Wednesday 23 May 2012

ဒိုင်ယာရီ

ဒိုင်ယာရီ

မမှတ်မိပေလို့ သာ၊ တနေ့  တနေ့  တလွဲ တချော် က ဖြစ်နေကြပါ။

စာမျက်နှာ တစ်
ကျမ သမီး သွား နှုတ် ရသဖြင့် ကျောင်းသို့  ဖုန်း ဖြင့် ခွင့်  ၁ ရက် တိုင် ရန် အကြောင်းဖန် လာသည်။ School General Office က daughter name ? မေးလေရာ daughter အစား doctor ဟု တလွဲ ကြား တလွဲ understood ဖြစ်ကာ မနက် တုန်းက သမီး သွား သွားပြထားသော ဆရာဝန် မ နာမည်ကို စာလုံးပေါင်းပြလိုက်သည်။ နောက် ထပ် ဘယ် အတန်း လဲ ဘယ် အတန်းခွဲ လဲ မေးသည့် အထိ  တလွဲ ဖြစ်မှန်း မသိပေ။ နောက် တော့ ok, i will inform her teacher. ဆိုတော့မှာ " ငါ တော့ လွဲ နေပြီ " လို့  ရိပ်မိ သွားသည်။ နာမည် အမှားပြင်ချိန် ရလိုက်လို့  တော်သေးသည်။ 

စာမျက်နှာ နှစ်
မြန်မာ ပြည်က သူငယ်ချင်း တစ်ယောက် က second hand good condition i pad လိုချင် သတဲ့   ထို့ ကြောင့် i pad ရောင်းမည် ကြော်ငြာထား သူများအား ဖုန်း ဆက်ရာတွင် i pad အသစ် ကို ၈၀၀ ကျော် ရောင်းမတဲ့ အဟောင်းလဲ ရှိသတဲ့ ဘယ်ဈေးပေးမလဲ ဆိုလေ၏
စိတ်ထဲတွင် ဈေးကြီးပ အခုလေ တင် online မှာ ဈေးနှုန်း လျှောက်ကြည့် ထားတာ ၆၀၀ကျော် ဘဲ ၇ှိတဲ့ဟာကို ဟွန်း ဆိုပြီး
" ဈေးကြီး လိုက်တာ အခု ကျမ online မှာ ကြည့်ထားတာ i pad 4 က 600 ဘဲ၇ှိတာ" ဆိုပြီး ပြန် ရန်တွေ့ လိုက်သေးသည်။ တဖက် က လည်း အသံ တိတ်သွားပြီး ဟုတ်လားတဲ့၊ ကျမ လဲ ဒါပဲနော် ဆိုပြီး ဖုန်းချ လိုက်သည်။ အင်း ငါက ၉၀ ရာနှုန်း လွဲနေကြဆိုတော့ သေချာ အောင်  ပြန်ကြည့်အုံးမှ ဆိုတော့၊ အော် ငါ တော့ လွဲပြန်ပီ i phone 4  နှင့် i pad 2 ကို ရော ကြည့်မိပြီး ရောပြီး ပြော မိလိုက်သည်။ အော် သူ့ ခမျာ Apple က i pad မော်ဒယ် အသစ် ထင်ပြီး စဉ်းစားသွားပုံရသည်။

စာမျက်နှာ သုံး
တနေ့  တနေ့  မ၇ှိရှိရာ အချိန်၇ှာကာ online တွင် chatting ရိုက်ပြီး  ဆွေမျိုး မိတ်ဆွေ သင်္ဂဟ များဖြင့်  တောင်ပြော မြောက်ပြော ပြောကြရင်း   
အထူအပါး နားမလည်သော ကျမ သည် ဟိုး ရှေးယခင်ကတည်းက ဆင်းကဒ်ကို သိန်း  ၂၀ ကျော် ပေးဝယ်ထားရသော အစ်ကို ၀မ်းကွဲ အား အခုဖုန်း ဈေးတွေ ကျနေတယ်ဆို၊ ၂ သိန်း  ရပြီး ဆိုဟုတ်လား ၊ ၁ သိန်း ကျတော့မယ် ဆို စသဖြင့် လျှာရှည်မိလေရာ
ငါ့ကို ဖုန်းအကြောင်း လာမမေး နဲ့ စိတ်နာတယ်၊ ငါ ပိုက်ဆံ အလကားရထားတာ မဟုတ်ဘူး၊ ###### စသဖြင့် အချောင် အဆူခံ လိုက်ရသည်။ စကားပြောဆင်ခြင်မှဘဲ။ေ၇ှာ့ရှိသည်။

2 comments:

  1. ဟိဟိ......
    ဖုန်းကိစ္စကတော့ ဟုတ်တယ်... အစ်မအကြီးဆုံးကိုလည်း ဖုန်းဆက်ရင်း ပြောမိလို့ သူ့စိတ်ဆွသလို ဖြစ်သွားသေးတယ်...
    ဓဟိုးတုံးကဖုန်းငို ၃၀ လောက်နဲ့ အမြတ်ပေးဝယ်ထားသူတွေဆို ပိုဆိုး..။

    ReplyDelete
  2. ဖတ်လို့ ကောင်း သဘောကျ .. မိက်ဆက်ပေးတဲ့ မမစင်ကိုလည်း ကျေးဇူး

    ReplyDelete