Friday 25 May 2012

ဒိုင်ယာရီ ၂

သူများ မီး ဆို လိုက် ပြီး မီး အုံးမှ .... 

ကျမ နယ် မှာနေတုန်းက မွေးရပ်မြေ က လျှပ်စစ် မီး လုံးဝ မရှိပါဘူး။ အခုအချိန်အထိ ပါ။ ညအချိန်ဆို  ဖယောင်းတိုင် မီး ၊ ရေနံ ဆီမီး အိမ် တွေ နဲ့ စာကျက် ကြတယ်။ အခု နောက်ပိုင်းမှာတော့ မီးစက် တွေ သုံးလာကြတယ်။ ချက်ဖို့  ပြုတ်ဖို့  ကတော့ ထင်း၊ မီးသွေး အဓိက ပေါ့။ သစ်ပင်တွေရှားလာပြီး ရာသီဥတုပူ လာတာတွေ ရှိလာတယ်။
မီး မရှိတော့ မီး နှင့် ရေ သိပ်ပြီး ဆက်စပ်မနေပါဘူး။ ရေ အတွက် က တော့ ပိုက်ဆံ တတ်နိုင် မတတ် နိုင် အလိုက် ကိုယ် အိမ်ဘေးမှာ သစ်သား စည် ၊ သံပီပါ က အစ အုတ် ရေကန် ကိုယ်စီ ကိုယ်ငှ လုပ်ထားကြပါတယ်။ အနီး အနား ပတ်ဝန်းကျင်မှာ ရေချိုထွက်တဲ့ ရေကန် ၃ ကန်လောက် နှင့် ရေတွင်း ၂ တွင်းလောက် ရှိတယ်။ လူဦးရေက တော့ ခန့် မှန်းခြေ ၂ သောင်း ၃ သောင်း ၇ှိမလား မသိပါ။ နွေ ရာသီ ဆိုရင်တော့ ရေကန် တွေ ရေခန်းသွားတော့ ၂ မိုင် ကျော်ကျော် အကွာ လောက်က ရေထွက်ကို နွားလှည်းတွေ ရေစည်လှည်းတွေနဲ့  ရေသွား ခပ်ကြရတယ်။ နွေရာသီ ရောက်ပြီဆိုရင် ရေအတွက် အမြဲ ပူပန်ကြရတယ်။
ကျမ ရန်ကုန် ရောက်လာတော့ အထပ်မြင့် တိုက်ခန်း မှာ မီး မလာတဲ့ အခါ ရေတင်လို့  မရတော့ စဉ်းစားဖူးတယ် ရေမ၇ှိတော့ ရေချိုးဖို့  အိမ်သာ သုံးဖို့  က တော်တော်ကို အဆင်မပြေပါလား ရွာမှာ လို ရေသွားခပ်ဖို့ ကလဲ အနီးအနား ရေကန် ရေတွင်း က မ၇ှိ ၊ ရှိ ခဲ့တာတောင် ကျမ က ၃ လွာ နေတာဆိုတော့ တော်သေးတယ် ရ လွာ ၈ လွာ နေသူများတော့  ဒုက္ခပါလား တွေးမိတယ် ။ နောက်ပြီး ကျမ တို့  အောက်လွာက မီးမလာရင် မီးစက် ၀ရံတာ ထုတ် ဖွင့်တတ်တယ်။ အသံဆူတာ မီးခိုးဝင်တာတွေ ကြောင့် တံခါးပိတ်  ထားပြန်တော့ အလွန်ပူပြန်  ဖွင့်ပြန်တော့ လဲ အဆင်မပြေပါ ။ ရိုးရိုး မီးစက် ၀ယ်နိုင် ခဲ့ရင် တောင် ကိုယ့် တအိမ်စာလေးတော့ အဆင်ပြေပေမဲ့ ပတ်ဝန်းကျင်ကိုတော့ အနှောက် အယှက် ဖြစ်စေတယ်လို့  ထင်ပါတယ်။

ဒါနဲ့  စကား မစပ် ဒီခေတ်ကြီးမှာ လူကြီး လုပ်စား ရင် တော်ကီ ကတော့ ညက်မှပေါ့  အဟိ :)

4 comments:

  1. ဘာရေးမှန်းလည်းမသိ၊ တောမရောက်တောင်မရောက် ၊ တောင်စဉ်ရေမရ လျှောက်ရေးထားတာများဟယ်၊ ၈တန်းကျောင်းသူစာစီစာကုံးရေးတာ လောက်တောင် ဖတ်လို့မကောင်းပါလား ၊ ငှီး--

    ReplyDelete
  2. အမျိုး အရင်းက အားပေးထားတယ် ဟိဟိ သူ့ အတင်းရေးထားတာတွေ့ သွား ပုံရတယ် :D

    ReplyDelete
  3. ;)) ur style of writing is lovely...

    ReplyDelete
  4. NSA ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete