့်ကြိုက်ပုံတော့ အံ့သြလောက်ပါပေတယ်။ ဟိုတယ်လို အဖြူတွေချည်း သုံးတာပေါ့။ အပေါ်က ယောက်ျားကလဲ ဖုံထဲ ဖုံးနံပတ်ရေးရတယ်လို့ပဲ။ ရယ်ချည်းနေရတယ်။ သဘောကျတယ်။ ရေးပုံလေးကို။

    ReplyDelete
  2. ဖုံထဲ ဖုန်းနံပါတ်မှတ်တယ်လို့  အူတောင်နာတယ် ရီရတာ

    ReplyDelete