Wednesday 16 May 2012

ကျမ လက်ရာ





အကြိုက် ဆုံး အစားအစာများမှာ မုန့် ဟင်းခါး  အပါအ၀င် မြန်မာ နှင့် ရှမ်း အစားအစာ များဖြစ်သည်။ အစာ အိမ် ကား မျိုးချစ် စိတ် ပြင်းထန်သဖြင့် ဘိုစာ စားလျှင် ဗိုက် မပြည့်ပေ။ သို့ သော် ရှမ်းပြည် ဇာတိ ဖြစ်သဖြင့် တရုတ် နှင့် ယိုးဒယား အစားအစာ ကိုတော့ စားလို့ ဖြစ်သည်။ တနေ့ တွင် မုန့် ပြား သလက် (သို့ ) ဘိန်းမုန့်  လုပ်စားရန် အကြံရလေသည်။ တခါမှတော့ မလုပ်ဖူးပေ။ သို့ သော် လွယ်ပါတယ်လေ ဆိုပြီး စမ်းသပ် ပြီး လုပ် လိုက်သည်။ ဆန်မှုန့်  အစိမ်း ရေဖျော် ပြီး ဆား ထည့်လိုက်သည်။ နံနံပင် ပဲပြုတ် ထည့်ရန် အသင့်လုပ်ထားသည်။ နောက်ဒယ်အိုး အပြားပေါ်တွင် ဆီနည်းနည်း သုတ်လိုက်ပြီး ဆန်မှုန့်  ရည်ကို ဇွန်းဖြင့် ခပ်ပြီး စိတ်ကူးထဲတွင် မြန်မာ ပြည် လမ်းဘေး ဆိုင်တွေက ရောင်းသော အရွယ် အစားအတိုင်း ဖြစ်ရန် မျော် မှန်းထားသော်လည်း ဆန်မှုန့်  အရည်ကျဲသွားတာလား တခုခု မှားနေ ပုံရသည်။ ဒယ်အိုး တခုလုံး ပြန့် သွားရာ ရုတ်တရက် စိတ်ကူး တမျိုးပြောင်းသွားသည်။ လမ်းသရဲမှုန့် လုပ်မှ ဆိုပြီး ဂေါ်ဖိထုတ် ခရမ်းချဉ်သီး ထည့်ရန် စီစဉ်လိုက်သည်။ သို့ သော် နောက်ဆုံးတွင် လမ်းသရဲ မုန့် လို့ လဲ ကျွတ်ကျွတ် ပြားပြား ဖြစ်မလာပေ။ မုန့် ပြားသလက် နှင့် တူ အောင် လဲ လုပ်မရပါ။ ဘိန်းမုန့် လဲ မဖြစ်ပေ။ အောက်ပါ အတိုင်း ထွက်လာသည်။




 

ကြက်ဥထည့်ပြီး နောက်တမျိုး ထွင် လိုက်သေးသည်။  :-)


5 comments:

  1. အဖြစ်ချင်းတူလိုက်တာ... နောက်မှပုံတင်ပြီးပြဦးမယ် :D

    ReplyDelete
  2. အောက်ပါအတိုင်းထွက်လာသည် ဆိုပြီး ပုံကြည့်တော့ အသံထွက်ရီမိတယ်..။
    ကိုယ်တိုင်လည်း အဖြစ်ရှိလို့မဟုတ်ပဘူး.... ရေးထားတာကို ရီချင်လို့

    ReplyDelete
  3. ခဏခဏ စိတ်ကူးမိတဲ့ အကြံ ကို လက်လျှော့မှပါ...စိတ်ကူးထဲမှာ ပြောထားသလိုပဲ လမ်းသရဲ မုန့် လုပ်စားဖို့ ခဏခဏ ကြံမိတား))

    ReplyDelete
  4. ဘိန်းမုန့် လုပ်နည်းလေးများရမလားဆိုပြီး
    ဝင်လာမိပါတယ်--- :(
    အောက်ပါအတိုင်းနဲ့ လာတွေ့ နေတယ်။
    ဒုက္ခပါပဲ

    ReplyDelete