Tuesday 1 May 2012

တက်ဂနော် လော်ဂျီ

တနေ့  သ၌ ကျမ သည် ရထား တတန် bus ကားတတန် ဖြင့်  တောင်သွား မြောက်သွား သွားပါသည်။ bus ကား စီးရာတွင် ထိုင်စရာ နေရ ရသော်လည်း ရုံးဆင်းချိန် ဖြစ်သဖြင့် လူများသည်။  bus ကား ပေါ်မှ လူအများကို တောင်ကြည့် မြောက်ကြည့် လျောက်ကြည့် မိသည်။

 လူတိုင်းနီးပါး earphone တပ်ထားကြသည်။ ipad iphone ဘာ phone ညာ phone စသဖြင့် အသီးသီး chattingရိုက်နေ သူ  sms ပို့ နေသူ  video ကြည့်နေသူ game ဆော့ နေသူများစသဖြင့် ကိုယ်စီကိုယ်င အလုပ်များနေကြသည်။ ကျမ ကတော့ ငယ်ကတည်းက ငှက်ဖျားဖြစ်ပြီး နားတ ဖက် မကြားရတော့ ကတည်းက earphone တတ်လို့ မရပေ။ ကား ရထားစီးနေစဉ် စာဖတ်လျင် မူးတတ်သဖြင့် များသောအားဖြင့် မျက်စိမှိတ် အိပ်နေတာများသည်။

 ဒီနေ့ တော့ စပ်စုပြီး အဆိုပါ မြင်ကွင်းအား  ကြည့်နေမိသည်။ ကြည့်ပြီး စဉ်းစားမိသည်။ ငါသာ တကယ်လို့  တခြား ကမ္ဘာ က (သို့ ) ရှေ့  ခေတ်က လူသား တယောက်ဖြစ် မယ်ဆို ရင် ဒီမြင်ကွင်းကို ကြည့်ပြီး လူတွေ ဘာများလုပ်နေပါလိမ့် နား ၂ ဖက်မှာ ကြိုးတွေ တပ်ပြီး ဖန်ပြားလိုလို မှန်ပြားလိုလို အပြားကိုယ်စီ နှင့် အလုပ်ရှုပ်နေကြပါလား ဆိုပြီး အံသြ မျင်သက် မေ့ နေမှာသေချာသည်။

 ဒီလို တွေးနေစဉ် ဘေးနားမှ တကျွတ် ကျွတ် နှင့် အသံကြားတော့ ငဲ့ စောင်းကြည့်လိုက်တော့ အဘွား တယောက် အသက်ကလည်း ၆၀ ကျော် ၇၀ လောက် ၇ှိမလား မသိပါ ၃ ကွာတာ နှင့် တီရှပ် ၀တ်ထားတော့ မှန်းရခက်သည်။ ဘေးနား ကပ် လျက်မှာ iphone ကို လက်နှင့် တို့ ပြီး တကျွတ် ကျွတ်လုပ်နေတော့ ဘာဖြစ်လို့ ပါလိမ့် ဆိုပြီး ဘေးကို စောင်းကြည့်မိတော့ ဘွားဘွားက game ဆော့နေသည်။ game over ဖြစ်သွားတိုင်း တကျွတ် ကျွတ် လုပ်နေသော အဘွား ကိုကြည့်ပြီး တော်တော်ရီချင်သွားသည်။ အင်း ဆက်ပြီး တွေးမိသည်။ ဒီ အဘွားသည် ကျမ ငယ်စဉ် ဆယ်ကျော်သက် အရွယ်က ကျမ အဖွားအရွယ် လောက်ရှိပေမည်။ ထိုစဉ်က ကျမ အဘွားသာ ဒီလို game ဆော့နေမယ် ဆိုလျှင် အဘွား သူငယ်များ ပြန်နေလားဆိုပြီး လန့် ဖြန့်  မိမှာ သေချာသည်။ နောင် အနှစ် ၂၀ ၊ ၃၀ ရောက်ရင် ဘယ်လို နည်းပညာ အသစ် အဆန်းတွေ ပေါ်လာပြီး ကျမ တို့ လည်း ဘယ်လို နေကြမလဲ မသိပါ။ 

2 comments:

  1. စာမရေးတာကြာပြီနော်.. အလုပ်များနေလို့လား..
    ပို့စ်မသစ်တက်လို့ လာဖတ်တော့လည်း ထုံးစံအတိုင်းပြုံးပြီး ပြန်သွား၇တာပ..။

    ReplyDelete
  2. :) Part time အလုပ်လုပ်နေလို့  နည်းနည်း အလုပ်များနေလို့ ပါ ။ လာဖတ်တာ ကျေးဇူးပါနော်။

    ReplyDelete